cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

အထူးအထွက်တိုးကြံစိုက်နည်းစနစ်

. Cultural Practices
ကြံမျိုးပိုင်းများအားမှိုရောဂါကာကွယ်ရန် Topsin မှိုသတ်ဆေး (၁၀၀)ဂရမ်ကိုရေ(၂၂) ဂါလန်တွင်နာရီဝက်ခန့်(သို့မ ဟုတ်) ထုံး(၄)ပိဿာကိုရေ(၁၀၀)ဂါလန်တွင် ၂နာရီခန့် စိမ်ပြီး စိုက်ပါ။
  • ကြံမျိုးရွေးချယ်ခြင်း။

    ရေမြေဒေသနှင့် ကိုက်ညီပြီး ပိုးမွှားရောဂါဒဏ်ခံနိုင်သော အထွက်ကောင်းမျိုးကို ရွေးချယ် စိုက်ပျိုးရပါမည်။ အပင်သက်(၆- ၈)လခန့်ရှိသောမျိုးဖြစ်ကပို၍သင့်တော်ပါသည်။

    မြေပြုပြင်ခြင်း။

    ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက်ရရှိစေရန်ထယ်(၂) စပ်၊ ထွန်(၄)စပ်ဆောင်ရွက်ပေးရပါမည်။မြေပြုပြင်စဉ်တွင် မြေခံအဖြစ် နွားချေး (၁၀)စီးမှအစီး(၂၀)ခန့်ဖြန့်ထည့်ပြီးအစိုဓါတ်ဆုံးရှုံးမှုနည်းပါးစေရန်ကြမ်းတုံးအုပ်နှပ်ထားရပါမည်။

    ကြံမျိုးခုတ်ပိုင်းခြင်း။

    ပိုးမွှားရောဂါကင်းစင်သော ကြံမျိုးချောင်းကိုသာ အသုံးပြုပါ။ ကြံဆစ်(၂)ဆစ်ကြား အလယ်တည့်တည့်နေရာတွင် ဓါးဖြင့်တစ်ချက်တည်းပြတ်အောင်ခုတ်ပိုင်းပါ။ကြံမျိုးချောင်းအဆစ်၏ အစိပ်အကျဲနှင့်လုံးပတ်အကြီး အသေးပေါ် မူတည်၍ (၂)ဆစ်ပိုင်း(သို့မဟုတ်)(၃)ဆစ်ပိုင်း ပိုင်းဖြတ်ရပါမည်။

    ကြံမျိုးပိုင်းစီရင်ခြင်း(ဆေးရည်စိမ်ခြင်း)။

    ကြံမျိုးပိုင်းများအားမှိုရောဂါကာကွယ်ရန် Topsin မှိုသတ်ဆေး (၁၀၀)ဂရမ်ကိုရေ(၂၂) ဂါလန်တွင်နာရီဝက်ခန့်(သို့မ ဟုတ်) ထုံး(၄)ပိဿာကိုရေ(၁၀၀)ဂါလန်တွင် ၂နာရီခန့် စိမ်ပြီး စိုက်ပါ။

    စိုက်မြောင်းဖော်ခြင်း။

    တန်းကြားအဖြစ် (၃ပေခွဲမှ ၅ပေခွဲ)ခန့်အတွင်းဒေသအခြေအနေနှင့်စက်ကိရိယာအသုံးပြုနိုင်မှုအရစိုက်မြောင်းဖော်ပါ။စိုက်မြောင်အတွင်းပေါက်ပြားဖြင့်(၁)ပေခွဲခန့်အနက်ရရှိအောင်ထပ်မံမြောင်းဆွဲပါ။

    မျိုးပိုင်းချစိုက်ပျိုးခြင်း။

    ကြံမျိုးပိုင်းချရာတွင် ကြံမျက်စိများအား ဘေးတစ်ဖက် တစ်ချက်ထား၍ စိုက်ခြင်းဖြင့် အပင်ပေါက်ညီခြင်း၊စုံခြင်းတို့ ဖြစ်စေပါသည်။ကြံမျိုးပိုင်းအဖြစ် အပင်ပေါက်နှုန်းကောင်းသော အဖျားပိုင်းကိုသာ အသုံးပြုနိုင်ပါက အကောင်းဆုံး ဖြစ်ပါသည်။တစ်ဧကအတွက် (၂-၃) ဆစ်ပါ ကြံမျိုးပိုင်းမျက်လုံးဖူး (၂၅၀၀၀-၃၀၀၀၀) ပိုင်းဝင်အောင် စိုက်ပျိုးပါ။အစိုဓါတ်အနေတော်တွင် ကြံမျိုးပိုင်းများအား နဘေထပ်၍ စိုက်ပျိုးပြီးစိုက်မြောင်းအတွင်းတွင် မြေအောင်းပိုးသတ်ဆေးနှင့်ဓါတ်မြေသြဇာများ ထည့်သွင်း၍ မြေပါးပါးဖုံးပါ။ မျိုးပိုင်းချပြီးပါက(၂-၄)လက်မခန့်မြေပြန်ဖုံးပေးရပါမည်။

    မြေသြဇာသုံးစွဲနှုန်း။

    နှုန်းထား (၂:၁:၁) ကို အခြေခံပြီး မြေခံတွင် ယူရီးယား (၁) အိတ်၊ တီစူပါ(၁)အိတ်၊ ပိုတက်(၀.၅)အိတ် နှင့် ဘောင်လုံးချိန်တွင် ယူရီယား (၁) အိတ်၊ ပိုတက်(၀.၅)အိတ် ကျွေးရမည်။ အော်ဂဲနစ်မြေသြဇာနှင့်ရောစပ်ကျွေးက ပိုမို သင့်တော်ပါသည်။ ကြံတစ်တန်လျှင် မြေဆီလွှာမှ အာဟာရဓါတ် 1.0 kg N , 0.6 kg P2O5 နှင့် 2.25 kg K2O စုပ်ယူပါသည်။မြေဆီလွှာစစ်ဆေး၍ မျှော်မှန်းအထွက်တန်အတွက်တွက်ချက် ထည့်သွင်းသင့်ပါသည်။

    ကြံပင်ငယ်ပြုစုခြင်း

    အရန်ပျိုးပင်များအား ပျိုးဘောင်ဖြင့် ပျိုးထောင်ထားပါ။ မျိုးပိုင်းချ စိုက်ပျိုး ပြီး (၁) လခန့်အကြာ ကြံပင်ပေါက် တိုင်းတာစစ်ဆေး၍ ပင်သေပင်ပျောက်နေရာများတွင်ပျိုးပင်ဖြင့်ဖာထေးစိုက်ပျိုးပါ။ (သက်တူ/ရွယ် တူပျိုးပင်ဖြစ်ရပါမည်) စိုက်ပျိုးပြီး(၄)လသားအတွင်း ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။ကြံပင်ပွားထွက်ချိန် ကြံပင်သက်တမ်း(၆၀-၁၂၀)ရက်သားအတွင်း အစိုဓါတ် လုံလောက်အောင် သွင်းရေစီစဉ်၍ ယူရီး ယားဓါတ်မြေသြဇာကို (၂-၃)ကြိမ် ခွဲထည့်၍ဘောင်လုံးပေးရပါမည်။ ကြံပင်ယိုင်လဲမှုမှ ကာကွယ်ရန် မိုးဦးကျ ကာလတွင်ဘောင်ကြီးလုံးခြင်းကိုမဖြစ်မနေဆောင်ရွက်ပေးရမည်။ကျရောက်တတ်သောမှိုရောဂါများ၊ ကြံပင်ထိုးပိုးများ ကျရောက်ပါက ကာကွယ်နှိမ်နှင်းရမည်။ ပိုးကျသောကြံခင်း၌ ကြံရွက်ခြောက်များမီးရှို့၍ လမိုင်းမထားဘဲ သီးလှည့်စိုက်ပျိုးပါ။လေဝင်လေထွက်ကောင်းပြီး ပိုးမွှားခိုအောင်းခြင်း မရှိစေရန်ကြံပင်သက်တမ်းတစ်လျှောက် အောက်အရွက်များ ဝါခြောက်လာပါက ကြံရွက်ချပေးပါ။ ကြံပင်ပေါ်တွင် အစိမ်းရောင်ကြံရွက်(၁၀)ရွက်မှ(၁၂)ရွက်ခန့်ကျန်ရှိရပါမည်။

    ခုတ်သိမ်းခြင်း။

    မီးဘေးကြိုတင်ကာကွယ်ရန်နှင့် လျင်မြန်စွာ ခုတ်သိမ်းနိုင်ရန် အတွက်ကြံမခုတ်သိမ်းမီ(၁)လခွဲ၊(၂)လအလို ကြံရွက်ချပါ။ မျိုးအတွက်ခုတ်သိမ်းမည် ဆိုပါက မျိုးအလိုက် သက် တမ်း(၈)လမှ (၉)လ သားတွင် ခုတ်သိမ်းရပါမည်။ ကြိတ်ဝါးကြံအတွက် စက်ရုံမှကြံဝယ်ယူချိန်နှင့် ချိန်ကိုက်၍ နေ့စဉ်လိုအပ်သောပမာဏကို သာခုတ်သိမ်းပါ။ လမိုင်းထားမည်ဆိုပါက ကြံပင်သက်တမ်း(၁၂)လထက်မကျော်လွန်ခင် ခုတ်သိမ်းပါ။စနစ်တကျ လမိုင်းပြင်ပါ။ ရင့်မှည့်ချိန်ထက်စော၍ ခုတ်သိမ်းပါက(၁)ဧကလျှင် (၃)တန်မှ(၁၀)တန်လျော့နည်းနိုင်ပြီး ရင့်မှည့်ချိန်ထက် နောက်ကျခုတ်သိမ်းပါက (၁)ဧကလျှင်(၀.၃၈)တန်မှ(၂.၈)တန်အထိအထွက် လျော့နိုင်ပါသည်။

    အလေအလွင့်ထိန်းသိမ်းခြင်း။

    အလေအလွင့်မရှိစေရန် ကြံပင်ခြေမြေကြီးနှင့်ကပ်၍ ခုတ်သိမ်းပါ။ကောက်သင်းကောက်ခြင်းကို မဖြစ်မနေ ဆောင်ရွက်ပေးပါ။ သယ်ယူချိန် လေလွင့်ဆုံးရှုံးခြင်း

    မရှိစေရန် စနစ်တကျစည်းနှောင်၍ပို့ဆောင်ပါ။

    Source: DOA


  • article
likes
10
comments
0
views
3486