cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မတ်ပဲတွင် အဓိကကျရောက်သောဖျက်ပိုးများ

. Pests Management
ဖျက်ပိုးတစ်မျိုးချင်းစီအလိုက် အသေးစိတ်ဖော်ပြပေးထားပါသည်။
  • (၁) ပွင့်ထွေးပိုး 

    • အရွက်၊ အဖူး၊ အပွင့်တို့ကို လောက်ကောင်ရဲ့ပါးစပ်အစိတ်အပိုင်းကထုတ်တဲ့ချည်မျှင်ဖြင့်လုံးထွေးစားသောက် 
    • သီးတောင့်ကိုခွဲကြည့်ရင် လောက်ကောင်နဲ့ အညစ်အကြေးတွေကိုတွေ့ရ 

    ကာကွယ်နှိမ်နင်းနည်း 

    • အဖူးစတင်ဝင်ချိန် (ဥကနေအကောင်ပေါက်တာကိုဟန့်တားနိုင်) – Thiodicarb, Flubendiamide, Indoxacarb 
    • ပွင့်ထွေးလောက်ကောင်အဆင့်- Emamectin benzoate, Chlorantraniliprole, Indoxacarb, Spinosad 

    (၂)  သီးလုံးဖောက်ပိုး 

    • လောက်ကောင်ဘဝ-အရွက်၊အဖူး၊အပွင့်၊ အသီးတို့ကို ကိုက်ဖြတ်စားသောက်ဖျက်ဆီး 
    • အရွက်များတွင်ဆန်ကာပေါက်ပုံစံ၊ ရွက်ကြောများသာကျန် 
    • ရုပ်ဖုံးပြုလုပ်ပြီး ပင်ကြွင်းပင်ကျန်၊ ပေါင်းမြက်များတွင်ခိုအောင်းနေတတ် 

    ကာကွယ်နှိမ်နင်းနည်း 

    • အပင်ပေါ်ရှိ ဥ၊လောက်ကောင်များကိုလက်ဖြင့်ကောက်ယူဖျက်ဆီးပစ်ပါ 
    • မီးထောင်ချောက်ထွန်းပြီး ဖလံများကိုဖမ်းယူဖျက်ဆီးပါ 
    • မြေပြင်ချိန်- Thiamethoxam, Carbosulfan, Fipronil 
    • Indoxacarb+ Lambda-cyhalothrin, Emamectin benzoate+ Lambda, Acephate  

    (၃) ပျပိုး 

    • ပဲအပင်ပေါက် (၂-၄)ပတ်အတွင်းဆိုးရွားစွကျရောက်တတ် 
    • အရွက်၊အညွန့်များမှာ အစုလိုက်အပြုံလိုက်စုဝေးကျရောက် 
    • Honeydew (အချိုရည်) စစ်ထုတ်- ပုရွက်ဆိတ်တွေလာတတ် 
    • ဗိုင်းရပ်စ်ရောဂါကိုသယ်ဆောင် 

    ကာကွယ်နှိမ်နင်းနည်း 

    • ဖျက်ပိုးများခိုအောင်းရာ စိုက်ခင်းပတ်ဝန်းကျင်ပေါင်းမြက်တွေရှင်းပါ 
    • ပင်ကြားတန်းကြား၊စိုက်ခင်းလေဝင်လေထွက် ကောင်းအောင် ဆောင်ရွက်ပါ၊  
    • အစိုဓာတ်ကိုချိန်ညှိပါ 
    • နိုက်ထရိုဂျင်မြေသြဇာ အလွန်အကျွံသုံးခြင်းကိုရှောင်ပါ 
    • တမာဆီ၊  Acetamiprid, Spinosad, Fipronil, Thiamethoxam  

    (၄) ပဲပင်စည်ထိုးယင် 

    • လောက်ကောင်- အရွက်၏အတွင်းသားကို ထွင်းဖောက်၍စားသောက်
    • အရွက်မှာ အစိမ်းရောင်အသားများဖျော့လာ-အဝါရောင်မီးလောင်ထားသကဲ့သို့ တဖြည်းဖြည်းခြောက်သွေ့သွား
    • အရွက်၊ ရွက်ညှာကနေတစ်ဆင့် ပင်စည်ထဲသို့ဝင်သွား- ပင်စည်ဖောင်းပွ၍ အက်ကွဲကြောင်းများဖြစ်

    ကာကွယ်နှိမ်နင်းနည်း 

    • ဖျက်ပိုးများခိုအောင်းရာ စိုက်ခင်းပတ်ဝန်းကျင်ပေါင်းမြက်တွေရှင်းပါ 
    • ပင်ကြားတန်းကြား၊စိုက်ခင်းလေဝင်လေထွက် ကောင်းအောင် ဆောင်ရွက်ပါ၊  
    • အစိုဓာတ်ကိုချိန်ညှိပါ 
    • နိုက်ထရိုဂျင်မြေသြဇာ အလွန်အကျွံသုံးခြင်းကိုရှောင်ပါ 
    • တမာဆီ၊  Acetamiprid, Spinosad, Fipronil, Thiamethoxam    

    (၅) ငမြောင်တောင် 

    • လောက်ကောင်-အရွက်တစ်သျှူးသားများကိုခြစ်စား 
    • အကောင်ကြီးအဆင့်- အပင်အစိတ်အပိုင်းများကိုကိုက်ဖြတ်စားသောက် 
    • လောက်ကောင်- နံနက်အစောပိုင်းနှင့် ညအချိန်မှာ အဓိကဖျက်ဆီး၊ နေ့အချိန်- ခိုအောင်းနေ 
    • ကာကွယ်နှိမ်နင်းနည်း 
    • ဥမြုံများ၊ ပိုးလောက်ကောင်များကိုလက်ဖြင့်ကောက်ယူဖျက်ဆီးပစ်ပါ 
    • မီးထောင်ချောက်ထွန်း၍ ဖလံများကိုညအချိန်တွင်ဖမ်းယူပါ 
    • Cypermethrin, Lambda-cyhhalothrin 

    (၆) ရွက်စုံစားခူဝါ 

    • လောက်ကောင်- အရွက်ရဲ့အစိမ်းရောင်တစ်သျှူးသားကိုခြစ်စား 
    • အကောင်ကြီးအဆင့်- အရွက်များကိုကိုက်ဖြတ်စားသောက် 
    • ကာကွယ်နှိမ်နင်းနည်း 
    • ပေါင်းမြက်များရှင်းလင်းပါ 
    • လောက်ကောင်အစုလိုက်ကျနေသော အရွက်တွေကိုညှပ်ယူပြီး ကြွပ်ကြွပ်အိတ်ထဲထည့်လာပါ 
    • Cypermethrin, Cyrantraniliprole 

    (၇) ယင်ဖြူ 

    • အဝါရောင်မိုဆေ့ဗိုင်းရပ်စ်သယ်ဆောင်ကောင်ဖြစ် 
    • Honeydew စွန့်ထုတ်၊ အရွက်ပေါ်တွင် ကြပ်ခိုးမှိုများကိုပူးတွဲတွေ့ရ 
    • ကာကွယ်နှိမ်နင်းနည်း 
    • နိုက်ထရိုဂျင်ယူရီးယားမြေသြဇာအလွန်အကျွံမသုံးသင့် 
    • စိုက်ခင်းမြေစိုထိုင်းဆကိုထိန်းထားပါ 
    • ပင်ခြေက ပေါင်းမြက်အမှိုက်သရိုက်တွေကိုမဖြစ်မနေရှင်းပေးပါ 
    • Acetamiprid, Pymetrozine+ Nintepyram, Abamectin, Dinotefuran  

  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
likes
34
comments
0
views
2980