cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မကွေးတိုင်းဒေသကြီးအတွင်းရှိ စပါးနှင့် ပဲစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်

. Weather News
အပူချိန်မြင့် စိုထိုင်းဆများသော အခြေအနေတွင် အဓိကကျရောက်သော စပါးဂုတ်ကျိုးရောဂါကို သေချာကွင်းဆင်းစစ်ဆေးကြည့်ရန်အကြံပြုလိုက်ပါတယ်။
  • မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့မှ ဒီဇင်ဘာလ(၃)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက်အနေဖြင့် ပွင့်ဖြူ၊ မင်းဘူး၊ စလင်းနဲ့ စေတုတ္တရာမြို့နယ်များတွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာ။ 

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ဝဝဝ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ဝဝဝ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ 

    ပွင့်ဖြူမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့မှ ဒီဇင်ဘာလ(၃)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ပွင့်ဖြူမြို့နယ်တွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာ။ 

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၁.၄ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၈.၃ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ 

    မင်းဘူးမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့မှ ဒီဇင်ဘာလ(၃)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် မင်းဘူးမြို့နယ်တွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။

    ဒီဇင်ဘာလ ၂ ရက်နေ့တွင် မိုးရွာရန် ၅၅ ရာခိုင်နှုန်းရှိနိုင်ပါတယ်။ ကျန်မိုးသောရက်များမှာတော့ မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာ။ 

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၁.၃ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၈.၃ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ 

    စလင်းမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့မှ ဒီဇင်ဘာလ(၃)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် စလင်းမြို့နယ်တွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နှင့် ဒီဇင်ဘာလ ၂ ရက်နေ့တွင် မိုးရွာရန် ၁၀-၁၅ ထိရာခိုင်နှုန်းရှိနိုင်ပါတယ်။ကျန်ရက်များတွင် မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာ။ 

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၀.၆ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၈.၉ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ 

    စေတုတ္တရာမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့မှ ဒီဇင်ဘာလ(၃)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် စေတုတ္တရာမြို့နယ်တွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ နိုဝင်ဘာလ ၂၇၊ ၂၉ ရက်နေ့ တွင် မိုးရွာရန် ၁၀-၁၁ ရာခိုင်နှုန်းရှိနိုင်ပြီး ဒီဇင်ဘာလ ၁၊ ၃ ရက်နေ့တွင် မိုးရွာရန် ၅၆-၇၀ ရာခိုင်နှုန်းထိရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာ။ 

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၂၉.၁ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၅.၆ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ 


     စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်

    အပူချိန်မြင့် စိုထိုင်းဆများသော အခြေအနေတွင် အဓိကကျရောက်သော စပါးဂုတ်ကျိုးရောဂါကို သေချာကွင်းဆင်းစစ်ဆေးကြည့်ရန်အကြံပြုလိုက်ပါတယ်။

    စပါးဂုတ်ကျိုးရောဂါကြိုတင်ကာကွယ်လိုပါက ခံနိုင်ရည်ရှိသောမျိုးကိုရွေးချယ်စိုက်ပါ။

    ဂုတ်ကျိုးကျခဲ့ဖူးသောစိုက်ခင်းများ ကြိုတင်ကာကွယ်လိုပါက စပါးပင် ရက်၂၀သားတွင် ဆေးဖျန်းပုံးတစ်ပုံးတွင် Tricyclazole ၂၀ ဂရမ်နှုန်းထားနဲ့ တစ်ကြိမ်ဖျန်းပြီး ကြိုတင်ကာကွယ်နိုင်ပါတယ်။

    ရောဂါစတင်ကျရောက်နေပါက Tricyclazole+ Cyprodinil ၊ ရောဂါပြန့်နှံ့နေပါက Isoprothiolane အသုံးပြုနိုင်ပါတယ်။

    ပဲမှာတော့ စာကိုစပိုရာရွက်ပြောက်အကျများနေတာတွေ့ရတဲ့အတွက် ပထမအကြိမ်အဖြစ် Thiophanate methyl ၊ ဒုတိယအကြိမ်အဖြစ် Difenoconazole/ Propiconazole ကိုရွေးချယ်နိုင်ပါတယ်။

    စိုက်ခင်းပတ်ဝန်းကျင် ပေါင်းမြက်များကိုလည်းမဖြစ်မနေရှင်းပေးပါ။ 


    Weather Source: CIAT 


  • article
likes
4
comments
0
views
2082