ရန်ကုန်၊ သီရီမင်္ဂလာဈေးရှိ ခရမ်းချဉ်ဈေးနှုန်း သုံးသပ်ခန့်မှန်းချက်
- ယခင်လ (အောက်တိုဘာ)နှင့် ယခုလ (နိုဝင်ဘာ)နှိုင်းယှဉ်ခြင်း - ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ပျှမ်းမျှဈေးနှုန်းအား ယခင် အောက်တိုဘာလ ပျှမ်းမျှဈေးနှုန်းဖြင့် နှိုင်းယှဉ်သော် ရန်ကုန်၊ သီရီမင်္ဂလာဈေးရှိ ခရမ်းချဉ်ဈေးနှုန်းမှာ ယခင် အောက်တိုဘာလထက် တစ်သေတ္တာ လျှင် ၁၆,၈၆၀ိ/-ကျပ် ဈေးမြင့်နေတာကို တွေ့ရပါတယ်။ ယခင် အောက်တိုဘာလတွင် ၃၈,၁၄ဝိ/-ကျပ်ရှိရာမှ နိုဝင်ဘာလတွင် ၅၅,၀၀ဝိ/-ကျပ်အထိ မြင့်တက်နေပါတယ်။ - ၂၀၂၄ ခုနှစ် လအလိုက်သုံးသပ်ခြင်း - ၂၀၂၄ ခုနှစ် နှစ်စမှ လက်ရှိ နိုဝင်ဘာလ ပထမပတ်အထိ ခရမ်းချဉ် တစ်သေတ္တာ ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁၆,၆၆၉ ကျပ်၊ မတ်လတွင် ၂၂,၄၂၀ ကျပ်၊ ဧပြီလတွင် ၂၅,၃၂၅ ကျပ်၊ မေလတွင် ၃၆,၈၅၀ ကျပ်၊ ဇွန်လတွင် ၄၀,၆၁၃ ကျပ်၊ ဇူလိုင်လတွင် ၃၉,၃၂၀ိ/- ကျပ်၊ ဩဂုတ်လတွင် ၃၉,၇၆၀ိ/- ကျပ်၊ စက်တင်ဘာလတွင် ၅၅,၅ဝ၀ိ/- ကျပ်၊ အောက်တိုဘာလတွင် ၃၈,၁၄၀ိ/- ကျပ်၊ နိုဝင်ဘာလတွင် ၅၅,ဝဝ၀ိ/- ကျပ်ဖြင့် အသီးသီး ဈေးပေါက်နေပါတယ်။ - သုံးသပ် ခန့်မှန်းချက် - သုံးသပ်ချက်အနေဖြင့် ခရမ်းချဉ်ဈေးနှုန်းမှာ အင်းလေးခရမ်းချဉ် တစ်မျိုးတည်းသာ အဓိက ဝင်ရောက်နေခြင်း၊ မြေပြန်ခရမ်းချဉ် စိုက်ပျိုးနေချိန်ဖြစ်ခြင်း၊ ရှမ်းပြည်ဘက် ရေကြီးခဲ့သဖြင့် စိုက်ခင်းများ ပျက်စီးခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ဈေးကွက်သို့ အဝင်နည်းခြင်းတို့ကြောင့် ဈေးတက်ရခြင်း ဖြစ်ပါတယ်။ - ခန့်မှန်းချက်အနေဖြင့် ခရမ်းချဉ်ဈေးနှုန်းများ ယခု နိုဝင်ဘာလအတွင်း ဆက်လက် မြင့်တက်နေမည် ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ - -------------- - မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
