cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ အိန္ဒိယသို့ မတ်ပဲတန်ချိန် (၅) သိန်းအထိ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်နေ

. Market News
တရုတ်နိုင်ငံအနေဖြင့်တော့ ပဲစင်းငုံကို အဝယ်များသလို အိန္ဒိယနိုင်ငံကတော့ မတ်ပဲကို အဝယ်များသဖြင့် တိုးမြှင့် တင်ပို့နိုင်ရေး
  • မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ တစ်နှစ်လျှင် မတ်ပဲတန်ချိန် ၂ သိန်းခွဲ တင်ပို့နေရာမှ လာမည့် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် တန်ချိန် ၅ သိန်းအထိ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်း ကုန်သည်များအသင်းမှ သိရပါတယ်။

    မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲမျိုးစုံကို အိန္ဒိယနိုင်ငံသို့ တင်ပို့မှုမှာ နှစ်နိုင်ငံ MoU ရေးထိုး၍ တင်ပို့နေတာဖြစ်ပြီး ပင်လယ်ရေကြောင်းကုန်သွယ်ရေးမှ တဆင့် တင်ပို့နေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

    “အိန္ဒိယနဲ့က MoU ရေးထိုးထားတာရှိတယ်။ တင်ပို့မှုကတော့ မတ်ပဲဆိုရင် တန်ချိန်၂ သိန်းခွဲ၊ ပဲစင်းငုံဆိုရင် တန်ချိန် ၁ သိန်းကို နှစ်စဉ်တင်ပို့နေတာဖြစ်တယ်။ အဲဒါကို ကျွန်တော်တို့က ဒီနှစ်ပိုင်းမှာတော့ တင်ပို့မှုကို ပိုပြီးတော့မြှင့်တင်ချင်တယ်။ ဥပမာ မတ်ပဲဆိုရင် တန်ချိန် ၅ သိန်းအထိအောင် ပို့ချင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့က အဲဒါကိုညှိနှိုင်း ဆွေးနွေးနေပါတယ်” လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားထားပါတယ်။

    ပြည်တွင်းမှ ပဲထွက်ရှိသည့်နှုန်းနှင့် ပြည်ပဝယ်လိုအားကို လိုအပ်သလို ဆောင်ရွက်နေခြင်းဖြစ်ပြီး တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သို့ အဓိက တင်ပို့ရောင်းချနေတာဖြစ်၍ တရုတ်နိုင်ငံအနေဖြင့်တော့ ပဲစင်းငုံကို အဝယ်များသလို အိန္ဒိယနိုင်ငံကတော့ မတ်ပဲကို အဝယ်များသဖြင့် တိုးမြှင့် တင်ပို့နိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

    ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအထိ ၇ လအတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် စုစုပေါင်းတန်ချိန် (၂ ဒသမ ၉၈) သန်းရှိကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်း ကုန်သည်များအသင်းရဲ့ စာရင်းဇယားများအရ သိရပါတယ်။

    MyanmarFutureNews မှ ကူးယူဖော်ပြပါသည်။

    -------------

    မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
9
comments
0
views
1699