ကျေးလက်ဖွံ့ဖြိုးရေးအတွက် လက်တွေ့ကျသော စိုက်ပျိုးရေး နည်းပညာများ
ပြည်ပမှ အရည်အသွေး မပြည့်မှီသော ဓာတုသွင်းအားစုများကို ဝယ်ယူအသုံးပြုခြင်းထက် စိုက်ပျိုးသူများကိုယ်တိုင်က ပြည်တွင်းနှင့် ပြည်ပမှ ကုန်ကြမ်းများအသုံးပြုပြီး မြေသြဇာများ၊ ပိုးသတ်ဆေးများ၊ မှိုသတ်ဆေးများ၊ ဇီဝနှိုးဆွပစ္စည်းများ ထုတ်လုပ်အသုံးပြုနိုင်ပါသည်။ ဤသို့ ပြုလုပ်နိုင်ပါက ကုန်ကျစရိတ်သက်သာပြီး ဝင်ငွေကိုလည်း တိုးစေနိုင်ပါသည်။စိုက်ပျိုးသူအများစုသည် ဂန္ဓာဝင်ဓာတ်မြေသြဇားများဖြစ်သော ယူရီးယား၊တီစူပါ၊ ဖော့စဖိတ်၊ ပိုတက်ဓာတ်မြေသြဇာများဖြင့် လုံးလည်လိုက်နေသော်လည်း လေ့လာမှုအားနည်းခြင်းကြောင့် ထိုပစ္စည်းများကို ထိရောက်စွာအသုံးမပြုတတ်ကြပါ။ အကယ်၍ ထိုမြေသြဇာများကိုပင် သိပ္ပံနည်းကျ လေ့လာမိပါက ပို၍ထိရောက်စွာ အသုံးပြုနိုင်ပါသည်။ကမ္ဘာ့စိုက်ပျိုးရေး ဈေးကွက်တွင် အသစ်အသစ်သော စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများ ပေါ်ထွက်လျက်ရှိသည်။ မိုနိုပိုတက်စီယမ် ဖော့စဖိတ် KH2PO4 Mono Potassnium Phosphate MKP ; မိုနိုအမိုးနီးယမ်းဖော့စဖိတ် NH4H2 PO4 Mono Ammonium Phosphate MAP; ဒိုင်အမိုးနီးယမ်ဖော့စဖိတ် (NH4)2 H PO4 DiAmmonin Phosphate DAP; ကယ်လ်စီယမ်နိုက်ထရိတ် Ca(NO3)2 တို့မှာ ပို၍အာနိသင်ပြကောင်းသော မြေသြဇာများBetter Performing Fentiloger BPF များဟု ခေါ်ပါသည်။ ၎င်းတို့မှာ သာမန်မြေသြဇာများထက် အနည်းငယ်ဈေးကြီးသော်လည်း အသုံးပြုရသော ပမာဏ နည်းခြင်းကြောင့် စီးပွားရေးအရ တွက်ခြေကိုက်သည်။ အသုံးပြုရသည့်ပမာဏ နည်းခြင်းကြောင့်ဝန်းကျင်ထိခိုက်မှုနည်းပြီး လေလွင့်ဆုံးပါးမှု လျော့နည်းစေသည်။မြေသြဇာအဟောင်းများ နေရာတွင် လုံးဝအစားထိုးပစ်ရန် မဟုတ်သော်လည်း ၎င်း မြေသြဇာများကို မိမိတို့၏ စိုက်ပျိုးရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ပါက အကျိုးထူးကို ရရှိစေမည်ဖြစ်သည်။ ယခုကမ္ဘာ့စိုက်ပျိုးရေးဈေးကွက်တွင်အကျိုးရှိစွာ အသုံးပြုနိုင်သည့် ဓာတုပစ္စည်းများကို ဥပက္ခာပြုပြီး ဓာတုအဆိပ်မသင့်ရေး၊ ဓာတုကင်းစင်ရေး အကြောင်းပြချက်ဖြင့်သာ ခရီးဆက်နေပါက အောင်မြင်မှုများနှင့် အလှမ်းဝေနေဦးမည်သာ ဖြစ်သည်။ သင့်တော်ရာဓာတုပစ္စည်းများကို အသုံးပြုလျက်နှင့် ဓာတုအဆိပ်မသင့်၊ အထွက်နှုန်းတိုးစေခြင်းသည်သာလျှင် သားရွှေအိုးထမ်းလာသည်ကိုမြင်တွေ့ရသော အဖြစ်မျိုးဖြစ်ပါလိမ့်မည်။ကျေးလက်ဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးပစ္စည်းများနှင့် သွင်းအားစုအမျိုးမျိုးကိုရှာဖွေဖော်ထုတ် အသုံးပြုရာတွင် ရုက္ခဗေဒနှင့် ဓာတုဗေဒနယ်ပယ်မှ ရှာဖွေဖော်ထုတ်အသုံးပြုနိုင်ရန် တင်ပြခြင်းဖြစ်ပါသည်။
- ဦးဖရက်သိန်း
မြန်မာတောင်သူကြီးများ ဂျာနယ်
--------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://bit.ly/htwettoev2 ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


NewsFeed
Communities
Explore
Inbox
Me
Market Price