cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မာလာဖူးနှင့် ကျန်းမာရေး

. Health Articles
မာလာဖူး အနု၊ အရင့်ကို ခွဲခြားတဲ့အခါ အပွင့်ကားပြီး အဝါဝတ်ဆံများ ထွက်ပေါ်နေရင် ရင့်တတ်ပါတယ်။
  • အရသာထူးတဲ့ မာလာဖူး

    အရသာရှတတနှင့် ပူ၍ခါးသက်သက်ရှိကာ ရနံ့မှာ မဆိုသလောက်မွှေးတဲ့ မာလာဖူးများကို မိုးရာသီတွင်စားသုံးနိုင်ပါတယ်။ မာလာဖူးနုနုလေးများ၏ ပန်းခိုင်တွေကို ဟင်းအနေနဲ့ ချက်စားနိုင်သလို အစိမ်းလိုက် (သို့မဟုတ်) ပြုတ်၍ ငါးပိရည်အတို့၊ အမြှုပ်အဖြစ်လည်း အများဆုံး စားသုံးလေ့ရှိကြပါတယ်။ အညာအရပ်ဒေသတွေမှာ ပြုတ်၍ လက်သုပ်လုပ်စားလေ့ရှိကြပါတယ်။ ချင်းပြည်နယ်၊ တီးတိန်ဘက်မှာ အဖူးကို ရေနွေးဖြောပြီး ကြက်သွန်နီ၊ ဖြူ၊မြေပဲဆံနဲ့ သုပ်စားကြသလို ဟင်းချိုလည်း ချက်စားကြပါတယ်။

    ဆေးဖက်ဝင်တဲ့ မာလာဖူး

    မာလာဖူးတွေက ဟင်းချက်စားရသလို တိုင်းရင်းဆေးဖက်လည်း ဝင်ပါတယ်။ အရှင်နာဂသိန်ဆေးကျမ်းတွင် မာလာဖူးရဲ့သိပ္ပံအမည်ကို Curcuma zedoaria ဟု ဖော်ပြထားပါတယ်။ ခါးစပ်၏၊ ဝိပါက၌စပ်၏၊ မွှေး၏၊ ဝမ်းမီးကို တောက်စေ၏၊ အသက်ရှူရာ နံစော်ခြင်း ပျောက်စေ၏၊ လေသလိပ်နိုင်၏၊ အနာပေါက် မြင်းသရိုက် ချောင်းဆိုးပန်းနာလေပြွန်ခြောင်းပူ၊ အဖုအကြိတ်များ၊ အဖျဉ်းဝက်ရူးရောဂါ ပျောက်စေ၏လို့ အသေးစိတ်ဖော်ပြထားပါသေးတယ်။ ဝမ်းဖော၊ ဝမ်းရောင်ခြင်း၊ အသည်းကြီးခြင်း၊ အဆုတ်ပွခြင်း၊ မူးဝေမောပန်းခြင်း၊ ချောင်းဆိုးခြင်း၊ အပူဖျား၊ အအေးဖျားနာခြင်း၊ လှိုက်၍ဆာလောင်ခြင်း၊ အာသာမပြေခြင်း၊ သွေးလေ မညီမျှခြင်းတို့ အတွက် မာလာဖူးများကို ဆေးနည်းတိုအဖြစ် စားသုံးပေးသင့်ပါတယ်။ ရှေးတိုင်းရင်း ဆေးဆရာကြီးများက နနွင်းပွင့် (ခေါ်) မာလာဖူး၊ ဥများကိုအခြောက်ခံ အမှုန့်ကြိတ်၍ သွားတိုက်ဆေးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ မာလာဖူးကို ပြုတ်၍ လက်သုပ်လုပ်စားခြင်းဖြင့် ဝမ်းဖော ဝမ်းရောင်ရောဂါ ပျောက်ကင်းစေပါတယ်။ မိုးရာသီမှာ အပူဓာတ်ခံရှိတဲ့ မာလာဖူးကို ကျန်းမာရေးအတွက် စားပေးသင့်ပါတယ်။ မာလာဖူးကို ပြုတ်တို့စားမည်ဆိုပါက အနံ့၊ အရသာနှင့် ကျန်းမာရေး အာနိသင်ဓာတ်တွေ မပျက်ပြယ်စေဖို့အတွက်မာလာဖူးကို ကျက်ကျက်ဆူနေတဲ့ ရေနွေးထဲမှာ ထည့်ပြုတ်ပါ။ ငါးမိနစ်လောက်အကြာမှာ ဆယ်ယူပြီး ရေအေးစိမ်ပါ။

    သဘာဝပေါက်တဲ့ မာလာဖူး

    သဘာဝ ပေါက်ပင်များအဖြစ် မြန်မာနိုင်ငံ အနှံ့အပြား ပေါက်ရောက်လေ့ရှိကြပြီး ရှမ်းပြည်နယ်မှာ အများဆုံး တွေ့မြင်နိုင်ပါတယ်။ သူရှင်သန်ပေါက်ရောက်ရာ ရေ၊ မြေ၊ ဒေသပေါ် မူတည်၍ မာလာဖူးများကို အဖြူရောင်၊ ပန်းရောင်၊ လိမ္မော်ရောင်၊ အနီရောင် စသဖြင့်အရောင်စုံ တွေ့မြင်နိုင်ပါတယ်။ ထင်းရှူးတောထဲမှာလည်း အဖျားမှာ ခရမ်းရောင်နဲနဲစွတ်တဲ့ အခြားမျိုးစုဝင် မာလာဖူးများကို ရရှိနိုင်ပါတယ်။ မာလာဖူးများဟာ ဥတည်ကြပြီး ဥမှာ အဝါနုရောင် ဖြစ်ပါတယ်။ အသီးမှာ လုံးဝိုင်း၍ အစေ့များစွာပါရှိနေကြပါတယ်။ နေပြင်းပြင်းပူပြီး ရုတ်တရက်မိုးရွာချတဲ့အချိန်မှာ မာလာဖူးတွေထွက်လာကြသလို တောမီးလောင်ပြီး မိုးရွာချတဲ့အခါ ပို၍ထွက်တတ်ပါတယ်။ မိုးရာသီမှာ ပေါပေါများများ တွေ့မြင်ကြရပြီး အေး၍စွတ်စိုတဲ့ ဆောင်းရာသီမှာလည်း တွေ့မြင်နိုင်ပါတယ်။ မာလာဖူးများက သဘာဝ အလျောက် ရေများကို စုဆောင်း သိုလှောင်ထားနိုင်တာကြောင့်လည်း တောထဲ၊ တောင်ထဲ သွားလာလည်ပတ်ရင်း ရေဆာတဲ့အခါ ရေငတ်ပြေအဖြစ် ၎င်းအပွင့်လေးများကို ခူး၍ ရေစုပ်ယူသောက်ကြရပါတယ်။

    မာလာဖူးရင့်သွားတဲ့အခါ ကြမ်းတမ်း၍ ဝါးလို့လည်းမကောင်းတော့ပေ။ မာလာဖူး အနု၊ အရင့်ကို ခွဲခြားတဲ့အခါ အပွင့်ကားပြီး အဝါဝတ်ဆံများ ထွက်ပေါ်နေရင် ရင့်တတ်ပါတယ်။ မာလာဖူးနုရင် အရောင်က မရမ်းစေ့ရောင် ဖြစ်ပါတယ်။ မရမ်းရောင်ထက် ဖျော့ပြီး ပွင့်ဖက်အဆင့်များရင်လည်း ရင့်တတ်ပါကြောင်း ရေးသားလိုက်ရပါတယ်။

    - ပေါက်ပေါက်

    မြန်မာတောင်သူကြီးများဂျာနယ်


  • article
likes
7
comments
0
views
1814