တရုတ်ပို့ကုန်ပဲများ အဝယ်သွက်လာရာ ပဲတီစိမ်းအညာဈေး မြင့်တက်လာ
- ပဲတီစိမ်းအညာမှာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၆၅၀၀၀ ထိပေါက်ဈေးဖြစ်လာရာ တစ် အိတ်လျှင် ငွေကျပ် ၂၀၀၀၀ ခန့် ယခင်သီတင်းပတ်ထက် ဈေး မြင့်တက်လာသည်။ - တရုတ်နိုင်ငံမှ အဝယ်များသည့် ပဲတီစိမ်းနှင့် နှမ်းမျိုးစုံဈေးကွက် အဝယ်သွက်နေကြောင်း၊ ပဲတီစိမ်းအညာတစ်မျိုးသာ ဈေးမြင့်တက်လာသော်လည်း အခြား ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဈေးနှုန်းအပြောင်းအလဲမရှိ ပုံမှန်သာ အရောင်းအဝယ်ရှိနေကြောင်း၊ လက်ရှိ ပဲ၊ နှမ်း ဈေးကွက်သို့ မိုးမြေပဲနှင့် မိုးနှမ်းမျိုးစုံ ဒေသစုံ အဝင်ရှိသလောက် အရောင်း အဝယ်ကောင်းနေကြောင်း ဦးကျော် သွင်(ရွှေစင်သိန်းပွဲရုံ)ပိုင်ရှင်က ပြောသည်။ - `` ပို့ကုန်ပဲတွေ ဈေးနှုန်း အနည်းငယ် ကျဆင်းနေသလို ပြည်တွင်းသုံး ကုလားပဲအုပ်စုလည်း ဈေးငြိမ်နေပါတယ်။ မြေပဲဆန်ဈေးတွေကတော့ ပုံမှန်သာ အရောင်းအဝယ်ရှိနေတာပါ။ နှမ်းမျိုးစုံက အဝင်ကောင်းတော့ ဈေးအနည်းငယ် ပြန်ကျပေမယ့် အဝယ်ကတော့ သွက်နေပါတယ်။ တရုတ်ဝယ်လက်တွေ အဝယ်ကောင်းလာလို့ ပဲတီစိမ်းအညာဈေးတွေက မြင့်တက် လာပါတယ်။ ပို့ကုန်ပဲတွေလည်း ဒေါ်လာဈေး အငြိမ်နဲ့အတူ ဈေးအနည်းငယ် ကျရိပ်ပြလာပါတယ် ´´ ဟု ၎င်းက ပြောသည်။ - နိုဝင်ဘာ ၇ ရက်တွင် ပို့ကုန် မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၅၀၀၀၀၊ မတ်ပဲ(အသစ်) တစ် အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ ပဲစင်းငုံမှာ အရောင်းအဝယ်မရှိ၊ ပေါက်ဈေးဖွင့်နိုင်ခြင်းမရှိဘဲ ပဲတီစိမ်းအညာ တစ်အိတ်လျှင် ငွေကျပ် ၂၆၅၀၀၀ ပေါက်ဈေးရှိနေသည်။ - ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဈေးနှုန်းအပြောင်းအလဲမရှိ ဈေးငြိမ်နေရာ နိုဝင်ဘာ ၇ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၃၀၀၀၊ ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ် ၂၉၃၀၀၀ အသီးသီး ပေါက်ဈေးရှိနေသည်။ - ပြည်တွင်းသုံး ပဲမာလိုင်း များမှာ ဈေးငြိမ်နေရာ ပဲကြီးတစ် အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေ ကျပ် ၃၃၀၀၀၀၊ ကျွန်းစားတော် ပဲ တစ်အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀၊ ကနေဒါ စားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၅၄၀၀၀၀ ပေါက် ဈေးရှိနေပြီး မြေပဲအနီလုံး ဆန် တစ်ပိဿာလျှင် ငွေကျပ်၈၂၀၀-၈၃၀၀ ပေါက်ဈေး ရှိနေ သည်။ - နှမ်းမျိုးစုံမှာ ပို့ကုန်သမားများ အဝယ်ကောင်းသဖြင့် နိုဝင်ဘာ ၇ ရက်တွင် နှမ်းမျိုးစုံ အရောင်း အဝယ်ပြန်သွက်နေရာ နှမ်းနက် (စမုန်) ၄၅ ပိဿာ တစ်အိတ် လျှင် ငွေကျပ် ၆၀၀၀၀၀၊ အက် စစ်လွတ် တစ်အိတ်လျှင် ငွေကျပ် ၆၅၀၀၀၀၊ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၄၁၀၀၀၀၊ နှမ်းဖြူ(ဗမာ) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၉၀၀၀၀၊ နှမ်းညို ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ အသီးသီး ပေါက်ဈေးရှိနေကြောင်း သိရသည်။ - ရွှေမန်း - မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။ - -------------- - မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
