မကွေးတွင် မြေပဲဆီနှင့် နှမ်းဆီဈေးများ ကျဆင်း

မကွေးမြို့မှာ မြေပဲဆီနဲ့ နှမ်းဆီဈေးနှုန်းတွေဟာ အရင်နှစ်ကထက် ကျဆင်းလာတယ်လို့ မကွေးမြို့က ဆီစက် လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒီနှစ်မှာ ဆီကုန်ကြမ်းတွေဖြစ်တဲ့ မြေပဲနဲ့နှမ်းတွေ ပြည်ပတင်ပို့မှု သိပ်မရှိတာ ကြောင့် ကုန်ကြမ်းပေါများပြီး ဆီဈေးကျလာတာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ မြေပဲဆီတစ်ပိဿာကို ကျပ်တစ်သောင်းခွဲကနေ ကျပ်တစ်သောင်းခုနစ်ထောင်ဝန်းကျင်ဈေးရှိပြီး အရင်နှစ်က တစ်ပိဿာကို ကျပ်နှစ်သောင်းဝန်းကျင်အထိ ရှိခဲ့တာပါ။
စားအုန်းဆီရည်ညွှန်းဈေးတွေက မြင့်တက်နေပြီး ပဲဆီဈေးက ကျနေတာကြောင့် ပဲဆီစားသူတွေ မြင့်တက်လာ တယ်လို့ ဆီစက်ပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ ဦးဝင်းထွန်းက ပြောပါတယ်။ မကွေးတိုင်းဒေသကြီးဟာ မြန်မာ နိုင်ငံမှာ ဆီထွက်သီးနှံ အများဆုံးစိုက်ပျိုးတဲ့ဒေသဖြစ်ပြီး အခုဘဏ္ဍာနှစ်အတွင်းမှာလည်း ဆီထွက် သီးနှံတွေ ဖြစ်တဲ့ မြေပဲ၊ နှမ်းနဲ့ နေကြာ စိုက်ဧက ၁၃ သိန်းကျော်ကို အထူးဇုန်နှစ်ဇုန်ခွဲပြီး စိုက်ပျိုးထားတယ်လို့ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။
One News Myanmar မှကူးယူဖော်ပြပါသည်။
-------------------------
မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

NewsFeed
Communities
Explore
Inbox
Me
Market Price