cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

စားအုန်းဆီ အခြေခံ လက်ကားရည်ညွှန်းစျေး ဆက်တိုက်ပြန်လည်မြင့်တက်လာ

. Market Analysis
ဒီတစ်ပတ် ထုတ်ပြန်တဲ့ စားအုန်းဆီ အခြေခံ လက်ကားရည်ညွှန်းက ဒီတစ်ပတ်မှာလည်း ဈေးတက်လာပြီး ဆက်တိုက် မြင့်တက်လာနေကြောင်း သိရသည်။
  • စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အနေဖြင့် ရန်ကုန်အခြေခံ လက်ကားရည်ညွှန်း စျေး အား နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ စား အုန်းဆီတစ်ပိဿာလျှင် ၆၆၃၅ ကျပ်အထိ သတ်မှတ်ထားကြောင်းသိရသည်။


    ပြီးခဲ့သည့် အောက်တိုဘာ ၂၈ရက် မှ နိုဝင်ဘာ ၃ ရက်အထိ စားအုန်းဆီ တစ်ပိဿာလျှင် ၆၃၂၀ ကျပ် ၊ နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ စားအုန်းဆီ တစ်ပိဿာလျှင် ၆၅၉၅ ကျပ် သာရှိ ခဲ့ပြီး နှစ်ပတ်အတွင်း တဖြည်းဖြည်း မြင့်တက်ခဲ့ကြောင်း တွေ့ရပါသည်။


    “ စားအုန်းဆီ ရည်ညွန်းစျေး က တော့ ပြန်မြင့် တက်လာတယ်။ ဆိုင်မှာတော့ အကန့် အသတ်နဲ့ ရောင်းပါတယ်။ ဆီဝယ်ယူခွင့် စာအုပ်ပါတဲ့ အိမ်ထောင်စု တွေ ကိုပဲ ရောင်းပေးပါ တယ်။ ပြန်ရောင်းကြတော့ အပြင်စျေးဆိုတာ ဖြစ်လာတာပါ။ “ ဟု ရန်ကုန် ၊သင်္ဃန်းကျွန်း မြို့နယ် ကိုယ်စားလှယ် ဆီဆိုင် မှ တာဝန်ရှိသူတစ်ဦးကပြောသည်။


    ရန်ကုန်မြို့ ခွဲတမ်းရ ဆီဆိုင်များ တွင်လက်ရှိ စားအုန်းဆီ တစ်ပိဿာလျှင် ၇၁၆၀ ကျပ်ဖြင့် ရောင်းချပေးနေပြီး ယခင်တစ်ပတ်ထက် ကျပ် ၄၀၀ နီးပါး ထိ မြင့်တက်ခဲ့ကြောင်း သိရသည်။


    ထို့ အပြင် ပြင်ပ ပေါက်စျေး အနေဖြင့် တစ်ပိဿာ လျှင် ၁၃၀၀၀ မှ ၁၄၅၀၀ကျပ် ပေါက်စျေး အထိ ရောင်းဝယ် ပြုလုပ်နေကြကြောင်း လည်း သိရသည်။


    စားအုန်းဆီ အပြင် အပြင်ပေါက်စျေး ဖြင့် သိပ်မကွာ တော့၍ ပဲဆီ အရော သာ စားသုံးမှု ရှိလာ ကြောင်း လည်း စားသုံးသူများ ထံ မှ သိရသည်။


    ပဲဆီ အနေဖြင့် ပဲဆီ အစစ် တစ်ပိဿာ လျှင် ၂၆၀၀၀ အထိ မြင့်တက်နေပြီး ဆီအရော နှင့် ပုံမှန်ဆီ တစ်ပိဿာ လျှင် ၁၆၀၀၀ နီးပါး မြင့် တက်နေကြောင်း သိရသည်။


    အချို့ စားသုံးသူများ အနေဖြင့် စျေးကွက် သို့ တံဆိပ် မပါပဲ ဝင်ရောက် လာသည့် ဆီဘူး များ ကို ပဲဆီစျေး နှင့် စားအုန်းဆီ စျေး ထပ် စျေးသက်သာ သည့် အတွက် ဝယ် ယူသုံးစွဲမှုများ လည်ရှိကြောင်းသိရသည်။


    “ သူတို့ ထုတ်ရောင်းပေးတဲ့ ၅၀ သား ၊တစ်ပိဿာ လောက်နဲ့ ကတော့ မလောက်ဘူးလေ ၊ထပ်ဝယ်စားရတော့ ပြင်ပ ပေါက်စျေး ကတော့ရှိနေဦးမှာပဲ တချို့ ကထုတ်ပြီး ပြန်ရောင်း ကြတယ် ။ လိုအပ်တဲ့ သူက တော့ စျေးထဲမှာ သူတို့ ဆီ က လျော့စျေး နဲ့ ထပ်ဝယ်ကြတာတွေ ရှိတယ်။ စျေးကတော့ အရမ်းကြီးကျသွားတယ်မရှိဘူး ပုံမှန်အမြင့်စျေးမှာတော့ရှိနေတာပဲ “ ဟု စားသုံးသူ ဒေါ်သိန်းသိန်း ကပြောသည်။


    ကော်မတီ အနေဖြင့် စားအုန်းဆီကမ္ဘာ့စျေးနှုန်း ဖြစ် ပေါ်ပြောင်းလဲမှုနှင့်အညီ စားအုန်းဆီ အဓိကထုတ် လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB စျေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ဘဏ်စရိတ်များ၊အခွန်အခများ ထည့်သွင်း တွက် ချက်၍ ပြည်တွင်းစျေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်း စျေးနှုန်းကို ထုတ်ပြန်ပေးနေခြင်း ဖြစ်ကြောင်းသိရသည်။


    လက်ရှိတွင် အသင်း အနေဖြင့် Door to Door စနစ် ဖြင့် ရန်ကုန်တိုင်းဒေသကြီး တွင် အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချပေးနေပြီး ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လည်း သိရပါသည်


    ဖိုးချဲ(AMIA)

    Exclusive content for Htwet Toe

    -----

    မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
4
comments
0
views
885