cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မန္တလေးဈေးကွက်ရှိ ပဲဆီ၊ နှမ်းဆီဈေးနှုန်းသုံးသပ်ချက်

. Market Analysis
ယခင်လ (အောက်တိုဘာလ)နှင့် ယခုလ (နိုဝင်ဘာလ)နှိုင်းယှဉ်ခြင်း
၂၀၂၄ ခုနှစ် လအလိုက်သုံးသပ်ခြင်း
သုံးသပ် ခန့်မှန်းချက်
ဈေးကွက် ခန့်မှန်းချက်
  • မန္တလေးဈေးကွက်ရှိ ပဲဆီ၊ နှမ်းဆီ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ပဲဆီဈေးနှုန်းမှာ တစ်ပိ ဿာလျှင် ၁၄,၅၀၀ိ/-ကျပ်မှ ၁၅,၅၀၀ိ/-ကျပ်အထိလည်းကောင်း၊ နှမ်းဆီပျမ်းမျှဈေးနှုန်းမှာ တစ်ပိဿာ လျှင် ၁,၄ဝ၀၀ိ/-ကျပ်မှ ၁၄,၅၀၀ိ/-ကျပ်လည်းကောင်း၊ အသီးသီးဈေးပေါက်နေပါတယ်။

    ယခင်လ(အောက်တိုဘာ)နှင့် ယခုလ(နိုဝင်ဘာ)နှိုင်းယှဉ်ခြင်း

    ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ပဲဆီ ပျမ်းမျှဈေးနှုန်းများကို ယခင်လ (အောက်တိုဘာလ)နှင့် နှိုင်းယှဉ်သော် တစ်ပိဿာလျှင် ၁၈,၀၈ိ/-ကျပ် ကျနေတာကို တွေ့ရပါတယ်။ အောက်တိုဘာလတွင် တစ်ပိဿာလျှင် ပျမ်းမျှ ဈေးနှုန်း ၁၄,၈၅၆/-ကျပ်ရှိခဲ့ပြီး ယခုနိုဝင်ဘာလတွင် ပျမ်းမျှဈေးနှုန်း ၁၃,ဝ၄၈ိ/-ကျပ်ရှိပါတယ်။

    အလားတူစွာ နှမ်းဆီ တစ်ပိဿာ ပျမ်းမျှဈေးနှုန်းများကို ယခင်လ (အောက်တိုဘာလ)နှင့် နှိုင်း ယှဉ်သော် တစ်ပိဿာလျှင် ၁,၃ဝိ/-ကျပ် ကျနေတာကို တွေ့ရပါတယ်။ အောက်တိုဘာလတွင် တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်း ၁၄,၁၃ဝိ/-ကျပ်ရှိခဲ့ပြီး ယခုနိုဝင်ဘာလတွင် ပျမ်းမျှဈေးနှုန်း ၁၄,ဝဝဝိ/-ကျပ်ရှိပါတယ်။

    ၂၀၂၄ ခုနှစ် လအလိုက်သုံးသပ်ခြင်း

    ၂၀၂၄ ခုနှစ် နှစ်စမှ နိုဝင်ဘာလအထိ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ပဲဆီဈေးနှုန်းမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ ဧပြီနှင့်မေလများတွင် တစ်ပိဿာ ပျမ်းမျှဈေးနှုန်းမှာ ၁၁,၀၀၀ိ/-ကျပ်၊ မတ်လတွင် ၁၂,၈၀၀ိ/- ကျပ်၊ ဇွန်လတွင် ၁၃,၃၃၈/- ကျပ်၊ ဇူလိုင်လတွင် ၁၆,၂၇၀ိ/- ကျပ်၊ ဩဂုတ်လတွင် ၁၈,၄၂၅ိ/-ကျပ်၊ စက်တင် ဘာလတွင် ၁၇,၁၂ဝိ/-ကျပ်၊ အောက်တိုဘာလတွင် ၁၄,၈၅၆/-ကျပ်၊ နိုဝင်ဘာလတွင် ၁၃,ဝ၄၈ိ/-ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။

    နှမ်းဆီ ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ ဧပြီနှင့်မေလများတွင် တစ်ပိဿာ တစ်ဿာလျှင် ၁၂,၅၀၀ိ/- ကျပ်၊ မတ်လတွင် ၁၃,၁၀၀ိ/- ကျပ်၊ ဇွန်လတွင် ၁၃,၄၈၈/- ကျပ်၊ ဇူလိုင်လတွင် ၁၄,၆၁၀ိ/- ကျပ်၊ ဩဂုတ်လတွင် ၁၆,၂၆၀/-ကျပ်၊ စက်တင်ဘာလတွင် ၁၅,၇၁ဝိ/-ကျပ်၊ အောက်တိုဘာလတွင် ၁၄,၁၃ဝိ/-ကျပ်၊ နိုဝင်ဘာလတွင် ၁၄,ဝဝဝိ/-ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။

    သုံးသပ်ချက်

    မန္တလေးဈေးကွက်ရှိ ပဲဆီ၊ နှမ်းဆီဈေးနှုန်းများမှာ နှစ်စမှစ၍ တရပ်မြင့်တက်လာပါတယ်။ ဩဂုတ်လ အထိ မြင့်တက်နေပြီး ယင်းကာလနောက်ပိုင်း တရိပ်ရိပ်ကျလာတာကို တွေ့ရပါတယ်။ ယင်းကဲ့သို့ ဈေးကျ လာရခြင်းမှာ အကြော်အလှော်သမားများမှ အဆွဲနည်းလာခြင်း၊ မကွေးဒေသမှ မြေပဲ၊ နှမ်းအသစ်များ ပေါ်ချိန် ဖြစ်ခြင်းတို့ကြောင့် ဈေးနိမ့်ရခြင်းဖြစ်ပါတယ်။

    ဈေးကွက် ခန့်မှန်းချက်

    မန္တလေးဈေးကွက်ရှိ ပဲဆီ၊ နှမ်းဆီဈေးနှုန်းများ ယခုလနိုဝင်ဘာအတွင်း ဆက်လက်ကျဆင်း နိုင်ပါ ကြောင်း ခန့်မှန်း သုံးသပ်လိုပါတယ်ခင်ဗျာ။

    ဦးပြည့်ဖြိုးအောင်(ထွက်တိုး)


  • article
  • article
likes
2
comments
0
views
1285