cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မကွေးတိုင်းဒေသကြီးအတွက် တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် စိုက်ပျိုးရေး အကြံပြုချက်  

. Weather News
ပိုးသတ်ဆေး၊မှိုသတ်ဆေး၊ ရွက်ဖျန်းအားဆေး စသောဓာတုဆေးများကို အသုံးပြုမည်ဆိုပါက အပင်တွင်အရွက်စစ် အနည်းဆုံးအရွက်စစ်( ၃-၄ ရွက်) ထွက်ပြီးချိန်မှသာ အသုံးပြုသင့်ပါတယ်။
  • မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့မှ (၁ဝ)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက် အနေဖြင့် ပွင့်ဖြူ၊ မင်းဘူး၊ စလင်းနဲ့ စေတုတ္တရာမြို့နယ်များတွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာ မည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်း လာပါတယ်ခင်ဗျာ။

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၂.၁ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၂.၈ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။

    ပွင့်ဖြူမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့မှ (၁ဝ)ရက်နေ့အထိ တစ်ပတ်တာမိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ပွင့်ဖြူမြို့နယ်တွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာ။

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၂.၁ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၄.၆ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။

    မင်းဘူးမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့မှ (၁ဝ)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မင်းဘူးမြို့နယ်တွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာ။

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၂.၁ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၄.၆ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။

    စလင်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့မှ (၁ဝ)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် စလင်းမြို့နယ်တွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာ။

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၁.၇ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၅.၃ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။

    စေတုတ္တရာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့မှ (၁ဝ)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် စေတုတ္တရာမြို့နယ်တွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာ။

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၁.၇ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၂.၈ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။

    စိုက်ပျိုးရေး အကြံပြုချက်  

    မကွေးတိုင်းဒေသကြီးမှာရှိတဲ့ မတ်ပဲ၊ ပဲတီစိမ်းနှင့် တခြားပဲမျိုးစုံစိုက်တောင်သူများကို အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြုလိုပါတယ်ခင်ဗျာ-

    ပိုးသတ်ဆေး၊မှိုသတ်ဆေး၊ ရွက်ဖျန်းအားဆေး စသောဓာတုဆေးများကို အသုံးပြုမည်ဆိုပါက အပင်တွင်အရွက်စစ် အနည်းဆုံးအရွက်စစ်( ၃-၄ ရွက်) ထွက်ပြီးချိန်မှသာ အသုံးပြုသင့်ပါတယ်။

    Fusarium မှိုကထုတ်တဲ့အဆိပ်ကြောင့်ဖြစ်တဲ့ Sudden death syndrome (SDS) ရောဂါအတွက် ပထမအကြိမ် Hexaconazole ဖျန်းပြီး ၃ ရက်ကြာလျှင် Bismerthiazol 30 + Oxolinic acid 10 ထပ်ဖျန်းပေးနိုင်ပါတယ်။

    ကုလားပဲစိုက်ဖို့ပြင်နေတဲ့ တောင်သူများ အပင်ငယ်စဥ်တည်းက ဝါခြောက်ပြီး သေတဲ့လက္ခဏာကို ကြုံနေရပါက မစိုက်ရသေးတဲ့စိုက်ခင်းအတွက် မစိုက်ခင် ၁ ပတ်ကြိုတင်ပြီး မြေကြီးကို ထရိုင်ဂိုဒါးမား (Trichoderma) ထည့်ပါ။

    ထရိုင်ဂိုဒါးမား ထည့်ပြီးမြေနဲ့တစ်ခါတည်းထယ်မွှေပေးပါ။

    နောက် ၄ ရက်ကြာရင် မြေကြီးကို EM (အီးအမ်) ထပ်ဖျန်းပေးပါ။ စိုက်ခါနီးရင်တော့ မျိုးစေ့ကို Thiram နဲ့ မျိုးစေ့လူးနယ်ပြီးမှ စိုက်ပေးပါ။


    Weather Source: CIAT  


  • article
likes
4
comments
0
views
1103