cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

စားဖိုဆောင်သီးနှံ စျေးကွက်သုံးသပ်ချက် (၄.၁၁.၂၀၂၄) မှ (၈.၁၁.၂၀၂၄)

. Market Analysis
အရင်အပတ်က ကြက်သွန်စျေးမြင့် တက်ချိန်မှာ တောင်သူတွေရောင်းလိုအားများခြင်း၊ ရက်ပိုင်းအတွင်း မိုးရွာတဲ့အခြေအနေတွေကြောင့် အရောင်း အဝယ်ကတော့ ခပ်မှန်မှန်သာ ရှိတယ်လို့ သိရပါတယ်။
  • ကြက်သွန်ဖြူ

    ဒီတစ်ပတ် ကြက်သွန်ဖြူက ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ စျေးပြန်ကျပြီး ရှမ်းပြည်နယ်အောင်ပန်း စျေးကွက်မှာတော့ စျေးတန်းငြိမ်နေပါတယ်။

    ဘုရင့်နောင်ကုန်စည်ဒိုင်စျေးကွက်မှာ ကြူကုတ် တစ်ပိဿာကို အရင်တစ်ပတ်က ၂၁၀၀၀ ကျပ်ရှိပြီး ဒီ တစ်ပတ်မှာတော့ ၁၉၀၀၀ ကျပ်သာရှိတဲ့အတွက် အရင်အပတ်နဲ့ ယှဉ်ရင် တစ်ပိဿာ ၂၀၀၀ ကျပ်ဈေး ကျပါတယ်။

    ရှမ်းကြက်သွန်ဖြူတွေဖြစ်တဲ့ ထူး၂က ၁၃၀၀၀၊ ထူး၃က ၁၄၀၀၀၊ ထူး၄က ၁၅၀၀၀၊ ထူး၅က ၁၆၀၀၀ ကျပ်ရှိပြီး အရင်အပတ်ကထက် တစ်ပိဿာကို ၅၀၀ ကျပ် ဈေးကျပါတယ်။

     ရှမ်းပြည်နယ် အောင်ပန်းကုန်စည်စျေးကွက်မှာတော့ အရင်အပတ်က စျေးတန်းဖြစ်တဲ့ အောင်ပန်း ထူး၂  တစ်ပိဿာကို ၁၂၅၀၀ ကျပ်၊ အောင်ပန်းထူး ၃ က ၁၃၅၀၀ ကျပ်၊ အောင်ပန်းထူး ၄ က ၁၄၅၀၀ ကျပ်ရှိပြီး အောင်ပန်းထူး ၅ တစ်ပိဿာကို ၁၅၅၀၀ ကျပ်၊ ကြူကုတ်က ၂၀၀၀၀ ကျပ်မှာပဲငြိမ်နေ ပါတယ်။  

    ကြက်သွန်နီ  

    ကြက်သွန်နီက ဒီတစ်ပတ်မှာလည်း ဈေးပြန်တက်လာပါတယ်။ အရင်အပတ်က ကြက်သွန်စျေးမြင့် တက်ချိန်မှာ တောင်သူတွေရောင်းလိုအားများခြင်း၊ ရက်ပိုင်းအတွင်း မိုးရွာတဲ့အခြေအနေတွေကြောင့် အရောင်း အဝယ်ကတော့ ခပ်မှန်မှန်သာ ရှိတယ်လို့ သိရပါတယ်။

      ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ဆိပ်ဖြူနဲ့ မုံရွာ ကြက်သွန်နီက ၂၆၀၀ မှ ၄၈၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၄၀၀ ကျပ်ဈေးမြင့်တက်ပါတယ်၊မြင်းခြံ ကံဆင့် ကြက်သွန်နီက ၃၀၀၀ မှ ၄၇၀၀ ကျပ်၊ ရှိပြီး ဈေးငြိမ်ပါတယ်။ ပခုက္ကူကြက်သွန်က ၂၇၀၀ မှ ၄၆၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၃၀၀ လောက်ဈေးတက်ပါတယ်။

    တစ်လအတွင်း ကြက်သွန်နီ တစ်ပိဿာကို ၂၀၀၀ ကျော်ဈေးမြင့်တက်လာခဲ့ပါတယ်။

     မန်ကျည်းသီး 

    မန်ကျည်းသီးကလည်း ပြီးခဲ့တဲ့ လကတည်းက ဈေးမြင့်တက်နေတာ ဖြစ်ပြီး လက်ရှိမှာတော့ အမြင့်ဆုံး ဈေးတန်းမှာ ရှိနေပါတယ်။ လက်ရှိပေါက်ဈေးဟာ စံချိန်တင် မြင့်တက်နေတာ ဖြစ်တယ်လို့ မန်ကျည်းသီးကုန်သည်တွေက ဆိုပါတယ်။

     လက်ရှိ မန်ကျည်းသီးက ဈေးကွက်ထဲ အဝင်နည်းနေတာ ဖြစ်လို့ ဈေးတက်နေတာလို့လည်း သိရပါတယ်။ 

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မန်ကျည်းသီး အသားတစ်ပိဿာကို ၉၀၀၀ မှ ၁၁၅၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀၀ ကျပ်ဈေးတက်ပါတယ်။ မန်ကျည်းသီးပွင့်ကပ်ကတော့ တစ်ပိဿာကို ၃၃၀၀ မှ ၃၆၀၀ ရှိပြီး ဈေးငြိမ်ပါတယ်။

     တစ်လအတွင်း မန်ကျည်းသီးအသား တစ်ပိဿာကို ၃၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

     ထန်းလျက်

     ထန်းလျက်ဈေးကလည်း ဒီတစ်ပတ်မှာ ‌ဈေးထပ်မြင့်တက်လာပါတယ်။ ဈေးကွက်ထဲ အဝင်နည်းပြီး ကုန်ကြမ်းဈေးတွေ မြင့်တက်လာတဲ့အတွက် ပြီးခဲ့တဲ့ လ ကတည်းက ဆက်တိုက်ဈေးမြင့်တက်နေတာ ဖြစ်ပါတယ်။

     ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ထန်းလျက် တောင်သာမလိုင်ဒုံးက တစ်ပိဿာကို ၆၅၀၀ မှ ၆၇၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။ ရေစကြိုထန်းလျက်ကတော့ တစ်ပိဿာကို ၇၅၀၀ မှ ၈၀၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။

     ခရမ်းချဥ်

     ခရမ်းချဥ်သီးကတော့ စက်တင်ဘာလရေကြီးနစ်မြှုပ်မှု အပြီးကတည်းက စျေးဆက်တိုက်မြင့်တက် လာပြီး လက်ရှိအမြင့်စျေးတန်းမှာငြိမ်နေပါတယ်။

     ခရမ်းချဥ်သီး တွေပျက်စီးဆုံးရှုံးပြီး ကုန်အဝင်နည်းခြင်း၊နေရာဒေသအစုံကနေ ခရမ်းချဥ် တွေထွက်ရှိမှု မရှိသေး တဲ့ အခြေအနေတွေကြောင့် စျေးကွက်ကမြင့်နေတာဖြစ်ပါတယ်။

     ရှမ်းပြည်နယ်အောင်ပန်းကုန်စိမ်းစျေးကွက်မှာ ခရမ်းချဥ်သီး ဂွတ်သီးတစ်ပိဿာကို ၆၀၀၀ ကျပ်၊ ခရမ်းချဥ်သီး ရှယ်သီးကတစ်ပိဿာကို ၅၈၀၀ ကျပ်နဲ့ခရမ်းချဥ်သီးတစ်ပိဿာ ၅၀၀၀ ကျပ်အထိ ရှိနေပါတယ်။

     AMIA

    ----------------

    မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
7
comments
0
views
2440