သတိထားစရာခရမ်းခေါင်ညွန့်ထိုးပိုးနှင့်သီးလုံးဖောက်ပိုးပြဿနာ
- ခရမ်းပင်တွေမှာ ဆိုးရွားစွာ ကျလေ့ရှိပီး အညွန့်တွင် ဖျက်ဆီးရုံသာမက သီးလုံးတွေကို ဖောက်ပီး အထွက်နှုန်းကိုလဲ ကျဆင်းစေပါတယ်။ ဒီပိုးတွေဟာဆိုရင် အေးတဲ့ရာသီမှာဆိုရင် သိပ်မကျရောက်တတ်ပေမဲ့ အခုလို ပုံမှန်ရာသီမှာဆိုရင် ပိုမိုကျရောက်လေ့ရှိတာကိုတွေ့ရပါတယ်။ - သတိထားစရာခရမ်းခေါင်ညွန့်ထိုးပိုးနှင့်သီးလုံးဖောက်ပိုးပြဿနာ - ခရမ်းစိုက်တောင်သူ အများစု ကြုံတွေ့နေရတဲ့ ခရမ်းခေါင်ညွန့်ထိုးပိုးနှင့် သီးလုံးဖောက်ပိုးအကြောင်း တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ ၎င်းပိုးတွေဟာဆိုရင် ခရမ်းပင်တွေမှာ ဆိုးရွားစွာ ကျလေ့ရှိပီး အညွန့်တွင် ဖျက်ဆီးရုံသာမက သီးလုံးတွေကို ဖောက်ပီး အထွက်နှုန်းကိုလဲ ကျဆင်းစေပါတယ်။ ဒီပိုးတွေဟာဆိုရင် အေးတဲ့ရာသီမှာဆိုရင် သိပ်မကျရောက်တတ်ပေမဲ့ အခုလို ပုံမှန်ရာသီမှာဆိုရင် ပိုမိုကျရောက်လေ့ရှိတာကိုတွေ့ရပါတယ်။ - အပင်ပိုင်းကြီးထွား အဆင့်မှာဆိုရင်တော့ ခရမ်းခေါင်ညွန့်မှာ အများဆုံးကျတတ်ပေမဲ့ အပင်မှာ အသီး စတင် တည်လာပီဆိုတာနဲ့ ဒီအကောင်တွေက ခရမ်းသီးမှာ စတင်ဝင်ရောက်ဖျက်စီးလာတတ်ပါတယ်။ - အပင်ကို ဖျက်စီးပုံ - အကောင်ကြီးတွေဟာ အရွက်ရဲ့မျက်နှာပြင် ၊ အညွန့်၊ ပန်းအဖူးတွေနှင့် အသီးတွေထဲမှာ ဥဥချခဲ့ကြပါတယ်။ အကောင်ကြီး တစ်ကောင်ဟာဆိုရင် ဥပေါင်း ၂၅၀ လောက်ထိ ဥချနိုင်ပါတယ်။ - ဥမှ ပေါက်ပီး ပိုးလောက်ကောင်အဆင့် မှာတင် ခရမ်းပင်ရဲ့ သက်တမ်းနုတဲ့ အညွန့်ကနေ စပီး တဖြေးဖြေး ကိုက်ဖြတ်စားပါတယ်။ ဒါကြောင့် အပင်ငယ်ရဲ့ အညွန့်တွေဟာဆိုရင် ညှိုးနွမ်းနေတာ တွေ့ရတတ်ပါတယ်။ နောက်ပိုင်းမှာတော့ ပိုးလောက်ကောင်တွေဟာ အညွန့်တွေကနေတစ်ဆင့် ပန်းအဖူးတွေနှင့် အသီးတွေထဲကို ဝင်ရောက် ကိုက်ဖြတ်စားသောက်ပါတော့တယ်။ ဒါကြောင့် အပင်ရဲ့ အစိတ်ပိုင်းတော်တော်များများ ပိုးဖောက်ရာလေးတွေကို တွေ့ရပါတယ်။ ပိုးလောက်ကောင် တစ်ကောင်ဟာဆိုရင် အသီး ၄ လုံးလောက်ထိ ဖောက်စားနိုင်တာ တွေ့ရပါတယ်။ - ကာကွယ်နှိမ်နင်းနည်း - ၁။ သီးလုံးဖောက်ပိုးဒဏ်ကို ခံနိုင်ရည်ရှိသော မျိုးကို ရွေးချယ်စိုက်ပျိုးပါ။ - ၂။ ခရမ်းတစ်မျိုးတည်းကိုသာ နှစ်ရှည် စိုက်မဲ့ အစား အခြားသော သီးနှံများနှင့် အလှည့်ကျ စိုက်ပျိုးပါ။ - ၃။ပြောင်း ၊ ပဲလွန်း ၊ နံနံ စတဲ့ သီးနှံများနှင့် ခရမ်းပင်ကို သီးညှပ်စိုက်ပျိုးပါ။ - ၄။ အပင်ပြောင်းရွှေ့စိုက်ပီးတာနဲ့ မြေအောင်းပိုးသတ်ဆေး ထည့်ပေးခြင်းက အရမ်း အကျိုးရှိပါတယ်။ - ၅။ ပိုးကျရောက်လာပြီဆိုရင်တော့ ပရိုဖီနိုဖော့ ၊ ကာဗို ဆာဖန်၊အီမာမတင် ဘန်ဇိုအိတ် ၊ လမ်ဘဒါဆိုင်ဟေလိုသရင် အစရှိတဲ့ အဆိပ်ရှိ ပိုးသတ်ဆေးတစ်မျိုးမျိုးကို ၁၅ ရက်ခြား တစ်ခါ ဖျန်းပေးပါ။အပွင့် ၅၀ % လောက် ပွင့်ပီဆိုတာနဲ့ ဆိုင်ပါမီသရင်းပိုးသတ်ဆေးကို လည်း အသုံးပြုနိုင်ပါတယ်။ ဆေးပမာဏကိုတော့ ဆေးဘူးပါ အညွှန်းတိုင်းသုံးပေးဖို့တော့ လိုပါတယ်။ - ၆။ပိုးကျထားတဲ့ အသီးတွေနှင့် ညှိုး ၊ ခြောက်ပီးသေနေတဲ့ အပင်အညွန့်တွေကို ဖယ်ရှားပီး ကွင်းနှင့်ဝေးရာမှာ လွှတ်ပစ်ခြင်းဖြင့် ပိုးတွေရဲ့ခိုးအောင်းနေရာတွေကို ဖျက်ဆီးနိုင်ပါတယ်။ - ပန်းပျိုမေ(၂၀၁၈) - မှီငြမ်း References  Anil and P.C. Sharma: Bioefficacy of insecticides against Leucinodes orbonalis on brinjal.  Latif M.A.,Rahman M.M.,Alam M.Z. 2010, Efficacy of nine insecticide against shoot and fruit borer in eggplant.  Arunkumar, H. 2013. Baseline sensitivity of brinjal shoot and fruit borer, L. orbonalis(Guen) in South India to Cry1Ac insecticidal protein of B.thuringiensis. Curr. Sci.104 : 1-6  Dr. Y.K. Mathur & Dr. K.D. Upadhyay : A text book of entomology.  wikipedia.org.Leucinodes_orbonalis  agritech.tnau.ac.in - ------ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://bit.ly/htwettoev2 ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
