မန္တလေးဈေးကွက်ရှိ ပဲပုတ် (ရှမ်း)နဲ့ ပဲပုတ် (ဗမာ)ဈေးနှုန်း သုံးသပ်ချက်
- မန္တလေးဈေးကွက်ရှိ ပဲပုတ်(ရှမ်း)နဲ့ပဲပုတ်(ဗမာ)ဈေးနှုန်းများကိုလေ့လာသော် ပဲပုတ်(ရှမ်း)ဈေးနှုန်းမှာ ၃၅၀,၀၀ဝိ/-ကျပ်မှ ၄၂၀,၀၀ဝိ/-ကျပ်၊ ပဲပုတ်(ဗမာ) ဈေးနှုန်းမှာ ၃၆၀,၀၀ဝိ/-ကျပ်မှ ၃၅၅,၀၀ဝိ/-ကျပ်အထိ အသီးသီး ပေါက်ဈေးရှိပါတယ်။ - ယခင်လ (အောက်တိုဘာလ)နှင့် ယခုလ (နိုဝင်ဘာလ)နှိုင်းယှဉ်ခြင်း - ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလဈေးနှုန်းအား ယခင် အောက်တိုဘာလ ဈေးနှုန်းများဖြင့် နှိုင်းယှဉ်သော် ပဲပုတ် (ရှမ်း)ပျမ်းမျှဈေးနှုန်း ယခင်လထက် ၁၄,၇၇၅ိ/-ကျပ်ဈေးတက်လာတာကို တွေ့ရပါတယ်။ တစ်ဘက်မှာလည်း ပဲပုတ် (ဗမာ)ဈေးနှုန်းကလည်း ၁၃၀,၃၂၅ိ/-ကျပ်တက်လာပါတယ်။ - ၂၀၂၄ ခုနှစ် လအလိုက်သုံးသပ်ခြင်း - ၂၀၂၄ ခုနှစ် နှစ်စမှ လက်ရှိ နိုဝင်ဘာလအထိ ပဲပုတ်(ရှမ်း)နဲ့ ပဲပုတ်(ဗမာ) ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ပဲပုတ်(ရှမ်း)ဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁၆၈,၂၆၉ ကျပ်၊ မတ်လတွင် ၁၇၈,၆၅၀ ကျပ်၊ ဧပြီလတွင် ၁၅၆,၈၀၀ိ/- ကျပ်၊ မေလတွင် ၁၆၈,၀၀၅ိ/- ကျပ်၊ ဇွန်လတွင် ၂၀၃,၉၆၀ိ/- ကျပ်၊ ဇူလိုင် လတွင် ၂၄၀,၀၉၅ိ/-ကျပ်၊ ဩဂုတ်လတွင် ၃၅၂,၇ဝဝိ/-ကျပ်၊ စက်တင်ဘာလတွင် ၃၇၄,၁ဝဝိ/-ကျပ်၊ အောက်တိုဘာလတွင် ၃၆၈,၃၅ဝိ/- ကျပ်၊ နိုဝင်ဘာလတွင် ၃၈၃,၁၂၅ိ/- ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါ တယ်။ - ပဲပုတ်(ဗမာ)ဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁၇၃,၀၅၆ ကျပ်၊ မတ်လတွင် ၁၇၇,၃၂၀ ကျပ်၊ ဧပြီလတွင် ၁၆၆,၅၆၃ ကျပ်၊ မေလတွင် ၁၈၂,၅၆၅ ကျပ်၊ ဇွန်လတွင် ၁၉၈,၁၈၃ ကျပ်၊ ဇူလိုင်လတွင် ၂၂၅,၃၃၅ ကျပ်၊ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလများတွင် ၃၁၆,၃ဝဝိ/- ကျပ်၊ နိုဝင်ဘာလတွင် ၄၄၆,၆၂၅ိ/- ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။ - သုံးသပ် ခန့်မှန်းချက် - ဈေးနှုန်းသုံးသပ်ရသော် ပဲပုတ် (ရှမ်း)နဲ့ ပဲပုတ် (ဗမာ) ပျှမ်းမျှ ဈေးနှုန်းများမှာ တဖြည်းဖြည်း မြင့်တက် နေပြီး အမြင့်ဆုံးထိ ဈေးတက်နေသည်ကို တွေ့ရပါတယ်။ ဈေးကွက်အတွင်း အဟောင်းလက်ကျန် နည်း လာခြင်း၊ အသစ်များ လှိုင်လှိုင်ဝင်ရောက်မှု မရှိသေးခြင်းတို့ကြောင့် ဈေးမြင့်တက်ရခြင်းဖြစ်ပါတယ်။ - ခန့်မှန်းသုံးသပ်ရသော် ဒီဇင်ဘာလအထိ ဈေးဆက်လက် မြင့်တက်နိုင်ပါကြောင်း ခန့်မှန်းသုံးသပ် လိုက်ရပါတယ်ခင်ဗျာ။ - ဦးပြည့်ဖြိုးအောင် - ထွက်တိုး - ---------- - သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
