ငါးတွေ ဆောင်းခိုသလား?
- ငါးတွေကတော့ ငှက်တွေလို ဆောင်းမခိုပါဘူး။ ဒါပေမယ့် ဆောင်းခိုသလိုမျိုး ဇီဝကမ္မဖြစ်စဉ်တွေ၊ အလေ့အကျင့်နဲ့ အမူ အကျင့်တွေတော့ ဆောင်းတွင်းမှာ ပြောင်းလဲသွားပါတယ်။ ဥပမာပြောရရင် အေးတဲ့ကာလတွေမှာ သူတို့ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို နှေးပြစ်လိုက်တယ်။ သွားလာလှုပ်ရှားတာနှေးလိုက်တယ်။ စွမ်းအင်ခြွေတာကြတယ်။ တစ်နည်းပြောရရင် ကန်ရေအပူချိန်ကျလာပြီး အေးလာတာနဲ့ ယင်းနဲ့ သဟဇာတဖြစ်မယ့်နည်းလမ်းကို ရွေးတော့တာပါဘဲ။ အသက်ရှင်သန်နိုင်မယ့်နည်းလမ်းဖန်တီးတယ်ဆိုရမှာပေါ့ဗျာ။ ရေချိုမှာရော ရေငန်မှာပါ နည်းလမ်းရှာကြတာပါ။ ကဲအဲ့ဒါဆို ငါးတွေ ဆောင်းခိုတဲ့နည်းလမ်းတွေကို ကြည့်ကြရအောင်နော်။ - ၁။ ထိုင်းမှိုင်းခြင်း - ဒါကတော့ အခိုက်အတန်းလုပ်လေ့ရှိတဲ့ အမူအကျင့်ပါ။ အထူးသဖြင့် ဘယ်လိုအခြေအနေ တွေမှာ ဖြစ်လဲဆိုရင် အပူချိန်ရုတ်တရက်ပြောင်းတာ၊ အစာလျော့ကျွေးတာ စတဲ့ ရုတ်တရက်ပြောင်းလဲ သွားတဲ့ အခြေအနေတွေမှာ ဖြစ်လေ့ရှိတာပါ။ - ၂။ ဆောင်းခိုခြင်း - ဒီဖြစ်စဉ်ကတော့ ရေအပူချိန်ကျတဲ့အချိန်မှာ လုပ်လေ့ရှိတာပါ။ ကန်ထဲမှာရှိတဲ့ငါးဟာ ရေအပူချိန် ကျသွားရင် ခန္ဓာကိုယ်လှုပ်ရှားတာကို နှေးပြစ်လိုက်ပြီး ရေအောက်မှာ ခိုပုန်းဖို့ကြိုးစားတော့တာ ပါဘဲ။ တစ်ဆက်တည်းမှာ စွမ်းအင်ကိုခြွေတာပြီး ရှင်သန်မယ့်နည်းလမ်းရှာတော့တာပါဘဲဗျာ။ - ၃။ အပူရှောင်ခြင်း - ဒါကတော့ ပူတဲ့ရာသီမှာ လုပ်လေ့ရှိပါတယ်။ ကန်ထဲမှာရှိတဲ့ငါးတွေဟာ အပူချိန်မြင့်လာပြီဆိုရင် ကန်ထဲ အေးမယ့်နေရာ၊ စိုစွတ်တဲ့နေရာကို ရှာလေ့ရှိပါတယ်။ ဒါမှ အပူကြောင့် ရေဓါတ်ဆုံးရှုံးတာ ဇီဝကမ္မ ဖြစ်စဉ် ကစဉ့်ကလျားဖြစ်တာတွေကို ကာကွယ်နိုင်မှာပါ။ - ၄။ ကျင်းဖွဲ့ခြင်း - တစ်ချို့ငါးမျိုးစိတ်တွေဟာ အသက်ရှင်ရေးနည်းလမ်းတစ်ခုအနေနဲ့ ကျင်းဖွဲ့နေတက်ကြပါတယ်။ ရွံ့ဆန်၊ သဲဆန်တဲ့မြေတွေမှာ လုပ်လေ့ရှိပါတယ်။ အခြားသားရဲသတ္တဝါရန်မှာ ကာကွယ်ဖို့၊ ရေအပူချိန် အတက် အကျဒဏ်ကို ခံနိုင်ဖို့နဲ့ အစာလုံလုံလောက်လောက်မရတဲ့ဒဏ်ကို ကြံ့ကြံ့ခံဖို့ အတွက် ကျင်းဖွဲ့လေ့ရှိပါတယ်။ - ၅။ ခန္ဓကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးစေခြင်း - ဆောင်းခိုတဲ့ဖြစ်စဉ်လိုပါဘဲ ငါးတွေဟာ ဆောင်းတွင်းမှာ သူတို့ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးအောင် လုပ်လိုက်ပါတယ်။ ဥပမာ ဆယ်မွန်ငါးတွေဟာ မြစ်ချောင်း၊ အင်းအိုင်တွေမှာ ကျင်လည်ကျက် စားပြီး ဆောင်းတွင်း အရမ်းအေးချိန်မှာ ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးအောင် လုပ်လေ့ရှိပါတယ်။ - အထက်ပါအချက်တွေကတော့ အရမ်းအေးတဲ့ ဆောင်းတွင်းလိုကာလတွေမှာ ငါးများလုပ်လေ့ရှိတဲ့ အလေ့ အထများကို သိထားခြင်းဖြင့် ငါးမွေးတောင်သူကြီးများ အဆင်ပြေကြပါစေလို့ ထွက်တိုးမှ ဆုတောင်းပေး လိုက်ပါတယ် ခင်ဗျာ။ - ဦးပြည့်ဖြိုးအောင်(ထွက်တိုး) - Source: - https://reelrapture.com/do-fish-hibernate/ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
