cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရေမှော်၊ မြက်ပင်၊ ကိုင်းပင်များရှင်းလင်းခြင်း (Eradicating of aquatic weed)

. Cultivation Methods
လူအားဖြင့် ဖယ်ရှားခြင်း၊ တံစဉ်ရှည်ဖြင့် ရိတ်သိမ်းခြင်းမှာ စရိတ်ကျဉ်းကျဉ်းဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်သော နည်းလမ်း ဖြစ်ပါသည်။
  • ကန်အတွင်းပေါက်ပွားလျက်ရှိသော ရေမှော်၊ မြက်ပင်၊ ကိုင်းပင်များကြောင့် ငါးကန်များတွင် ငါးကြီးထွားမှု ကို နှောင့်နှေးစေပြီး ထုတ်လုပ်မှုရည်မှန်းချက်ကို ထိခိုက်စေနိုင်ပါသည်။ သို့ရာတွင် အချို့သောရေမှော်နှင့် မြက်ပင်များမှ ငါးမွေးမြူရေးကိုအကျိုးပြုခြင်းများရှိပါသည်။


    ရေမှော်မြက်ပင် ကိုင်းပင်အမျိုးအစားများ


    ငါးမွေးကန်တွင်းရှိ ရေမှော်ပင်များစွာ ပေါက်ပွားလာနိုင်ပါသည်။ ဥပမာအားဖြင့် ဗေဒါ၊ ပကန်၊ ကညွတ်၊ ကန်စွန်း စသည်တို့ ဖြစ်ပါသည်။


    ကန်တွင်းပေါက်ပွားသောရေမှော်ပင်များကြောင့် ငါးကန်တွင်ပြဿနာများဖြစ်ပေါ်ခြင်း


    ရေမှော်များသည် ကန်တွင်းရှိ ရေသြဇာဓာတ်များကို အသုံးပြုခြင်း၊

    နေရောင်ခြည်ဖောက်ထွင်းမှုကို တားဆီးထားသောကြောင့် ကန်အတွင်း သဘာဝအစာဖြစ်သော ရုက္ခမျှော လှေများပေါက်ပွားမှုကို ဟန့်တားထားခြင်း၊

    မွေးမြူထားသော ငါးများကို အန္တရာယ်ပြုနိုင်သော မြွေ၊ ငါး စသောသတ္တဝါများ ခိုအောင်းနေနိုင်ခြင်း၊

    ကန်အတွင်း ရေမှော်အပုပ်အဆွေးများကြောင့် မွေးမြူထားသောငါးများကို အန္တရာယ်ဖြစ်စေသည့် အဆိပ်ဓာတ်ငွေ့များပေါ်ထွက်လာခြင်း၊ ရေအရည်အသွေး ပျက်ပြားလာပြီး ငါးရောဂါများကူးစက်လာနိုင်ခြင်း၊

    ငါးကန်အတွင်း သဘာဝအစာ ပေါက်ပွားမှုဖြစ်စဉ်ကို အဟန့်အတားပြုခြင်း၊ ကန်အတွင်း ငါးများလှုပ်ရှားသွားလာရန် နေရာကျဉ်းမြောင်းလာစေခြင်း။

    ရေမှော်ပင်များကို အလွယ်တကူ ရှင်းလင်းရန်နည်းလမ်း


    လူအားဖြင့် ဖယ်ရှားခြင်း၊ တံစဉ်ရှည်ဖြင့် ရိတ်သိမ်းခြင်းမှာ စရိတ်ကျဉ်းကျဉ်းဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်သော နည်းလမ်း ဖြစ်ပါသည်။


    ငါးမွေးကန်တွင် အကျိုးပြုသော ရေမှော်ပင်များနှင့် အကျိုးပြုဖြစ်ထွန်းမှု


    ဘဲစာပင်များ၊ မြက်နုများ၊ ငှက်ပျောပင်အရွက်များသည် မြက်စားငါးကြင်းကဲ့သို့ ငါးများအတွက် အစာအဖြစ်အသုံးကျပါသည်။

    ပကန်ပင်၊ ရေမှော်ပင်များ၊ မြက်နုများကို ငါးစာတွင် ရောကျွေးစေနိုင်ပါသည်။ ဗေဒါပင်သည် ရွှေဝါငါးကြင်းကဲ့သို့သော ငါးများကို သဘာဝကန်များတွင် သားပေါက်ရာ၌ ဥတွယ်ကပ်ရန်အဖြစ် အသုံးချပါသည်။

    ငါးကန်အတွက် ရေအနက်မလုံလောက်သောအခါ ရေမှော်ပင်များသည် ငါးများခိုအောင်းရန် နေရာဖြစ်ပါသည်။

    သို့သော် ကန်ရေပြင်ဖုံးလွှမ်းသည်အထိ ပေါက်ပွားမှုမရှိစေရန် ထိန်းသိမ်းရပါမည်။


    WorldFish Myanmar, Fish for Livelihoods

    တစ်ပိုင်တစ်နိုင်ငါးမွေးမြူခြင်း, ၂၀၂၄ ခုနှစ်

    ရက်စွဲ-၂၇.၁၁.၂၀၂၄

    -----------------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
  • article
  • article
  • article
likes
3
comments
0
views
1671