cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပဲမျိုးစုံနှင့်ဖားဥမှိုရောဂါ

. Diseases
ရာသီဥတုအေးပြီး ခြောက်သွေ့နေရင် ဖားဥမှို ပိုပြီးကျရောက်နိုင်ပါတယ်။
  • ဖားဥမှိုရောဂါဟာ ပဲမျိုးစုံအားလုံးမှာကျရောက်နိုင်တဲ့အပြင် တချို့ပန်းပင်နွယ်ဝင် အပင်တွေမှာလည်း ကျရောက်နိုင်ပါတယ်။ ရာသီဥတုအေးပြီး ခြောက်သွေ့နေရင် ဖားဥမှို ပိုပြီးကျရောက်နိုင်ပါတယ်။ သီးနှံပင်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ အရွက်၊ပင်စည်၊ အညွှန့်အဖူး၊ ပန်းပွင့်၊ အသီးအတောင့်တွေမှာ ကျရောက်နိုင်ပါတယ်။ မှိုရောဂါရဲ့ စပိုးများဟာ လေနဲ့ပျံ့လွင့်ကူးစက်ပြီးအပင်ကြီးထွားမှုအဆင့်တိုင်း မှာ ကျရောက်နိုင်ပါတယ်။ ရောဂါမှိုဟာ ရောဂါဖြစ်နေတဲ့ အသီး၊ အတောင့်၊ အစေ့၊ အရွက်၊အပင် အကြွင်းအကျန်တွေနဲ့ မြေဆီလွှာအတွင်းမှာ ခိုအောင်းနေပြီး လေ၊ ရေ၊ အင်းဆက်များမှတစ်ဆင့် တစ်ပင်မှတစ်ပင်၊ တစ်ခင်းမှတစ်ခင်း လျင်မြန်စွာ ကူးစက်ပြန့်ပွားနိုင်ပါတယ်။  


    ဖားဥမှိုရောဂါ ကျရောက်ပြီဆိုရင် အရွက်များပေါ်မှာ အရောင်မညီညာတဲ့အကွက်များစတင်တွေ့ရ ပါတယ်။ နောက်ပိုင်းမှာ သေးငယ်တဲ့ အဖြူရောင်ကွက်များဖြစ်လာကာ အဖြူရောင်အကွက်ငယ်များ ပေါင်းစပ်သွားပြီး တစ်ရွက်လုံး အဖြူရောင်များ ဖုံးလွှမ်းသွားပါတယ်။ အဝေးကကြည့်ရင် ပေါင်ဒါမှုန့် ဖြူးထားသလို မြင်တွေ့ရပါတယ်။ အနီးကပ်ကြည့်ရင်တော့ ဖားဥကလေးများ ဆက်ထားပြီးအပျဉ် လိုက် အုထားသလို တွေ့ရတဲ့အတွက် ဖားဥမှိုလို့ ခေါ်ကြတာလည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အရွက်များဝါလာပြီး ခြောက်သွားပါတယ်။  



    ဒီရောဂါကျရောက်ပါက အပွင့်၊ အသီးများလည်း မဖွံ့ဖြိုးလာတော့ဘဲ သေးကွေးကြုံလှီလာပြီး ပုံပျက် ကာ ခြောက်သေသွားစေပါတယ်။ သီးနှံအထွက်လည်း သိသိသာသာကျဆင်းသွားပါတယ်။ ဖားဥမှို ရောဂါဟာ လေ၊ ရေ၊ အင်းဆက်တွေနဲ့ လွယ်လွယ်ပျံ့နှံ့ကူးစက်နိုင်တဲ့အတွက် ရောဂါကျပြီဆိုတာနဲ့ အချိန်တိုအတွင်းမှာ တစ်ခင်းလုံး၊ တစ်ကွင်းလုံး ကူးစက်ပျံ့နှံ့သွားစေတဲ့အတွက် အထူးသတိပြုသင့်ပါတယ်။ ဒီရောဂါကို ထိထိရောက်ရောက် ကာကွယ်နှိမ်နင်းမှု မပြုလုပ်မိလို့ဆိုးဆိုးရွားရွား အခြေအနေအထိဖြစ်သွားရင်သီးနှံအထွက် ၃၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ထိခိုက်နိုင်ပါတယ်။  


    ဖားဥမှိုရောဂါကို ကာကွယ်နှိမ်နင်းဖို့ဆိုရင်တော့ .....  


    - ဒေသအလိုက် ရောဂါဒဏ်ခံနိုင်ရည်ရှိတဲ့မျိုးကို ရွေးချယ်စိုက်ပါ။  

    - ဖားဥမှိုရောဂါကျပြီးတဲ့ အခင်းရဲ့ ပင်ကြွင်းပင်ကျန်များကို မီးရှို့ပစ်ပါ။  

    - ကန်သင်းပေါ်နဲ့ ပတ်ဝန်းကျင်ရှိ ပဲမျိုးရင်းဝင် အပင်များကို ခုတ်ထွင်ရှင်းလင်း မီးရှို့ပစ်ပါ။  

    - ပဲစိုက်ပျိုးပြီးပါက သုံးပတ်သားမှစ၍ (သို့မဟုတ်) ရောဂါလက္ခဏာစတွေ့သည်နှင့် မှိုသတ်ဆေးကိုအသုံးပြုပါ။


    မူရင်းရေးသားသူကို Crd.

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://bit.ly/htwettoev2 ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။



  • article
  • article
  • article
  • article
likes
16
comments
0
views
4090