ပဲမျိုးစုံတွင်ကျရောက်လေ့ရှိတဲ့ အဝါရောင်မိုစေ့ဗိုင်းရပ်စ်
- တဖြည်းဖြည်းကျယ်ပြန့်လာခြင်းကြောင့် အဝါရောင်ထဲတွင် အစိမ်းရောင် ရောထားသကဲ့သို့ဖြစ်လာသည်။ - ဒီညနေမှာတော့ ပဲစိုက်တောင်သူဦးကြီးများအတွက် ပဲမျိုးစုံတွင်ကျရောက်လေ့ရှိတဲ့ အဝါရောင်မိုစေ့ဗိုင်းရပ်စ် အကြောင်း ရုပ်ပုံလေးများဖြင့်ဖော်ပြပေးလိုက်ပါတယ်။ - ၁။ အရွက်နုများတွင် အဝါပြောက်ငယ်များ စတင်တွေ့ရှိရသည်။ - ၂။ တဖြည်းဖြည်းကျယ်ပြန့်လာခြင်းကြောင့် အဝါရောင်ထဲတွင် အစိမ်းရောင် ရောထားသကဲ့သို့ဖြစ်လာသည်။ - ၃။ နောက်ဆုံးတွင် တစ်ရွက်လုံးဝါသွားပြီး တစ်ပင်လုံးရှိအရွက်များ ဝါသွားသည်။ - ၄။ သီးတောင့်ဝင်ချိန်တွင်ဖြစ်ပါက သီးတောင့် အဝါရောင်ပြောင်းသွားပြီး အစေ့မတည်နိုင်ဘဲ အထွက်လျော့စေသည်။ - ၅။ ကာကွယ်နှိမ်နင်းခြင်း - ရောဂါရအပင်ကိုတွေ့တွေ့ချင်းနှုတ်ပစ်ပါ။ - ရောဂါကူးစက်ပြန့်ပွားစေသည့် ယင်ဖြူကို နှိမ်နင်းပါ။ - ၆။ ပဲမျိုးနွယ်ဝင်မဟုတ်သော အခြားသီးနှံများဖြင့် အလှည့်ကျစိုက်ပျိုးပါ။ - ၇။ ဓာတုဆေးများသုံးမည်ဆိုပါက ဒိုင်နိုတီဖျူရန် ( Dinotefuran ) သိုင်ယာမီသောက်ဇမ် ( Thiamethoxam ) စတဲ့ဆေးအဆိပ်ရှိတဲ့ ပိုးသတ်ဆေးတစ်မျိုးမျိုးကိုအသုံးပြုပါ။ 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
