cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

အရည်အသွေးမြင့် Non-GMO ပြောင်းများ ဝယ်ယူလိုကြောင်း တရုတ်ကုမ္ပဏီ ကမ်းလှမ်း

. Market Analysis
တရုတ်ကုမ္ပဏီတစ်ခုကနေ ကမ်းလှမ်းလာတယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးကနေ သိရပါတယ်။
  • မြန်မာနိုင်ငံကနေ စိုက်ပျိုးထွက်ရှိတဲ့ မျိုးရိုးဗီဇ ပြောင်းလဲထားခြင်းမရှိသော ပြောင်းအမျိုးအစား (Non-GMO Corn) တွေ ဝယ်ယူလိုကြောင်း တရုတ်ကုမ္ပဏီတစ်ခုကနေ ကမ်းလှမ်းလာတယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးကနေ သိရပါတယ်။

    တရုတ်နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Eastwind International Trade Co., Ltd က ဝယ်ယူလိုတဲ့ အရည်အသွေးမြင့် Non-GMO ပြောင်းအမျိုးအစားတွေကို တင်ပို့လိုတဲ့ ကုမ္ပဏီတွေရှိပါက မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ် (UMFCCI) နဲ့ လိုအပ်သလို ချိတ်ဆက်ဆောင်ရွက်နိုင်တယ်လို့ အသိပေးထားပါတယ်။

    စိုက်ပျိုးရေးဦးစီးဌာနမှ ပြုစုထားတဲ့ စာရင်းတွေအပြင် လက်ရှိ ပြောင်းအထွက်နှုန်းနဲ့ မျိုးစေ့ရောင်ချရမှုအခြေအနေပေါ် လေ့လာတွက်ချက်မှုတွေအရ မြန်မာတစ်နိုင်လုံးမှာ စုစုပေါင်းပြောင်းစိုက်ဧက ၂ သန်းကျော် ရှိပါတယ်။

    ပြောင်းထုတ်လုပ်မှုအနေနဲ့ မက်ထရစ်တန်ချိန် ၃.၂ သန်းခန့် ထွက်ရှိပြီး တန်ချိန် ၂.၂ သန်းကို ပြည်ပကို တင်ပို့ကာ လက်ကျန် တန်ချိန် ၁ သန်းခန့်ကို ပြည်တွင်းမှာ သုံးစွဲပါတယ်။

    ပြည်ပတင်ပို့မှုကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၇၀၀ ဝန်းကျင်လောက် ရရှိနေပြီး အများစုကို ထိုင်းနိုင်ငံကို တင်ပို့ရောင်းချကာ တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတွေရဲ့ ဝယ်လိုအားလည်း ရှိနေပါတယ်။

    မြန်မာ့ပြောင်းဆံရဲ့ FOB ဈေးဟာ အမေရိကန်ဒေါ်လာ ၂၅၀-၂၆၀ ဝန်းကျင်ရှိပြီး မြန်မာပြည်တွင်းဈေး (ရန်ကုန်) ပြောင်းတစ်ပိဿာ ငွေကျပ် ၁၆၀၀ ပတ်ချာလည် ရှိပါတယ်။


    BETV Business မှကူးယူဖော်ပြပါသည်။

    ---------------------

    မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
1
comments
0
views
1495