cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ငါးခူမွေးမြူရေးမှာ အစာဖိုးသက်သာစေဖို့ ယင်မဲကျွေးကြမယ်

. Fish Articles
ဒါကြောင့် ငါးခူးမွေးမြူရေးမှာ ယင်မဲကျွေးရခြင်းရဲ့ ကောင်းကျိုးတွေကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ရပါတယ်-
  • ငါးခူမွေးမြူရေးမှာ ယင်မဲကို အစာအနေနဲ့ ကျွေးရင် ကုန်ကျစရိတ်သက်သာစေပြီး ရေရှည်လည်း တည်တံ့တဲ့ မွေးမြူရေးစနစ်လည်းဖြစ်ပါတယ်။ ငါးခူမွေးမြူရေးမှာ ယင်မဲကျွေးတာဟာ လွန်စွာကို အာဟာရ ဖြစ်စေပါတယ်။ ဘာလို့လဲဆိုတော့ သူ့ထဲမှာ ပရိုတင်း ၄၂ ရာခိုင်နှုန်းအထိပါလို့ဘဲဖြစ်ပါတယ်။ ဒါကြောင့် ငါးခူးမွေးမြူရေးမှာ ယင်မဲကျွေးရခြင်းရဲ့ ကောင်းကျိုးတွေကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ရပါတယ်-

    ၁။ အာဟာရဓာတ်တန်ဖိုးမြင့်ခြင်း

    ယင်မဲပိုးတုံးလုံးတွေဟာ ပရိုတင်နဲ့အဆီဓာတ် အမြောက်အမြားပါဝင်တဲ့အတွက် ငါးခူမွေးမြူရေး အတွက် လွန်စွာ အထောက်အကူပြုပါတယ်။ အမိုင်နိုအက်ဆစ်ဓါတ်လည်းပါဝင်တာမို့ ငါးခူကြီးထွားဖွံ့ဖြိုး နှုန်းကို ကောင်းစေပါတယ်။

    ၂။ ဂေဟစနစ်ကို ရေရှည်ကောင်းမွန်စေခြင်း

    ယင်မဲပိုးတုံးလုံးလေးတွေကို အစားအသောက်အလေအလွင့်များ၊ စိုက်ပျိုးရေးထွက်ကုန် ဘေးထွက် ပစ္စည်းများ၊ တိရစ္ဆာန်ချေးများစသည်တို့ ကျွေးခြင်းဖြင့် မွေးမြူနိုင်တဲ့အတွက် ဂေဟစနစ်ကိုကောင်းမွန် စေပါတယ်။ ငါးခူတွေအတွက်တော့ အဆိုပါ ယင်မဲပိုးတုံးလုံးလေးတွေဟာ ရေရှည်တည်တံ့တဲ့ အစာအရင်း အမြစ်ဖြစ်ပါတယ်။

    ၃။ အစာဖိုးသက်သာစေခြင်း

    ယင်မဲမွေးရတာဟာ အလွန်လွယ်ကူပါတယ်။ ကုန်ကျစရိတ်လည်းသက်သာပါတယ်။ ယင်မဲပိုး တုံးလုံးလေးတွေကို ယူပြီး အခြောက်လှန်းကာ သိုလှောင်ထားလို့ရပါတယ်။ ငါးခူတွေကို အစာကျွေးတော့ မယ်ဆိုမှ ယူကျွေးလို့ရတဲ့အတွက် အစာဖိုးသက်သာစေပါတယ်။

    ၄။ ငါးရောဂါတွေကို ကြိုတင်ကာကွယ်နိုင်ခြင်း

    ယင်မဲပိုးတုံးလုံးတွေမှာ ဇီဝဆန့်ကျင်ဓာတ်ပါဝင်ပါတယ်။ ဒါဟာ ငါးခူတွေအတွက် ကျရောက်မယ့် ငါးရောဂါကို ကြိုတင်ကာကွယ်ပေးနိုင်တဲ့သတ္တိရှိပါတယ်။ ဘက်တီးရီးယားနဲ့ မှိုကြောင့်ဖြစ်တဲ့ရောဂါတွေကို တိုက်ဖျက်ရာမှာကူညီပေးတဲ့အတွက် ငါးခူအစာမှာ ဖြည့်စွက်စာအနေနဲ့ သုံးလို့ရပါကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

    ထွက်တိုး

    Source: https://marywilfarms.com.ng/how-to-use-black-soldier-flies-for-catfish-feed/


  • article
likes
14
comments
1
views
3050