cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ လေဖိအားနည်းလေဝဲစနစ်တစ်ခုဖြစ်ပေါ်နိုင်

. Weather News
မြန်မာနိုင်ငံမိုးသက်ရောက်နိုင်တဲ့အလားအလာတော့ မတွေ့ရှိရသေးပါဘူး
  • 04/12/2024 ☃☃☃☃☃

    မြန်မာတစ်နိုင်ငံလုံးမှာ ရာသီဥတုကြည်ကြည်လင်လင်သာသာယာယာရှိနေစေပါလိမ့်မယ်

    ISSUED TIME

    04/12/2024 6:08am


    Northeast Monsoon Low System

    ၂၀၂၄ ဒီဇင်ဘာလ ၈ရက်နေ့မှ ၁၄ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ လေဖိအားနည်းလေဝဲစနစ်တစ်ခုဖြစ်ပေါ်နိုင်ပြီး အိန္ဒိယနိုင်ငံတောင်ပိုင်းနှင့် သိရိလင်္ကာနိုင်ဆီသို့ဦးတည်သွားရောက်မှာဖြစ်ပါတယ်

    မြန်မာနိုင်ငံမိုးသက်ရောက်နိုင်တဲ့အလားအလာတော့ မတွေ့ရှိရသေးပါဘူး

    ISSUED TIME

    03,December, 2024 6:25am


    03 December 2024

    မုန်တိုင်းကင်းစင်နေပြီး

    မြန်မာတစ်နိုင်ငံလုံးမှာ ရာသီဥတု ကြည်ကြည်လင်လင် သာသာယာယာ ရှိနေပါလိမ့်မယ်

    ရိတ်သိမ်းအခြောက်လှမ်းနိုင်ကြပါတယ်

    ISSUED TIME

    03/12/2024 5:00am


    မကုန်ဆုံးနိုင်သေးတဲ့မိုး

    ရှမ်းပြည်နယ်အရှေ့ပိုင်း

    ၂၀၂၄ ဒီဇင်ဘာလ ၆ရက်နေ့မှ ၈ရက်နေ့အထိ

    ရှမ်းပြည်နယ်အရှေ့ပိုင်း

    မိုင်းဆတ်ခရိုင် တာချီလိတ်ခရိုင် ကျိုင်းတုံခရိုင်နှင့် မိုင်းလားမြို့နယ်ဒေသတွေမှာ မိုးရွာနိုင်ပါတယ် ဒါကြောင့်

    ရိတ်သိမ်းအခြောက်လှမ်းနေကြသူများ ဒီဇင်ဘာလ ၅ရက်နေ့မတိုင်မှိ အပြီးလုပ်ဆောင်ဆောင်ကြဖို့လိုအပ်ပါတယ်

    အားလုံးအဆင်ပြေချောမွေ့ကြပါစေ


    02/12/2024

    မင်္ဂလာနံနက်ခင်းလေးပါ

    တနင်္သါရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်း နေပြည်တော်ဧရိယာ ကယားပြည်နယ် ရှမ်းပြည်နယ် မန္တလေးတိုင်း မကွေးတိုင်း စစ်ကိုင်းတိုင်းဒေသတွေအားလုံး နေသာချိန်များစွာရရှိပြီး ရာသီဥတုကြည်ကြည်လင်လင် သာသာယာယာရှိနေပါလိမ့်မယ်

    ရိတ်သိမ်းအခြောက်လှမ်းနိုင်ကြပါတယ်

    ISSUED TIME

    02/December 2024


    ၂၀၂၄ ဒီဇင်ဘာလ ၃ရက်နေ့မှ ၇ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ခုလုံးမှာ

    မိုးရွာနိုင်ဆဲ့အလားအလာမရှိပဲ ရာသီဥတု ကြည်ကြည်လင်လင်သာသာယာယာရှိနေစေပါလိမ့်မယ်

    ISSUED TIME

    01/12/2024 3:30pm


    တိကျမှန်ကန်

    Su Su San မင်းကွတ်သီး

    𝘾𝙡𝙞𝙢𝙖𝙩𝙤𝙡𝙤𝙜𝙞𝙨𝙩

    𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧

    &

    𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫

    ----

    မိုးလေဝသ သတင်းများ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download



  • article
likes
7
comments
0
views
1609