သတ်မှတ်ထားသည့် ဆန်စျေးထက် အပြင်စျေး မြင့်တက်နေဆဲဖြစ်
- ဆန်ပြည်ပ တင်ပို့မှု မြင့်တက်နေပြီး အသင်းမှ သတ်မှတ်ထားသည့် ဆန်စျေးထက် အပြင်စျေး မြင့်တက်နေဆဲဖြစ်ကြောင်း ဈေးကွက်အတွင်း စုံစမ်း သိရသည်။ - ပြီးခဲ့သည့် အောက်တိုဘာလတွင် ပြည်ပသို့ ဆန် တန်ချိန် ၄သိန်းကျော်အထိ တင်ပို့နိုင်ခဲ့ပြီး တင်ပို့မှု စံချိန်တင် မြင့်တက်ခဲ့ကြောင်း ဆန်းစပါးအသင်းရဲ့ ထုတ်ပြန်ချက်အရ သိရသည်။ - ပြည်တွင်းမှာ စိုက်ပျိုးထုတ်လုပ်မှု လျော့ကျနေချိန်တွင် ပြည်ပသို့ ဆန်တင်ပို့နေခြင်းမှာ ပြည်တွင်း စားနပ် ရိက္ခာဖူလုံမှု နည်းနိုင်ပြီး စျေးနှုန်း မြင့်တက်နိုင်ကြောင်း သုံးသပ်ကြသည်။ - “ဒီနှစ်စပါးအထွက်နှုန်းက ယခင်နှစ်တွေထက် သိသာစွာ လျှော့နည်းနိုင်တယ်။ ဆန်သစ်စျေးကွက်မှာ အဝယ်ဘက်က စျေးချဝယ်နေပြီး အရောင်းဘက်က စပါး စျေးချ၀ယ်လို့ရမှ ဆန်ရောင်းမယ့် အခြေအနေ ဖြစ်နေတယ်။ ရန်ကုန်ဘက်က အရောင်းဝယ်အေးတယ်။ လှောင်လက်ဝယ်လို့ စပါးစျေး ချမရရင်တော့ ဆန်စျေး ဆက်ပြီး မာနိုင်တယ်“ ဟု ဆန်ကုန်သည် တစ်ဦးက ပြောသည်။ - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် နိုဝင်ဘာလအတွက် သင်တင့်မျှတသော စျေးနှုန်း ဖြစ်စေရန် ဆန်ကြမ်း အုပ်စုဖြစ်သော ၂၅မှတ်ဆန် တစ်အိတ်လျှင် ၇၃၀၀၀ကျပ်မှ ၈၁၀၀၀ကျပ် နှင့် ၁၅မှတ်တန် ဆန် တစ်အိတ်လျှင် ၇၆၀၀၀ကျပ် မှ ၈၃၀၀၀ကျပ် သတ်မှတ်ထားပြီး ဇီယာ၊ ရွှေသွယ်၊ ပခန်း၊ အညာသား စသည့် ပြည်ပတင်ပို့ခြင်း နှင့် ပြည်တွင်း စားသုံးသည့်ဆန် ၁၀-၅ မှတ်တန် တစ်အိတ်လျှင် ၈၅၀၀၀ကျပ်မှ ၁၃၃၀၀၀ကျပ် သတ်မှတ်ထားကြောင်း သိရသည်။ - ထို့အပြင် ပေါ်ဆန်းအုပ်စု တစ်အိတ်လျှင် အမျိုးအစားပေါ်မှုတည်ပြီး ၁၂၅၀၀၀မှ ၁၄၅၀၀၀ ကျပ်အထိ သတ်မှတ်ထားကြောင်း သိရပြီး လစဉ်ထုတ်ပြန်သည့် ရည်ညွှန်းစျေးနှုန်းများ၊ စည်းကမ်းချက်များနှင့် အညီ ရောင်းချရန် နှင့် စျေးနှုန်းပိုI မြှင့်တင်ရောင်းချခြင်း၊ အရည်အသွေး မမှန်မကန် ရောင်းချခြင်း၊ လိုက်နာဆောင်ရွက်မှု မရှိခြင်းတို့အပေါ် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ -၅ အရ တရားစွဲဆိုခြင်း၊ ဒဏ်ငွေ နှင့် အခွန်ငွေ သတ်မှတ်ပေးဆောင်စေခြင်း စသည့် ထိရောက်စွာ အရေးယူမှုများ ပြုလုပ်နေသောကြောင့် သိရသည်။ - “ရန်ကုန် Export raw ဆန်စျေးကွက် အေးနေပါတယ်။ ဆန်အဝင်နည်းနေတယ်။ စောင့်ကြည့်ရမဲ့ အနေအထားပါ။ စျေး တက်မယ်ထင်ပြီး ကြို မဝယ်ထားသင့်ဘူး ။”ဟု ရန်ကုန်မြို့နယ် ဆန် ကုန်သည် မင်းလူက ပြောသည်။ - အချို့ ဒေသများတွင် အောက်တိုဘာလအစောပိုင်းက ဆန်တစ်အိတ်ကို ငွေကျပ်ကိုးသောင်းနှင့် တစ်သိန်းကျော်သာရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၂၇၀၀၀၀ မှ ကျပ်သုံးသိန်းအထိ ဈေးတင်ရောင်းချနေကြောင်း စားသုံးသူများထံမှလည်း သိရပါသည်။ - “ဘယ်လောက်ပဲ စျေးနှုန်းတွေ သတ်မှတ်ထားပါစေ အပြင်စျေးကတော့ မြင့်မြဲ မြင့်နေတာပဲ။ သတ်မှတ်စျေးနဲ့ တစ်ခါမှ မရဖူးဘူး။ “ဟု သင်္ဃန်းကျွန်း မြို့နယ်နေထိုင်သူ ဒေါကြည်က ပြောသည်။ - နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများကြောင့် စိုက်ပျိုးမြေလျော့နည်းလာပြီး စိုက်ခင်းများ ပျက်စီး ဆုံးရှုံးမှုများခဲ့ခြင်းကြောင့် ယခုနှစ် ဆန် စပါး အထွက်နှုန်းမှာ ယခင်နှစ်များထပ် သိသာစွာ ကျဆင်းကြောင်း တောင်သူနှင့် လုပ်ငန်းရှင် အချို့ သုံးသပ်ကြသည်။ - သို့သော် ယခုနှစ် အောက်တိုဘာလတွင် ဆန်တန်ချိန် ၄၂၀,၀၀၀ ကျော်တင်ပို့ခဲ့ပြီး ယခုဘဏ္ဍာနှစ် ခုနှစ်လအတွင်း ဆန်တင်ပို့မှု အများဆုံးတင်ပို့နိုင်သည့်လ ဖြစ်ကြောင်းလည်း သိရသည်။ - ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက အင်ဒိုနီးရှား၊ ဘယ်လ်ဂျီယံ၊ တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ကို ဆန် တင်ပို့ ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ - မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်ကို ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ သန်းအထက် ပြည်ပကို ပုံမှန်တင်ပို့နေခြင်း ဖြစ်ကြောင်း သိရပြီး အခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၏ ပထမ ၇ လအတွင်း ဆန်တင်ပို့မှုမှာ ၁ ဒသမ ၃၆ သန်းကျော်ရှိကြောင်း သိရသည်။ - ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၁ ဒသမ၇ သန်း နီးပါးသာ တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။ - ဖိုးချဲ(AMIA) - ------------ - မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
