မကွေးတိုင်းဒေသကြီးအတွင်းရှိ ငါး/ပုဇွန်ကန်များအတွက် အကြံပြုချက်
- မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့မှ ဒီဇင်ဘာလ(၃)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက်အနေဖြင့် ပွင့်ဖြူ၊ မင်းဘူး၊ စလင်းနဲ့ စေတုတ္တရာမြို့နယ်များတွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာ။ - အမြင့်ဆုံး ပျမ်းမျှအပူချိန် ဝဝဝ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ဝဝဝ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ - ပွင့်ဖြူမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့မှ ဒီဇင်ဘာလ(၃)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ပွင့်ဖြူမြို့နယ်တွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာ။ - အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၁.၄ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၈.၃ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ - မင်းဘူးမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့မှ ဒီဇင်ဘာလ(၃)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် မင်းဘူးမြို့နယ်တွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ - ဒီဇင်ဘာလ ၂ ရက်နေ့တွင် မိုးရွာရန် ၅၅ ရာခိုင်နှုန်းရှိနိုင်ပါတယ်။ ကျန်မိုးသောရက်များမှာတော့ မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာ။ - အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၁.၃ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၈.၃ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ - စလင်းမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့မှ ဒီဇင်ဘာလ(၃)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် စလင်းမြို့နယ်တွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နှင့် ဒီဇင်ဘာလ ၂ ရက်နေ့တွင် မိုးရွာရန် ၁၀-၁၅ ထိရာခိုင်နှုန်းရှိနိုင်ပါတယ်။ကျန်ရက်များတွင် မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာ။ - အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၀.၆ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၈.၉ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ - စေတုတ္တရာမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့မှ ဒီဇင်ဘာလ(၃)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် စေတုတ္တရာမြို့နယ်တွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ နိုဝင်ဘာလ ၂၇၊ ၂၉ ရက်နေ့ တွင် မိုးရွာရန် ၁၀-၁၁ ရာခိုင်နှုန်းရှိနိုင်ပြီး ဒီဇင်ဘာလ ၁၊ ၃ ရက်နေ့တွင် မိုးရွာရန် ၅၆-၇၀ ရာခိုင်နှုန်းထိရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာ။ - အမြင့်ဆုံး ပျမ်းမျှအပူချိန် ၂၉.၁ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၅.၆ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ - ငါး/ပုဇွန်ကန်များအတွက် အကြံပြုချက် - ယခုတစ်ပတ်အတွင်း ရာသီဥတု သာယာမည်ဖြစ်တဲ့အတွက် ငါးမွေးတောင်သူကြီးများအနေဖြင့် အောက်ပါ အချက်တွေ ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ- - နေ့ခင်းနေသာပြီး ညခင်းအအေးဓါတ်ဝင်ချိန် ရေအပူချိန်ပြောင်းလဲခြင်းက ငါးများကို စိတ်ဖိစီးမှု ဖြစ်စေ သဖြင့် ဂရုစိုက်ရန်၊ - စိတ်ဖိစီးမှုမှတဆင့် ငါးများရောဂါဝင်နိုင်သဖြင့် ခုခံအားစနစ်ကို ကောင်းစေသည့် ပဋိဇီဝဆေးများ၊ ဗိုက်တာမင်စီတို့ကို အစာထဲရောကျွေးရန်၊ - ညဘက် ၁၂ နောက်ပိုင်းတွင် အောက်ဆီဂျင်ပြတ်လက်နိုင်သဖြင့် အောက်ဆီဂျင်ရရှိရေးအတွက် ရေလှည့် ပေးရန်၊ - ဘက်တီးရီးကြောင့်ဖြစ်တဲ့ ရောဂါများကျရောက်ပါက အောက်ဆီတက်ထွာဆိုက်ကလင်း (Oxytetracycline)၊ အီရီသရိုမိုင်ဆင် (Erythromycin)၊ ဆာဖာမီသိုဇာဇိုး (Sulfamethoxazole) ဆေးများကို အစာ ၁ ကီလိုဂရမ်တွင် ၃ ဂရမ်မှ ၅ ဂရမ်အထိ ထည့်ပေးရန်၊ - Weather Source: CIAT - ------------------ - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
