cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

၂ . ၁၂ . ၂၀၂၄ မှ ၆. ၁၂ . ၂၀၂၄ ထိ “တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက် "

. Market Analysis
" ခုတပတ်မှာမြေပဲ၊ပဲတီစိမ်း ၊ပြောင်းကစျေးတက်လာပြီး မတ်ပဲနဲ့ပဲစဥ်းငုံက စျေးတန်းထပ်ကျဆင်းလာပါတယ်"
  • ပဲတီစိမ်း

     ပဲတီစိမ်းကတော့  ခုတပတ်မှာလည်း စျေးတွေဆက်တိုက်ထပ်မံမြင့်တက်လာပါတယ်။ ခရမ်းရွှေဝါနဲ့ပဲခူးရွှေဝါက ဆောင်းရာသီစိုက်ပျိုးမှုစတင်ချိန်ဖြစ်လို့မျိုးဝယ်ယူသူတွေရှိတာကြောင့်စျေးတက်ပြီး မိုးပဲတီစိမ်းအညာအသစ်တွေကတော့စျေးကွက်ထဲဝင်ရောက်နေပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက် မှာ  ပဲတီစိမ်း(ခရမ်းရွှေဝါ)က ၅၃၀၀ ကျပ်၊  (ပဲခူးရွှေဝါ)က ၅၁၃၀ ကျပ်၊   ပဲတီစိမ်းအညာကတစ်ပိဿာ ကို ၄၅၈၀ မှ ၄၆၀၀ ကျပ်၊  ဝါးခယ်မ FAQ  က ၄၅၅၀ မှ ၄၅၇၀ ကြားရှိပြီးအရင်တပတ်ကထက် တစ်ပိဿာကို ၅၀ မှ ၈၀ ကျပ်လောက် ထပ်တက်လာပါတယ်။

     မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်း(အညာ)သုံးတင်းဝင်တစ်အိတ်ကို အမြင့်ဆုံး  ၃၀၀၀၀၀ ကျပ်ရှိနေပါတယ်။ 

    ပြောင်း

    ပြောင်းဆံစျေးကတော့  ခုတပတ်မှာလည်း စျေးထပ်တက်လာပါတယ်။ပြောင်းဆံကို ပြည်ပကဝယ်လိုအားကောင်းနေတာကြောင့် စျေးတန်းဆက်တိုက်မြင့်တက်လာနေတာဖြစ်ပါတယ်။ ပြည်တွင်းအစာစပ်စက်ရုံတွေကလည်း ဝယ်ယူမှုရှိနေတာကြောင့် စျေးတက်လာတာဖြစ်ပါတယ်။

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာပြောင်းဆံ တစ်ပိဿာကို ၁၆၀၀ မှ ၁၆၂၀ ကျပ်ရှိပြီး တစ်ပိဿာ  ၅၀ ကျပ်ထပ်တက်လာတာဖြစ် ပါတယ်။ 

    မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာလည်း ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၈၁၀၀၀ မှ ၈၂၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)နဲ့ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၃၀၀၀ မှ ၈၄၀၀၀ ကျပ် စျေးရှိပါတယ်။ အရင်တပတ်ကထက် ၃၀၀၀ ကျပ်ထပ် တက်လာပါတယ်။ 

    မြေပဲ

     မြေပဲကတော့ ပြည်ပဝယ်လိုအားနဲ့တရုတ်ယွမ်ငွေစျေးတက်လာလို့ စျေးတန်းအတက်ဘက်ပိုရောက်လာပါတယ်။ မြေပဲအသစ်တွေ​လည်း စျေးကွက်ထဲဝင်ရောက်နေပြီး ဆီစက်တွေအကြော်စုံလုပ်ငန်းတွေကလည်းဝယ်လိုအားရှိနေပါတယ်။

    မန္တလေးစျေးကွက်မှာ S1 လုံးဆံက ၈၅၀၀ မှ ၈၇၀၀ ကျပ်၊ မြေပဲအနီလုံးဆံက ၈၇၀၀ မှ ၈၉၅၀ ကျပ်၊ S1 ဆီဆံက ၈၂၀၀ မှ ၈၅၀၀ ကျပ်၊ S1 လုံးဆံသစ်က ၈၅၀၀ မှ ၈၇၀၀ ကျပ်၊Mတွဲလုံးဆံက ၈၇၀၀ မှ ၈၉၀၀ ကျပ်ရှိနေပါတယ်။ဒါကြောင့် မြေပဲဆံစျေးကွက်က အရင်တပတ်နဲ့ယှဥ်ရင်   တစ်ပိဿာကို အမျိုးအစားနဲ့အရည်အသွေးပေါ်လိုက်ပြီး ၁၀၀ မှ ၃၀၀ ကျပ်ဝန်းကျင်လောက် စျေးတက်လာပါတယ်။

    မတ်ပဲ

     မတ်ပဲစျေးကွက်ကတော့ ခုတပတ်မှာလည်းဆက်တိုက်ဆိုသလို  စျေးတန်းထပ်ကျဆင်းလာပါတယ်။  အိန္ဒိယနိုင်ငံမှာ မတ်ပဲပေါ်တဲ့ကာလဖြစ်လို့ မတ်ပဲဝယ်ယူမှုကျဆင်းသွားသလို နိုင်ငံခြားငွေစျေးလည်းကျလာတာကြောင့် မတ်ပဲစျေးဆက်တိုက်ကျလာနေတာဖြစ်ပါတယ်။

    ခုတပတ်ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ  မတ်ပဲ (FAQ )တစ်တန်ကို တနင်္လါနေ့  ၃၅၄၀၀၀၀၊   အင်္ဂါနေ့မှာ ၃၅၀၀၀၀၀၊   ဗုဒ္ဓဟူးမှာ  ၃၄၈၇၀၀၀ ၊ကြာသပတေး ၃၄၅၀၀၀၀ကျပ်

    နဲ့သောကြာနေ့မှာ ၃၄၆၇၀၀၀  ကျပ်သာ ရှိပါတယ်။အရင်တပတ်ကထက် မတ်ပဲ တစ်တန်ကို အများဆုံး  ၂သိန်း လောက်အထိ ​စျေး​ထပ်ကျပါတယ်။

    မန္တလေးစျေးကွက်မှာတော့  မတ်ပဲက  ပိဿာ ၆၀ တစ်အိတ်ကို အဟောင်းက   ၃၂၀၀၀၀  ကျပ်ရှိပြီး မတ်ပဲအသစ်က ၂၆၀၀၀၀ မှ ၂၇၅၀၀၀ ကျပ်ရှိလို့ ၅၀၀၀ ကျပ်ပြန်ကျ ပါတယ်။ 

    ပဲစဥ်းငုံ

     ပဲစဥ်းငုံကလည်း မတ်ပဲနည်းတူအိန္ဒိယနိုင်ငံက ဝယ်လိုအားကျဆင်းနေတာကြောင့်   စျေးကွက်ဆက်တိုက်ကျဆင်းလာပါတယ်။ ပဲစဥ်းငုံအသစ်တွေစျေးကွက်ထဲဝင်ရောက်မှုရှိနေတာကြောင့်လည်းစျေးက ကျလာနေတာဖြစ်ပါတယ်။   

    ခုတပတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစဥ်းငုံနီ တစ်တန်ကို တနင်္လါနေ့မှာ ၃၈၁၇၀၀၀၊  အင်္ဂါနေ့မှာ ၃၇၀၀၀၀၀၊ ဗုဒ္ဓဟူး ၃၆၅၀၀၀၀ ၊ကြာသပတေးမှာ ၃၅၅၀၀၀၀ နဲ့သောကြာနေ့မှာ ၃၅၆၅၀၀၀   ကျပ်ရှိလို့ အရင်တပတ်နဲ့ယှဥ်ရင်  တစ်တန်ကိုအမြင့်ဆုံး  ၄  သိန်းဝန်းကျင်စျေး ကျဆင်းတာဖြစ် ပါတယ်။

    မန္တလေးစျေးကွက်မှာတော့ ခုတပတ်မှာလည်း ပဲစဥ်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာတွေ့ရပါတယ်။


    (AMIA)

    Exclusive content for Htwet Toe

    -----

    မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
3
comments
0
views
1304