ပဲခူးတိုင်းဒေသကြီးရှိ ပဲစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်
- ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်များအတွက်ကတော့ - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့မှ နိုဝင်ဘာလ (၁၁) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် - မိုးညိုမြို့နယ် - မိုးညိုမြို့နယ်မှာ နိုဝင်ဘာလ (၅) ရက်နေ့မှ နိုဝင်ဘာလ (၁၁) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၃ မှ ၆၇ အထိ ရှိနိုင်ပါတယ်။ နိုဝင်ဘာလ ၅၊ ၈၊ ၁၀ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၆၃-၆၇ ရှိနိုင်ပြီး နိုဝင်ဘာလ ၆ ရက်များတွင် မိုးရွာရန် ၃ ရာနှုန်းရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်များမှာ ၁၂-၂၅ ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါသည်။ နိုဝင်ဘာလ ၆ ရက်နေ့တွင် အမြင့်ဆုံးအပူချိန်မှာ ၃၃.၄°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၂.၇°C ရှိနိုင်ပါတယ်ခင်ဗျာ။ - လက်ပံတန်းမြို့နယ် - လက်ပံတန်းမြို့နယ်မှာ နိုဝင်ဘာလ (၅) ရက်နေ့မှ နိုဝင်ဘာလ (၁၁) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၄ မှ ၆၁ အတွင်းရှိနိုင်ပါတယ်။ နိုဝင်ဘာလ ၅၊ ၆ ရက်များတွင် မိုးရွာရန် ၄-၉ ရာခိုင်နှုန်း သာရှိနိုင်ပြီး နိုဝင်ဘာလ ၇၊ ၉၊ ၁၀ ရက်နေ့တွင် မိုးရွာရန် ၆၀-၆၁ ရာခိုင်နှုန်းရှိပါတယ်ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ၂၅ ရာခိုင်နှုန်းတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှာ ၂၀.၃°C အမြင့်ဆုံးအပူချိန် ၃၃.၃ °C ထိရှိနိုင်ပါတယ်ခင်ဗျာ။ - သာယာဝတီမြို့နယ် - သာယာဝတီမြို့နယ်မှာ နိုဝင်ဘာလ (၅) ရက်နေ့မှ နိုဝင်ဘာလ (၁၁) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၄ မှ ၆၁ အတွင်း ရှိနိုင်ပါတယ်။ နိုဝင်ဘာလ ၆၊ ၇ ရက်တွင် မိုးရွာရန် ၄-၉ ရာခိုင်နှုန်း သာရှိနိုင်ပါတယ် ခင်ဗျာ။ နိုဝင်ဘာလ ၈၊ ၁၁ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၂၅ ရှိနိုင်ပြီး အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၂.၈°C မှ အမြင့်ဆုံးအပူချိန် ၃၂.၈°C ထိရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်မှာ မိုးရွာရန် ၆၀ မှ ၆၁ ရာခိုင်နှုန်းအတွင်း ရှိနိုင်ပါတယ်။ - ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲစိုက်တောင်သူများထံသို့ - စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် - - အခုရက်ပိုင်း ရွက်စားခူ၊ ပဲ ရွက်လိပ်ရွက်ကပ်၊ ငမြောင်တောင်နဲ့ပတ်သတ်ပြီး အမေးများလာတာတွေ့ရတဲ့အတွက် အသုံးပြုနိုင်သော ဆေးအစွမ်းရှိပစ္စည်း (Ai) တွေကိုအကြံပြုပေးလိုက်ပါတယ်။ - - Profenofos, Emamectin benzoate+ Lambda cyhalothrin, Indoxacarb + Lambda cyhalothrin, Chlorantraniliprole - - ထိုဖျက်ပိုးများဆိုးရွားစွာ ကျရောက်နေပါက နိုက်ထရိုဂျင်ရွက်ဖျန်းအားဆေးများ အလွန်အကျွံသုံးစွဲခြင်းကို ဆင်ခြင်ပါ။ - - ဖျက်ပိုးလောက်ကောင်များကို တွေ့တာနဲ့ လက်ဖြင့်ကောက်ပြီး ကြွပ်ကြွပ်အိတ်ထဲ ထည့်လာခဲ့ပါ။ - - စိုက်ခင်းပတ်ဝန်းကျင် ပေါင်းမြက်များရှင်းလင်းပေးပါ။ - ရာသီဥတုဆိုင်ရာ အကြံပြုချက် - - ရာသီဥတုပူလွန်းချိန်ဆေးဖျန်းခြင်းကိုရှောင်ပါ။ - - ဖားဥမှိုအတွက် Sulphur ပါဝင်သော မှိုသတ်ဆေးများအသုံးပြုမည်ဆိုပါက အပူချိန်မြင့်သောအချိန်တွင် အသုံးမပြုပါနဲ့။ - ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက် - ဒီတစ်ပတ်မှာတော့ ပုစွန်မွေးမြူထားတဲ့ တောင်သူကြီးများအတွက် အောက်ပါအချက်များ ဆောင်ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ- - တစ်ပတ်တစ်ခါ ရေချဉ်ဖန်နှုန်းနဲ့ အမိုးနီးယားစစ်ပေးရန်၊ - ပုဇွန်များ ပုံမှန်မဟုတ် တွေ့ရှိပါက ရေအရည်အသွေးကို ချက်ချင်းစစ်ရန်၊ - ရေအရောင်ကို ဝါညိုရောင်ရှိနေလား သို့မဟုတ် အစိမ်းရောင်ရှိနေလားဆိုတာ စစ်ပေးရန်၊ - အကယ်၍ ရေအရောင်ဖျော့နေပါက NPK မြေဩဇာကို ဧရိယာ 1000 ကျုဗစ်မီတာတွင် တစ်ကြိမ်လျှင် ၁-၂ ကီလိုဂရမ် ထည့်ပေးရန်၊ လိုချင်တဲ့ရေအရည်သွေးအဆင့်ရောင်သည်အထိ ၂ ရက်မှ ၃ ရက်အထိ ထည့်ပေးရန်၊ - အကယ်၍ ရေအရောင်အရမ်းညစ်ညမ်း မဲမှောင်နေပါက ကန်ရေပမာဏရဲ့ ၂၀ ရာခိုင်နှုန်း သို့မဟုတ် ၃၀ ရာခိုင်နှုန်းကို ရေလှယ်ပေးရန်၊ - Weather Source: CIAT - ----------- - မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
