နွားစာစပ်နည်းနမူနာနှင့် နွားအရွယ်အလိုက်ပြုစုစောင့်ရှောက်နည်းများ
- နို့ထွက်နွားမများအတွက် အစာ - နွားမများကို နို့ခန်းချိန်တွင် အစာကောင်းကောင်းကျွေးခြင်း၊ စားကျက်ထဲလွှထ်ထားခြင်းဖြင့် ဝဖြိုးလာအောင် ကျွေးမွေးနိုင်သည်။ - သားဖွားခါနီး ၂ရက်၃ရက်အလိုတွင် အစာနု လျော့ကျွေးရသည်။ - မွေးဖွားသောအခါ အစာကို ပုံမှန်အတိုင်းပြန်ကျွေးနိုင်သည်။ - နို့စားနွားမတစ်ကောင်အတွက် နမူနာအစာ - ဖွဲနု ..........၄ပိဿာ - ဆန်ကွဲ......၂ပိဿာ - နှမ်းဖတ်-ပဲဖတ်.....၃ပိဿာ - ဆား.....၁၅ကျပ်သား - ၄င်းအစာတွင် ပရိုတင်း၁၅%ခန့်ရှိသည်။ - နွားမတစ်ကောင်လျှင် မနက်၁ပိဿာ ၊ည ၁ ပိဿာကျွေးနိုင်သည်။ - မြက်စိမ်းနှင့် ကောက်ရိုးကိုလဲ လိုသလောက်ထားပေးထားရသည်။ - မြက်စိမ်းနှင့် ကောက်ရိုးလဲကျွေးရန်လိုအပ်သည်။ - --------------------------- - နွားသိုးအတွက် အစာ - နွားသိုးအတွက်အစာသည် နူန်းအားဖြင့်ကြည့်လျှင် နို့စာနွားမများထက်နည်း၏။ - သို့သော် နွားသိုးသည်ကိုယ်အလေးချိန် ပိုစီးသောကြောင့် အစာပိုစားရသည်။ - နွားသိုးကိုယ်အလေးချိန်၏ ၁%အတွက် ကောက်ရိုးကျွေး၍ ၄င်း%၏တစ်ဝက်ကိုအစာနုကျွေးရသည်။ -နမူနာ -ပိဿာ၃ရာခန့်ရှိ နွားသိုးအတွက် ကောက်ရိုး၃ပိဿာနှင့်အစာနု တစ်ပိဿာငါးဆယ်သားခန့် ကျွေးရသည်။ - ရေကို လိုသလောက်ပေးထားပါ။ - အစာနုကို စပ်ရာတွင် သမမျှတသောအစာ ဖြစ်ရန်အရေးကြီးသည်။ - ကစီဓာတ်များလွန်းပါက လှုပ်ရှားမှုနည်းလျှင် အဆီထူပြီး သားအောင်နှုန်း နည်းသွားနိုင်သည်။ - နမူနာအစာ - ဖွဲနု....၄ပိဿာ - ဆန်ကွဲ....၂ပိဿာ - နှမ်းဖတ်/ပဲဖတ်....၄ပိဿာ - ဆား.....၂၀ကျပ်သား - ပရိုတင်း၁၇%ခန့်ပါဝင်သည်။ - နွားသိုးကိုအစာကောင်းကျွေးရန်နှင့် အညောင်းပြေလှုပ်ရှားမှု မှန်မှန်ပေးနိုင်ရန် အရေးကြီးသည်။ - -------------------------- - နွားမွေးမြူရေးနှင့်နွားကလေးများကိုအစာကျွေးခြင်း - နွားကလေးများကို အသက်တစ်လအထိ ကိုယ်အလေးချိန်၁၀ပေါင်တွင် နို့၁ပေါင်နှုန်းဖြင့်ပေးသည်။ - အသက်တစ်လခွဲအတွင်းတွင် ယခင်ကထက် ၁၄ကျပ်သားခန့် နို့ပိုပေးသည်။ အသက်တစ်လခွဲမှ နှစ်လအတွင်းတွင်ဝေပုံကျထက် ၂၈ကျပ်သားခန့် နို့ပိုချပေးသည်။ - ၄င်းကာလအတွင်းတွင် နွားငယ်များကို အစာစားတတ်အောင် အကျင့်လုပ်ပေးရသည်။ - အစာအနည်းငယ်ပြ၍ စားခိုင်းခြင်း ၊အခြားအစာစားနေသော နွာငယိကလေးများနှင့် အစာကျွေးချိန်တွင် ရောနှောပြီး အစာခွက်မှ နှိုက်စားစေခြင်းတို့ပြုစေရသည်။ - အသက်၂လကျော်သောအခါမှ အစာစကျွေးရတော့မည်ဖြစ်သည်။ ဤအရွယ်တွင် အစာကြမ်းများ မကျွေးရသေးပေ။ အစာအိမ်ပုံမှန် ဖွံဖြိုးမှုနည်းသွားနိုင်သောကြောင့်ဖြစ်သည်။ - နွားငယ်စာ အစာနုစပ်ရန် နမူနာအချိုး - ဖွဲနု ၃၄% - နှမ်းဖတ်၊ပဲဖတ် ၃၀% - ဆန်ကွဲ သို့မဟုတ်ပြောင်းမှုန့် ၃၀% - ဆား ၁% - ခရုမှုန် ၅% - အသက်၂လကျော်လာသောအခါ နွားနို့ပေးခြင်းကို တစ်ဝက်ခန့် လျော့ချလိုက်ပါ။ - ထို့နောက် အစာကို နံနက် ၂၅ကျပ်သား၊ ည၂၅ကျပ်သားပေးပါ အစာစိမ်းအဖြစ် မြက်စိုကိုကျွေးနိုင်ပါသည်။ - မြက်စိုကို တနေ့လျှင် ၂၅ကျပ်သားခန့်စမ်းကျွေးနိုင်သည်။ - ------------------------ - ခိုင်းနွားများကို စောင့်ရှောက်ခြင်း - ခိုင်းနွားများကိုပြုစုစောင့်ရှောက်ရာတွင်၄င်းတို့၏ ပုံမှန်ရှိသင့်သော သွင်ပြင်လက္ခာများကိုလဲ သိထားသင့်သည်။ - သို့မှသာ ကျန်းမာသည့်လက္ခဏာပုံမှန်မဟုတ် မကျန်းမာသည့် လက္ခဏာကို ယှဉ်ပြီး ခွဲခြားနိုင်မည်ဖြစ်သည်။ - ကျန်းမာသည့်နွား၏ သွင်ပြင်လက္ခဏာများ... - အမူအရာမှာ ပတ်ဝန်းကျင်ကို စိတ်ဝင်စားမှုရှိပြီး၊ရှင်းလင်းသောအမူရာ... - မျက်လုံးမှာ တောက်ပကြည်လင်နေရမည်၊ မှိုင်မနေရ... - နှာဖျားမှာ အငွေ့ပြန်၍ စိုစွတ်အေးစက်နေမည်၊ခြောက်ပြီး ပူမနေရ.... - နားရွက်မှာ နားရွက်တဖျပ်ဖျပ်ခတ်လျက်ရှိနေပြီးအသံကြားလျှင် နားစွန့်နေရမည်၊စမ်းကြည့်လျှင် မပူလွန်းမအေးလွန်းရ.... - ကိုယ်မွှေး တောက်ပြောင်သန့်ရှင်းနေရမည်၊ ကိုယ်မွှေးစောင်းသည်ဟုခေါ်သော ညစ်မွဲမွဲ ထိုးထိုးထောင်ထောင်မသပ်မရပ်ဖြစ်နေခြင်းမျိုး မရှိရ... - သွားလာလှုပ်ရှားမှုမှာ သွက်လက်ပေါ့ပါးဖျတ်လတ်ရမည်၊ မလှမ်းချင်လှမ်းချင် လှမ်းဟန်မျိုး၊မလှမ်းပဲ တွေတွေရပ်နေခြင်းမျိုး၊ ခြေလှမ်းတိုင်း ယိမ်းယိုင်သွားခြင်းမျိုး ၊ ခြေလှမ်းတိုင်း ညည်းညူနေမှုမျိုး မရှိစေရ... - အစာရေစာ စားသောက်မှုပုံမှာ စားမြုံ့ပြန်မှု ပုံမှန်ရှိရမည် အစာစားလျော့ခြင်း၊ မစားပဲနေခြင်း၊စားမြုံမပြန်ပဲ နေခြင်းမျိုး မရှိရ... - ဆီးနှင့်ဝမ်း ဆီးဝမ်းမှန်စေရမည်။ ဆီး၏အရောင်မှာ ဝါဖျော့ဖျော့သာရှိရမည်။ ဝမ်းမှာ မမာလွန်း မပျော့လွန်းရှိရမည်။ - ဝမ်းရောင်မှာ စိမ်းဝါဝါအရောင်သာ ဖြစ်ရမည်၊ ဆေးတိုက်ထား၍ ဆေးဝါးခြင်းနှင့်မသက်ဆိုင်ပါ။ - အထိုင်အထ အထိုင်အခလေးလံခြင်း၊ မထပဲနေုခြင်း၊ မထိုင်ပဲနေခြင်း၊ မအိပ်ခြင်းတို့ မရှိရ.. - အသက်ရှူခြင်း အသက်ရှူရာတွင် မြန်လွန်းခြင်း၊ နှေးလွန်းခြင်း၊ မောပန်းခြင်း၊ အသံမြည်နေခြင်းတို့ မဖြစ်ရ။ - အန်ခြင်း မအန်ရ၊ အန်သည်ကိုတွေ့လျှင်အရေးကြီးကြောင်း သတိပြုပါ။ - အထက်ပါ၁၁ချက်ဖြင့် စီစစ်ပြီး တစ်ခုခုဖောက်ပြန်လျှင် မိမိကိုယ်တိုင်ကုနိုင်က ကုပါ။မကုနိုင်လျှင် နီးစပ်ရာ နားလည်တတ်ကျွင်းသူနှင့် အကူညီတောင်းကုသသင့်သည်။ - Dip LPA သင်ရိုးညွှန်း - Zin Zin (ဂမုန်းဖြူဖြူ) Dip. LPA 
 
 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
