cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဆားခါး (သို့မဟုတ်)လူသိနည်းသောမြေသြဇာတစ်မျိုး

. Organic Fertilizer
အများအားဖြင့်ဆားခါး(၁၅)ပေါင်ကိုရေဂါလန်(၁၀၀)တွင်ဖျော်၍အရွက်ဖျန်းမြေသြဇာအဖြစ်အသုံးပြုကြသည်။
  • ဝမ်းနုတ်ဆေးတစ်မျိုးအဖြစ်လူသိများသောဆားခါး(Epsom salt)၏ဓာတုဗေဒအမည်မှာ မဂ္ဂနီစီယမ်ဆာလဖိတ်(MgSo4 7H2O)ဖြစ်သည်။ဆားခါးတွင်Mg ရာခိုင်နှုန်း(၁၁)ရာခိုင်နှုန်းနှင့်ဆာလ်ဖာခေါ်ကန့်ဓာတ်(၁၃)ရာခိုင်နှုန်းပါဝင်သည်။မဂ္ဂနီစီယမ်မှာ အပင်များတွင်မရှိမဖြစ်လိုအပ်သောဒြပ်စင်(၁၇)မျိုးအနက် သာမညအများလို(Secondary Macroelement)အုပ်စုမှ ဓာတ်စင်တစ်မျိုးဖြစ်သည်။ မဂ္ဂနီစီယမ် မရှိလျှင်အပင်တို့၏ အစိမ်းရောင်ခြယ်ကလိုရိုဖီးလ်မရှိနိုင်။ ကလိုရိုဖီးလ်မရှိလျှင် အစိမ်းရောင်အပင်များ ဤကမ္ဘာတွင်မရှိနိုင်ပေ။ အစိမ်းရောင်အပင်များမှာ ကမ္ဘာပေါ်ရှိသက်ရှိများအတွက် စားသုံးရန်အစာနှင့်အသက်ရှုရန် အောက်စီဂျင်ပံ့ပိုးပေးရာအခြေခံဖြစ်သောကြောင့် အပင်စိမ်းများမရှိလျှင်ဤကမ္ဘာတွင်သက်ရှိများမရှိနိုင်ပါ။ထို့ကြောင့်သက်ရှိလောကစိုက်ပျိုးရေးလုပ်ငန်းတွင် မဂ္ဂနီစီယမ်မည်မျှအရေးပါလျှက်ရှိသည်ကိုခန့်မှန်းနိုင်မည်ဖြစ်သည်။ အပင်များအတွင်း မဂ္ဂနီစီယမ်(၀.၁)မှ(၀.၄)ရာခိုင်နှုန်းအထိပါဝင်သည်။ အပင်အတွင်းရှိ မဂ္ဂနီစီယမ်များ၏(၁၅)မှ(၂၀)ရာခိုင်နှုန်းမှာကလိုရိုဖီးလ်အတွင်းပါဝင်လျက်ရှိသည်။ 

     မဂ္ဂနီစီယမ်ကိုအများဆုံးစားသုံးသောအပင်များ 

    အပင်အားလုံးအတွက်မဂ္ဂနီစီယမ်မှာ မရှိမဖြစ်လိုအပ်သောအာဟာရဒြပ်စင်တစ်မျိုးဖြစ်သော်လည်း အချို့သောအပင်များက မဂ္ဂနီစီယမ်ကိုအခြားအပင်များထက်ပိုမိုစားသုံးကြသည်။ယင်းတို့မှာ-ဆီအုန်း၊အုန်း၊လိမ္မော်မျိုးနွယ်အပင်များ(Citrus)၊သစ်သီးပင်များ(Fruit trees)၊ဆေးရွက်ကြီး၊အာလူး၊ခရမ်းချဉ်၊ကော်ဖီ၊နာနတ်၊ပြောင်း၊ပဲပုပ်၊ကြံ၊စပျစ်၊ဝါ၊ငှက်ပျော၊ရော်ဘာ၊သစ်သီးပင်များတို့ဖြစ်သည်။ 

    သာမာန်အပင်များသည် မဂ္ဂနီစီယမ်ကိုစိုက်ပျိုးမြေတစ်ဟက်တာ(၂.၄၇ဧက)တွင်(၁၅)ကီလိုမှ(၄၀)ကီလိုအထိစားသုံးကြသည်။ငှက်ပျောပင်က(၈၄)ကီလို၊ ဆီအုန်းနှင့်အုန်းပင်က(၃)ကီလိုတစ်ပင်နှုန်းထား၊သကြားမုန်လာက(၆၀)ကီလို၊ကြံက(၅၄)ကီလို၊သရက်က(၄၈)ကီလို၊ဥကန်စွန်းက(၄၅)ကီလို၊ဂေါ်ဖီထုပ်က(၃၆)ကီလိုနှင့် သခွားနှင့်ပဲများက(၃၆)ကီလိုစားသုံးကြသည်။ 

    မဂ္ဂနီစီယမ်စားသုံးမှုအနည်းဆုံးသောအပင်များမှာ 

    စပါး၊ဂျုံ၊မြက်များနှင့်အယ်ဖာဖာခေါ်သောပဲတစ်မျိုးဖြစ်သည်။မဂ္ဂနီစီယမ်စားသုံးခြင်း၏အကျိုးရလဒ်ကို ငှက်ပျောပင်၌သုတေသနပြုလေ့လာရာတွင်အဓိကအာဟာရ(၃)မျိုးဖြစ်သောအန်ပီကေနှင့်မဂ္ဂနီစီယမ်(NPK+Mg) စားသုံးသောအပင်နှင့် အန်ပီကေ(NPK)သာစားသုံးရသောအပင်များ၏အထွက်နှုန်းမှာ(၅၂)ရာခိုင်နှုန်းသာရှိကြောင်းတွေ့ရှိရသည်။ 


    မဂ္ဂနီစီယမ်ချို့တဲ့ခြင်း 

    ကမ္ဘာ့စိုက်ပျိုးမြေအများတွင်မဂ္ဂနီစီယမ်ချို့တဲ့မှုဖြစ်နေသည်။မဂ္ဂနီစီယမ်ချို့တဲ့ရခြင်းအကြောင်းမှာ- 

    ၁။မိုးများသောစိုစွတ်သောဒေသများတွင်မြေဆီလွှာအတွင်းမှမဂ္ဂနီစီယမ်နှင့်တကွအခြားဓာတ်ဖိုများစိမ့်ယိုပျောက်ဆုံးခြင်းကြောင့် 

    ၂။မြေဆီလွှာအတွင်းအချဉ်ဓာတ်ဖြစ်ပေါ်မှုများကြောင့်မဂ္ဂနီစီယမ်လျော့ပါးသွားခြင်း 

    ၃။မြေဆီလွှာအတွင်းအလူမီနီယမ်ခေါ်ဒန်ဓာတ်များပြီးချဉ်လာခြင်း၊အလူမီနီယမ်အဆိပ်သင့်ခြင်းကြောင့် 

    ၄။ပိုတက်စီယမ်မြေသြဇာများအသုံးများလာသောအခါပိုတက်စီယမ်၊မဂ္ဂနီစီယမ်အချိုးK:Mg ratio ပြောင်းပြီးမဂ္ဂနီစီယမ်ချို့တဲ့လာခြင်းတို့ကြောင့်ဖြစ်သည်။ 

     

    မဂ္ဂနီစီယမ်နှင့်နိုက်ထရိုဂျင်အချိုး MgO:N Ratio 

     

    ကြံ၊နာနတ်၊ဆီအုန်း၊အုန်း၊ရော်ဘာနှင့်ငှက်ပျောတွင်မဂ္ဂနီစီယမ်နှင့်နိုက်ထရိုဂျင်အချိုးမှာ(၀.၄)မှ(၀.၇)ရှိရန်လိုအပ်သည်။ဝါ၊ဆေးရွက်ကြီး၊အာလူးနှင့်သရက်တွင်ကား 

    မဂ္ဂနီစီယမ်နိုက်ထရိုဂျင်အချိုးမှာ(၀.၃)မှ(၀.၄)လိုအပ်သည်။မြေဆီလွှာအတွင်းအလူမီနီယမ်အဆိပ်သင့်ခြင်းကိုသက်သာစေခြင်းမြေဆီလွှာအတွင်းအလူမီနီယမ်ခေါ်ဒန်ဓာတ်များကြောင့် 

    အချဉ်ဓာတ်လွန်ကဲခြင်းအဆိပ်သင့်ရသောအခါသီးနှံပင်များ၏အမြစ်များကိုလွန်စွာထိခိုက်စေပါသည်။ထိုအမြစ်များကအခြားအာဟာရများကိုစုပ်ယူခြင်းကိုခက်ခဲစေသည်။ 

    အဟန့်အတားဖြစ်စေသည်။ထိုအခြေအနေမျိုးတွင်ဆားခါးအသုံးပြုပါကအလူမီနီယမ်အဆိပ်သင့်ခြင်းကိုအတိုင်းအတာတစ်ခုအထိပြေပျောက်စေပါသည်။ 

     

    ဆားခါးကိုမြေသြဇာအဖြစ်အသုံးပြုနှုန်း 

     

    လူသုံးဝမ်းနုတ်ဆေးအဖြစ်အထူးသန့်သောဆားခါးများရှိသကဲ့သို့သာမာန်စိုက်ပျိုးရေးသုံးဆားခါးများလည်းစျေးကွက်တွင်ရရှိနိုင်သည်။မဂ္ဂနီစီယမ်ချို့တဲ့မှုမဖြစ်စေဘဲသီးနှံများနှစ်အတော်ကြာမဂ္ဂနီစီယမ်ဓာတ်ရရှိနေစေရန်မြေဆီလွှာသို့ထည့်ရာတွင်တစ်ဧကအတွက်ပေါင်ချိန်(၅၀)မှ(၁၀၀)အထိအသုံးပြုကြသည်။ (၂.၂ပေါင်=၁ကီလို)ဆားခါးသည်ရေတွင်လွယ်ကူစွာပျော်ဝင်နိုင်သောကြောင့်အရွက်ဖျန်းမြေသြဇာအဖြစ်လည်းအသုံးပြုနိုင်သည်။ 

    အများအားဖြင့်ဆားခါး(၁၅)ပေါင်ကိုရေဂါလန်(၁၀၀)တွင်ဖျော်၍အရွက်ဖျန်းမြေသြဇာအဖြစ်အသုံးပြုကြသည်။ 

    နိဂုံး 

    မြန်မာနိုင်ငံ၌နှင်းဆီစိုက်ပျိုးသူများကဆားခါးကိုမြေသြဇာတစ်မျိုးအဖြစ်လွန်ခဲ့သောနှစ်ပေါင်းများစွာကပင်အသုံးပြုခဲ့ကြသည်။ 

    နှင်းဆီပင်ကိုဝမ်းနုတ်ပေးခြင်းဟုဆိုသည်။သို့သော်သီးနှံအမျိုးမျိုးစိုက်ပျိုးသူအများစုကဆားခါးကိုမဂ္ဂနီစီယမ်မြေသြဇာတစ်မျိုးအဖြစ်အသုံးမပြုကြသေးပေ။ 

    သီးနှံအားလုံးမှာဆားခါးကိုလိုအပ်သည်။အထူးသဖြင့်မိုးများ၊သဲဆန်သောမြေမျိုးတွင်ပို၍လိုအပ်သည်။မြေချဉ်များတွင်လည်းလိုအပ်သည်။သာမာန်အပင်များထက်မဂ္ဂနီစီယမ်ကိုပိုမိုစားသုံးသော 

    သီးနှံများဖြစ်သည့်အုန်း၊ဆီအုန်း၊ငှက်ပျော၊ရော်ဘာ၊လိမ္မော်မျိုးနွယ်အပင်များ၊သစ်သီးပင်များ၊နာနတ်၊ဆေးရွက်ကြီး၊ကြံ၊စပျစ်၊ခရမ်းချဉ်၊အာလူး၊ဥကန်စွန်းတို့ကိုအလေးထားကျွေးရန်လိုအပ်သည်။ 

    ဆားခါးကိုမြေသြဇာအဖြစ်အသုံးပြုရသောအရင်းအနှီးအနည်းငယ်မှအကျိုးအမြတ်ပမာဏကြီးစွာကိုရရှိနိုင်ပါသည်။ 

    စိုက်ပျိုးရေးသယံဇာတများနှင့်အခြားစိုက်ပျိုးရေးဆောင်းပါး(ဦးဖရက်သိန်းဖေ)  


  • article
likes
14
comments
0
views
2066