cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပဲခူးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့မှ နိုဝင်ဘာလ (၁၁) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်
  • ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်များအတွက်ကတော့

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့မှ နိုဝင်ဘာလ (၁၁) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်

    မိုးညိုမြို့နယ်

    မိုးညိုမြို့နယ်မှာ နိုဝင်ဘာလ (၅) ရက်နေ့မှ နိုဝင်ဘာလ (၁၁) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၃ မှ ၆၇ အထိ ရှိနိုင်ပါတယ်။ နိုဝင်ဘာလ ၅၊ ၈၊ ၁၀ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၆၃-၆၇ ရှိနိုင်ပြီး နိုဝင်ဘာလ ၆ ရက်များတွင် မိုးရွာရန် ၃ ရာနှုန်းရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်များမှာ ၁၂-၂၅ ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါသည်။ နိုဝင်ဘာလ ၆ ရက်နေ့တွင် အမြင့်ဆုံးအပူချိန်မှာ ၃၃.၄°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၂.၇°C ရှိနိုင်ပါတယ်ခင်ဗျာ။

    လက်ပံတန်းမြို့နယ်

    လက်ပံတန်းမြို့နယ်မှာ နိုဝင်ဘာလ (၅) ရက်နေ့မှ နိုဝင်ဘာလ (၁၁) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၄ မှ ၆၁ အတွင်းရှိနိုင်ပါတယ်။ နိုဝင်ဘာလ ၅၊ ၆ ရက်များတွင် မိုးရွာရန် ၄-၉ ရာခိုင်နှုန်း သာရှိနိုင်ပြီး နိုဝင်ဘာလ ၇၊ ၉၊ ၁၀ ရက်နေ့တွင် မိုးရွာရန် ၆၀-၆၁ ရာခိုင်နှုန်းရှိပါတယ်ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ၂၅ ရာခိုင်နှုန်းတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှာ ၂၀.၃°C အမြင့်ဆုံးအပူချိန် ၃၃.၃ °C ထိရှိနိုင်ပါတယ်ခင်ဗျာ။

    သာယာဝတီမြို့နယ်

    သာယာဝတီမြို့နယ်မှာ နိုဝင်ဘာလ (၅) ရက်နေ့မှ နိုဝင်ဘာလ (၁၁) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၄ မှ ၆၁ အတွင်း ရှိနိုင်ပါတယ်။ နိုဝင်ဘာလ ၆၊ ၇ ရက်တွင် မိုးရွာရန် ၄-၉ ရာခိုင်နှုန်း သာရှိနိုင်ပါတယ် ခင်ဗျာ။ နိုဝင်ဘာလ ၈၊ ၁၁ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၂၅ ရှိနိုင်ပြီး အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၂.၈°C မှ အမြင့်ဆုံးအပူချိန် ၃၂.၈°C ထိရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်မှာ မိုးရွာရန် ၆၀ မှ ၆၁ ရာခိုင်နှုန်းအတွင်း ရှိနိုင်ပါတယ်။

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်

    ဒီတစ်ပတ်မှာတော့ ပုစွန်မွေးမြူထားတဲ့ တောင်သူကြီးများအတွက် အောက်ပါအချက်များ ဆောင်ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ-

    • တစ်ပတ်တစ်ခါ ရေချဉ်ဖန်နှုန်းနဲ့ အမိုးနီးယားစစ်ပေးရန်၊
    • ပုဇွန်များ ပုံမှန်မဟုတ် တွေ့ရှိပါက ရေအရည်အသွေးကို ချက်ချင်းစစ်ရန်၊
    • ရေအရောင်ကို ဝါညိုရောင်ရှိနေလား သို့မဟုတ် အစိမ်းရောင်ရှိနေလားဆိုတာ စစ်ပေးရန်၊
    • အကယ်၍ ရေအရောင်ဖျော့နေပါက NPK မြေဩဇာကို ဧရိယာ 1000 ကျုဗစ်မီတာတွင် တစ်ကြိမ်လျှင် ၁-၂ ကီလိုဂရမ် ထည့်ပေးရန်၊ လိုချင်တဲ့ရေအရည်သွေးအဆင့်ရောင်သည်အထိ ၂ ရက်မှ ၃ ရက်အထိ ထည့်ပေးရန်၊
    • အကယ်၍ ရေအရောင်အရမ်းညစ်ညမ်း မဲမှောင်နေပါက ကန်ရေပမာဏရဲ့ ၂၀ ရာခိုင်နှုန်း သို့မဟုတ် ၃၀ ရာခိုင်နှုန်းကို ရေလှယ်ပေးရန်၊

    Weather Source: CIAT

    -----


  • article
likes
5
comments
0
views
4350