cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲတီစိမ်း၊မတ်ပဲစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးနှင့်ရာသီဥတုဆိုင်ရာအကြံပြုချက်

. Weather News
အပူချိန်ပြန်မြင့်လာပြီး စိုက်ခင်းစိုထိုင်းဆနည်းလာပါက ယင်ဖြူ ကျရောက်မှု ရှိ၊မရှိ သေချာကွင်းဆင်းစစ်ဆေးပေးပါ။
  • ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်များအတွက်ကတော့


    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့မှ နိုဝင်ဘာလ (၂၅) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်


    မိုးညိုမြို့နယ်


    မိုးညိုမြို့နယ်မှာ နိုဝင်ဘာလ (၁၉) ရက်နေ့မှ နိုဝင်ဘာလ (၂၅) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၂၅ အထိ ရှိနိုင်ပါတယ်။ နိုဝင်ဘာလ ၂၅ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၂၅ ရှိနိုင်ပြီး နိုဝင်ဘာလ ၂၁ ရက်များတွင် မိုးရွာရန် ၀ ရာနှုန်းရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်များမှာ ၁-၅ ရာခိုင်နှုန်း မှာ ရှိနိုင်ပါသည်။ မိုးညိုမြို့နယ်၏ အမြင့်ဆုံးအပူချိန်မှာ ၃၄°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၀.၃°C ရှိနိုင်ပါတယ်ခင်ဗျာ။


    လက်ပံတန်းမြို့နယ်


    လက်ပံတန်းမြို့နယ်မှာ နိုဝင်ဘာလ (၁၉) ရက်နေ့မှ နိုဝင်ဘာလ (၂၅) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၂၅ အတွင်းရှိနိုင်ပါတယ်။ နိုဝင်ဘာလ ၂၁ ရက်များတွင် မိုးရွာရန် ၀ ရာခိုင်နှုန်း သာရှိနိုင်ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့တွင် မိုးရွာရန် ၂၅ ရာခိုင်နှုန်းရှိပါတယ်ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ၁-၁၀ ရာခိုင်နှုန်းတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှာ ၂၀.၉°C အမြင့်ဆုံးအပူချိန် ၃၅.၆°C ထိရှိနိုင်ပါတယ်ခင်ဗျာ။


    သာယာဝတီမြို့နယ်

    သာယာဝတီမြို့နယ်မှာ နိုဝင်ဘာလ (၁၉) ရက်နေ့မှ နိုဝင်ဘာလ (၂၅) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၂၅ အတွင်း ရှိနိုင်ပါတယ်။ နိုဝင်ဘာလ ၂၂ ရက်တွင် မိုးရွာရန် ၀ ရာခိုင်နှုန်း ရှိနိုင်ပြီး နိုဝင်ဘာလ ၂၅ ရက်တွင် မိုးရွာရန် ၂၅ ရာခိုင်နှုန်း ရှိနိုင်ပါတယ် ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၁ မှ ၁၀ အတွင်းရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၀.၉°C မှ အမြင့်ဆုံးအပူချိန် ၃၅.၆°C ထိရှိနိုင်ပါတယ်ခင်ဗျာ။


    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲတီစိမ်း၊မတ်ပဲစိုက်တောင်သူများထံသို့

    စိုက်ပျိုးရေးနှင့်ရာသီဥတုဆိုင်ရာအကြံပြုချက်


    နှစ်စဥ်နှစ်တိုင်း အဝါရောင်မိုဆေ့ဗိုင်းရပ်စ် (တောင်သူအခေါ် အဝါဖောက်ရောဂါ) စတင်တဲ့အခင်းများရှိပါက တစ်ကွင်းလုံးမှာ တစ်ပင်မြင်တာနဲ့ ဆွဲနုတ်ပစ်ပါ။


    နောက်ရက်အပူချိန်ပြန်မြင့်လာပြီး စိုက်ခင်းစိုထိုင်းဆနည်းလာပါက ယင်ဖြူ ကျရောက်မှု ရှိ၊မရှိ သေချာကွင်းဆင်းစစ်ဆေးပေးပါ။


    ယင်ဖြူကျတာမြင်တာနဲ့ Pymetrozine+ Nitenpyram ကိုတစ်ကြိမ်သုံးပြီးပြင်ဆင်ထားဖို့လိုပါမယ်။


    လက်ရှိ ငမြောင်တောင်ကျနေသောစိုက်ခင်းများရှိပါက လောက်ကောင်ငယ်စဥ်ကတည်းက သေချာနှိမ်နင်းဖို့လိုပါမယ်။


    လောက်ကောင်များကို လက်ဖြင့်ကောက်နိုင်သလောက်ကောက်ပြီး ကြွပ်ကြွပ်အိတ်ထဲထည့်ယူလာခဲ့ပါ။


    လောက်ကောင်အရွယ်အစားကိုကြည့်ပြီး Lambda cyhalothrin, Chlorfenapyr, Indoxacarb, Chlorantraniliprole အစဥ်လိုက်ရွေးချယ်အသုံးပြုနိုင်ပါတယ်။


    Weather Source: CIAT



  • article
likes
13
comments
0
views
2559