မြေပဲလုံးဆန်ထိပ်စများပို့ကုန်အဝယ်ရှိလာသလို မြေပဲဆီများလည်း ဈေးမြင့်တက်လာ
- မြေပဲလုံးဆန် ထိပ်စများ ပို့ကုန် အဝယ်ကောင်းလာသလို ဈေးကွက်အတွင်းအဝင် နည်းလာသောကြောင့် မြေပဲဆီများ ဈေးမြင့်တက်လာကြောင်း ကုန်သည်များထံက သိရသည်။ - ကထိန်ရာသီနောက်ပိုင်း ပဲ၊ နှမ်းဈေးကွက်အတွင်း မြေပဲဆန်၊ နှမ်းမျိုးစုံနှင့် ပို့ကုန်ပဲတီစိမ်းများ အရောင်းအဝယ် သွက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်ထားသည်။ - နိုဝင်ဘာလဆန်းပိုင်းတွင် မြေပဲဆန်ဈေးကွက် ကျဆင်းနေသောကြောင့် ဈေးကွက် အဝင် နည်းလာခဲ့သည်။ ကထိန်ပွဲတော် ကာလဖြစ်သောကြောင့် အရောင်း အဝယ်ကုန်စည်ဒိုင်တွင် အရောင်း အဝယ်ဖြစ်မှုနည်းပါးနေချိန်ဖြစ် သည်။လက်ရှိအချိန်တွင် တရုတ် လိုင်းအဝယ်ကောင်းလာသည့် မြေပဲလုံးဆန်ထိပ်စများ အဝယ် သွက်နေသလိုအဝင်နည်းလာသည့် မြေပဲဆီဆန်များလည်း ဈေးပြန် လည်မြင့်တက်ကြောင်း၊ပွဲတော် ပိတ်ရက်များအလွန်မှာ အရောင်း အဝယ်ခပ်သွက်သွက်ပြန်ဖြစ်လာ နိုင်ကြောင်း ဦးကျော်သွင်(ရွှေစင် သိန်းပွဲရုံ)ပိုင်ရှင်က ပြောသည်။ - `` မြေပဲလုံးဆန်ထိပ်စလေး တွေ တရုတ်လိုင်းအဝယ်ကောင်း လာပါတယ်။ ကထိန်ရာသီဆို တော့ မြေပဲဆန်နဲ့ မြေပဲဆီတွေ ကတော့ အဝယ်သွက်နေပါတယ်။ ပဲတီစိမ်းတွေလည်း အဝယ်ကောင်း လာတော့မှာပါ။ ပြည်တွင်း ကုလားပဲအုပ်စုကတော့ ပုံမှန် အရောင်းအဝယ် ရှိနေပါတယ်။လက်ရှိကုန်စည်ဒိုင်မှာ အရောင်း အဝယ်က အစုံအလင်မရှိသေး ပါဘူး။ ကထိန်ရာသီပြီးရင်တော့ မြေပဲ၊နှမ်း၊ပဲတီစိမ်းတွေ အရောင်း အဝယ်ခပ်သွက်သွက်နဲ့ ပြန်ကောင်း လာနိုင်ပါတယ်´´ ဟု ၎င်းက ပြော သည်။ - နိုဝင်ဘာ ၁၃ ရက်တွင် ပို့ကုန်မတ်ပဲတစ်အိတ်လျှင် ငွေ ကျပ် ၃၄၀၀၀၀၊ မတ်ပဲ(အသစ်) တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ ပဲစင်းငုံမှာ အရောင်းအဝယ်မရှိ၊ ပေါက်ဈေးဖွင့်နိုင်ခြင်းမရှိဘဲ ပဲ တီစိမ်းအညာ တစ်အိတ်လျှင် ငွေ ကျပ် ၂၆၅၀၀၀ ပေါက်ဈေးရှိနေ သည်။ - ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဈေးနှုန်းအပြောင်းအလဲ မရှိ ဈေးငြိမ်နေရာ နိုဝင်ဘာ ၁၃ ရက်တွင် ကုလားပဲ V2 တစ် အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀၊ ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀ အသီးသီး ပေါက်ဈေးရှိနေသည်။ - ပြည်တွင်းသုံး ပဲမာလိုင်း များမှာ ဈေးငြိမ်နေရာ ပဲကြီးတစ် အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေ ကျပ် ၃၃၀၀၀၀၊ ကျွန်းစားတော် ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၉၀၀၀၀၊ ကနေဒါ စားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၅၅၀၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံး ဆန် တစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀-၈၆၀၀ ပေါက်ဈေး ရှိနေ သည်။ - နှမ်းမျိုးစုံမှာ ပို့ကုန်သမား များ အဝယ်ကောင်းသဖြင့် နိုဝင် ဘာ ၁၃ ရက်တွင် နှမ်းမျိုးစုံ အရောင်းအဝယ်ပြန်သွက်နေရာ နှမ်းနက်(စမုန်) ၄၅ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၆၂၀၀၀၀၊ အက်စစ်လွတ် တစ်အိတ်လျှင် ငွေကျပ် ၆၆၀၀၀၀၊ နှမ်းဖြူ (ဂျပန်) ၄၅ပိဿာ တစ်အိတ် လျှင် ငွေကျပ် ၄၂၅၀၀၀၊ နှမ်းဖြူ (ဗမာ) ၄၅ပိဿာ တစ်အိတ် လျှင် ငွေကျပ် ၃၈၀၀၀၀၊ နှမ်းညို ၄၅ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ အသီးသီး ပေါက်ဈေး ရှိနေကြောင်း သိရသည်။ - ရွှေမန်း - မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။ - ------ - သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
