ကန်သစ်တူးဖော်ရန် မြေအရည်အသွေးနှင့် မြေစမ်းသပ်ခြင်း🐟🐠🐟
- စမ်းသပ်မှု (၁) - • မြေသားကို လက်ဖြင့်ယူပြီး ဆုပ်နယ်ခြင်း၊ ဖိနှိပ်ခြင်းနှင့် လောက်စာလုံးပုံစံ ဘောလုံးငယ်ပုံစံ ပြုလုပ်ပါ။ - • လောက်စာလုံးပုံစံ၊ ဘောလုံးပုံစံပြုလုပ်ထားသော မြေသားအားလုံးကို အပေါ်သို့ပြစ်တင်ပြီး၊ အောက်သို့အကျတွင် ပြန်လည် ဖမ်းယူပါ။ - • သဲမြေ၊ ဂဝံကျောက်မြေပါခဲ့လျှင် မြေသားတစ်ခုနှင့် တစ်ခု စီးကပ်မှုမရှိဘဲ၊ မြေသားဘောလုံးသည် ကွဲကျမွာသွားလိမ့်မည်။ ၎င်းမြေမျိုး မကောင်းပါ။ လောက်စာလုံးပုံစံ၊ ဘောလုံးပုံစံမြေသားသည် ကွဲဖြာကျခြင်းမရှိဘဲ စည်းစည်းလုံးလုံးရှိနေပါက ၎င်းမြေသားသည် ကောင်းမွန်ပါသည်။ ရွှံ့မြေ ပါဝင်မှုများသည်ဟု ပြောနိုင်ပါသည်။ သို့သော် ၎င်းမြေမျိုးကိုသုံးရန် သင့်/မသင့်ကို ဒုတိယနည်း ဖြင့် ပြန်လည်ဆန်းစစ်ရမည်။ အောက်ပါအတိုင်း ဒုတိယနည်းကို စမ်းသပ်ပါ။ - စမ်းသပ်မှု (၂) - • ငါးကန်တူးမည့်နေရာတွင် အကျယ် (၁) တောင် (၁၈ လက်မ)၊ အနက် နှစ်တောင်ခွဲ (၃ ပေ ၉ လက် မ) လူတစ်ယောက်၏ ခါးအနက်ခန့် အနက်ကို တူးဖော်ပါ။ - • မနက်ပိုင်းနေထွက်ချိန်တွင် တူးထားသော ကျင်းထဲသို့ ရေပြည့်အောင်ဖြည့်ပါ။ - • ညနေပိုင်းတွင် တွင်းထဲမှရေများသည် မြေကြီးထဲသို့ စိမ့်ဝင်သွားလိမ့်မည်။ - • နောက်တစ်ကြိမ် တူးထားသောတွင်းထဲသို့ ရေပြည့်အောင်ထည့်ပါ။ တွင်းအပေါ်မှ တစ်ခုခုဖုံးအုပ် ထားပေးပါ။ နောက်တစ်နေ့မနက်ပိုင်းတွင် တွင်းထဲတွင် ရေရှိနေလျှင် ၎င်းမြေမျိုးသည် ရေကို လုံလောက်စွာ ထိန်းသိမ်းထားနိုင်ကြောင်း သိနိုင်သည်။ ၎င်းနေရာတွင် ငါးကန်တူးဖော်နိုင်သည်။ - တစ်ပိုင်တစ်နိုင်ငါးမွေးမြူခြင်း, ၂၀၂၄ ခုနှစ် - Testing soil quality of new pond - ----- - Update from WorldFish Myanmar - Feed the future Burma Fish for Livelihoods - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - - https://www.facebook.com/groups/4200052776702483 တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
