ပြည်ပစျေးကွက်မရှိလို့ ထောပတ်သီးစျေးကွက်ကျ
- မြန်မာ့ ထောပတ်သီးက ပြည်ပစျေးကွက်တင်ပို့မှုက ထိုင်းနိုင်ငံတစ်ခုတည်းရှိတာကြောင့် ပြည်တွင်းမှာ ထောပတ်သီးစျေးကွက်က ယခင်နှစ်ထက်ကျနေတယ်လို့သိရပါတယ်။ - ပြီးခဲ့တဲ့နှစ်ထောပတ်သီးရာသီချိန်တုန်းက ပြည်တွင်းမှာ HASS အမျိုးအစား ထောပတ်သီးတစ်ကီလိုကို ၂၅၀၀ ကျပ်နဲ့စျေးစဖွင့်ခဲ့ပြီး ဒီဇင်ဘာလလောက်မှာ တစ်ကီလိုကို ၆၀၀၀ မှ၇၀၀၀ ကျပ်အကြား စျေးတန်းရှိခဲ့ပေမယ့် လက်ရှိထောပတ်သီးရာသီမှာတော့ တစ်ကီလိုကို ၁၅၀၀ မှ၄၀၀၀ ကျပ်လောက် သာစျေးပေါက်နေတယ်လို့သိရပါတယ်။ - "ထောပတ်သီးကအခုနှစ်ထိုင်းကိုပဲနယ်စပ်ကနေပို့တာရှိတယ်။ကျန်တဲ့နိုင်ငံတွေမပို့နိုင်ဘူး။ထိုင်းကိုတော့ တန်ချိန်အများကြီးမပို့နိုင်ဘူး။ဆိုတော့ ထိုင်းနဲ့ပြည်တွင်းပဲရှိတယ်။ခုနှစ်ပြည်တွင်းမှာက ရာသီအစမှာ ၁၅၀၀ စဖွင့်တယ် အခုထိ၄၀၀၀ လောက်ပဲရှိတယ်။မနှစ်ကရာသီအစမှာ၂၅၀၀နဲ့ဖွင့်ပြီး ခုချိန်ဆိုရင် ၆၀၀၀ အထက်လောက်ဖြစ်နေတာဆိုတော့ဒီနှစ်စျေးတန်းကျတာပေါ့။" လို့ မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုး တင်ပို့ထုတ်လုပ်ရောင်းချသူများအသင်းဝင်တစ်ဦးကပြောပါတယ်။ - ပြည်တွင်းထောပတ်သီးစိုက်ပျိုးတဲ့ကဏ္ဍမှာ ပြည်ပကိုတင်ပို့ဖို့အတွက် အရည်အသွေးကောင်းတဲ့ ထောပတ်သီး ထွက်ရှိမှုနည်းတာကြောင့်လည်း စျေးကွက်ကျဆင်းရခြင်းဖြစ်တယ်လို့သိရပါတယ်။ - "အခုနှစ်ဆိုပိုဆိုးတယ်မိုးကဖျက်တော့ထောပတ်သီးတွေအရည်အသွေးပိုပျက်တယ်။အရည်အသွေးမကောင်းတော့ပြည်ပလည်းပို့မရသလိုပြည်တွင်းလည်းစျေးကောင်းမရဘူး။အဝေးပို့လည်းမခံတော့စျေးကကျတာပေါ့" လို့ သူကထပ်မံပြောပါတယ်။ - ပြည်တွင်းစျေးကွက်မှာတော့ ထောပတ်သီးကို ဖျော်ရည်လုပ်ငန်းတွေကသာ အဓိကသုံးစွဲမှုရှိပြီး အခြား ထုတ်ကုန်အဖြစ် စားသုံးမှုကနည်းတယ်လို့သိရပါတယ်။ - သို့သော် ထောပတ်သီးကို ပြည်တွင်းစားသုံးမှုအနေနဲ့ အရင်နှစ်တွေရဲ့ သုံးစွဲမှုနှုန်း ထက် ၂ ဆမြင့်တက် လာလို့ ပြည်တွင်းက ထောပတ်သီး တန်ချိန် ၃၀၀ နီးပါး အထိ ဖြုန်းအား ရှိလာတယ်လို့သိရပါတယ်။ - အရင်က ထောပတ်သီးကို ထိုင်းနိုင်ငံ ၊ အိန္ဒိယ ၊ မလေးရှား ၊စင်္ကါပူနိုင်ငံတို့ကို အဓိကတင်ပို့မှုရှိပြီး လက်ရှိမှာတော့ထိုင်းတစ်ခုတည်းသာ တင်ပို့နိုင်တာဖြစ်ပါတယ်။ - ထောပတ်သီး ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မန္တလေးတိုင်းဒေ သကြီး(ပြင်ဦးလွင်) တို့မှာ အများဆုံး စိုက်ပျိုးကြ ပြီးရှမ်းပြည်နယ်(တောင်ပိုင်း) ဆိုရင် တောင်ကြီး၊ ရွာငံ၊ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရပ်စောက်၊ ပင်လောင်း၊ဖယ်ခုံ၊ လွိုင်လင်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)မှာ ဆိုရင်လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုနှင့် မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်)တို့မှာ အများဆုံး စိုက်ပျိုးကြ တာဖြစ်တယ်လို့သိရပါတယ်။ - မစံပယ်(AMIA) - Exclusive content for Htwet Toe - ---------- - မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
