အစေးထွက်နှုန်း ၅ မှ ၅၀% အထိ ထိခိုက်နိုင်တဲ့ ရာဘာ သီးပုပ် ရွက်ကြွေရောဂါ
- အစေးထွက်နှုန်း ၅ မှ ၅၀% အထိ ထိခိုက်နိုင်တဲ့ ရာဘာသီးပုပ် ရွက်ကြွေရောဂါ၏ - ရောဂါပင်ပြလက္ခဏာ • ကောင်းစွာ မရင့်မှည့်သေးတဲ့ အစိမ်းရောင် သီးတောင့်တွေမှာ ရောဂါတွေက ကျရောက်မှု ပိုများပါတယ်။ - • သီးတောင့်မှာ ရေစိုနာ ကွက်တွေဖြစ်ပြီး မှိုစွဲခဲ့ပါက လေမှတစ်ဆင့် အခြား အရွက်၊ ပင်စည် အစိတ်အပိုင်း တွေဆီ ကူးစက်ပျံ့နှံ့နိုင်ပါတယ်။ - • ဒါကြောင့် ရာဘာ စိုက်ခင်းမှာ သီးပုပ် ရွက်ကြွေကျပါက အရွက်တွေ အစိမ်းရောင် အတိုင်း ပုံမှန်ထက် ပိုပြီးကြွေကျတာကို တွေ့ရတယ်။ - • အရွက်မှာဆိုရင် အညိုရင့်ရောင်မှ အမည်းရောင် ရေစိုနာကွက်ကို တွေ့ရပြီး ရွက်ညှာ(Petiole)ကို လှုပ်ကြည့်ပါက ရွက်ညှာများ အလွယ်တကူပြုတ်ကျပြီးတော့ ရောဂါ မကျသော သာမန် အရွက်ကို ပြင်းထန်စွာ လှုပ်ကြည့်ပါက ရွက်မွှာတွေက အလွယ်တကူ ပြုတ်မထွက်ပါဘူး။ - • ရောဂါပြင်းပြင်းထန်ထန် ကျရောက်ထားသော အချို့အကိုင်းများသည် ပုံမှန်အရွက် ပြန်ထွက်ချိန်၌ အရွက်ပြန်မထွက်ဘဲ ကိုင်းဖျားတွေပါ ခြောက်သွားပြီး ပြင်းထန်ပါက မှိုမျှင် အစုအေဝးကိုပါတွေ့ရပါတယ်။ - • ပင်စည်မှာပါ ရောဂါကူးစက်ခံရပြီဆိုရင်တော့ အစေးခြစ်တဲ့ ရာဘာ အခေါက်နဲ့ အသားကြားမှာ နီညိုရောင် အကွက်တွေ အပြိုင်ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ - • ရော်ဘာပျိုးခင်းအပြင်၊ အပင်ကြီးများ၌လည်း ကျရောက်သဖြင့်ရော်ဘာ အစေးထွက်နှုန်း ၅% မှ ၅၀% အထိ ကျဆင်းတက်ပါသည်။ - • ရာဘာက ပုံမှန်အတိုင်း အရွက်ကြွေမယ်ဆိုရင် ဒီဇင်ဘာလ တွေမှာကြွေပြီးတော့ ရောဂါကြောင့် အရွက်ကြွေတာကတော့ ( ဇွန် လ မှ သြဂုတ်) လ အတွင်း အဖြစ်များပါတယ်။ - ကာကွယ်နှိမ်နင်းနည်း - • ရောဂါ ကျနေတဲ့ အပင်အစိတ်အပိုင်းတွေကို ဖယ်ရှားပစ်ပါ။ - • ခံနိုင်ရည်ရှိသော မျိုးကို ရွေးချယ်စိုက်ပျိုးပေးပါ။ (PB-235RRIM-2009PR-255JV-80PB-260RRIM-600BPM-24RRIM-717) - • မစိုက်ခင် မျိုးစေ့ကို ထရိုက်ဂိုဒါးမားမှို နဲ့ လူးနယ်စိုက်ပျိုးပေးပါ။ - • ဆေးအနေနဲ့ကတော့ ကော့ပါးပါသောဆေး ( copper based fungicides)၊ မီတလဇီ ( Metalaxyl) ၊ ဘော်ဒိုဆေးရည် ( Bordeaux Mixture ) စတဲ့ ဆေးအုပ်စုဝင် တစ်မျိုးမျိုးကို သုံးပေးပါ။ - Source - Plantwise Knowledge Bank, Htwet Toe - --------- - ရော်ဘာနှင့်ပတ်သတ်သောဆောင်းပါးများ၊ ပိုးမွှားကာကွယ်နှိမ်နင်းနည်းလမ်းများ၊ အဖူးကူးရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://l.htwettoe.com/v2 - အထွက်တိုးရော်ဘာစိုက်ပျိုးကြသူများ အဖွဲ့ သို့ဝင်ရန် - https://www.facebook.com/groups/2432746880363676/ - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 
 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
