cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

စပါး အထွက်တိုး ရန် မြေသြ ဇာ စနစ်တကျ သုံးစွဲ ရန် လမ်းညွှန်

. Natural Fertilizer
စပါးစိုက်တောင်သူဦးကြီးများအတွက် စပါး အထွက်တိုး ရန် မြေသြ ဇာ စနစ်တကျ သုံးစွဲနည်းကို ထွက်တိုးမှ ဖော်ပြပေးလိုက်ပါတယ်။
  • အထွက်နှုံး အမြင့်ဆုံးရရှိ ရန် မြေသြဇာ များ ( သဘာ၀ မြေသြဇာ နှင့် ဓာတုမြေသြဇာ များ) ကို အချိုးအစားမျှတစွာသုံးပါ။စိုက်ပျိုးမြေအများစုသည်အဟာရမလုံလောက်သဖြင့်သီးနှံအထွက်တိုးရန်မြေသြဇာများထည့်သွင်းအသုံးပြရသည်။

    တချို့သောမြေများတွင်မြေဆီလွှာရုပ်ဂုဏ်သတ္တိတိုးတက်ကောင်းမွန်အောင်အော်ဂဲနစ်မြေသြဇာများထည့်သွင်းအသုံးပြုသည်။ထည့်သွင်းအသုံးပြုရမည့် ပမာဏ နှင့် အမျိုးအစား ကိုဆုံးဖြတ်နိုင်ရန် စပါး တစ်တန် ထွက်လျင် နိုက်ထရိုဂျင် ၁၅ ကီလို ၊ ဖော့စ်စဖရပ်စ် ၂-၃ ကီလို နှင့်ပိုတက်စီယမ် ၁၅-၂၀ ကီလို စုပ်ယူ ဖယ်ရှားသွားသည် ဆိုသည့်ယူဆချက်ပေါ်တွင်မူတည် ၍ တွက်ချက်သည်။မြေဆီလွှာ ၊ စိုက်မည့်ရာသီ ၊ သီးနှံအခြေအနေ ။ ဖြစ်ပေါ်လာနိုင်သော ရာသီဥတုအခြေအနေ ၊ ထိရောက်သော အသုံးပြုနည်းစနစ် တို့အပေါ် မူတည်သည်။

    စပါး ပင်အတွက် အဟာရဓာတ် (၁၆)မျိုး လိုအပ်သော်လည်း အခြေ ခံအားဖြင့် (၁) နိုက်ထရိုဂျင် (၂) တီစူပါ နှင့် (၃) ပိုတက် သုံးမျိုး ကို မဖြစ်မနေ သုံးရမည်။

    (၁) နိုက်ထရိုဂျင် ( ပုလဲ မြေသြဇာ) - ၏အာနိသင် သည် စပါး ပင်ကိုကြီးထွားသန်စွမ်းစေပြီး ပင်ပွားများစေသည်။

    (၂) တီစူပါ ၏အာနိသင်သည် အသီးအပွင့် ကို ပွားများစေသည်၊အစေ့အဆံပြည့်ဖြိုးပြီး အောင်စေ့ရာခိင်နှုန်းများသည်။ စပါးပင်အမြစ်ဖွံ့ ဖြိုးမှု ကောင်းစေသည်။

    (၃) ပိုတက်ရှ် ၏ အာနိသင်သည် စပါးပင်ကို ပိုးမွှားရောဂါ ဒဏ်ခံနိုင်ရည်ရှိစေသည်၊ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိစေသည်၊ အပင်ရိုင်လဲမှု လျော့နဲစေသည်၊ ဆန်ကြိတ်ရာတွင် ကျိုးအကျေနဲစေသည် ၊ ဆန်အရည်အသွေး ကောင်းစေသည်။

    အနည်းလို အဟာရဓာတ်များ အနက် ဆီလီကာ ၊ သွပ် ဓာတ် ၊ ထုံးဓာတ် နှင့် ကလိုရင်းဓာတ်များ သည် စပါးအထွက်နှုံးနှင့် အရည်အသွေးကို ကောင်းစွာ အထောက်အကူ ပြု၍ ထည့်ပေးသင့်သည်။


  • article
  • article
  • article
  • article
likes
21
comments
1
views
2362