ဆောင်းဖရဲသီးများ တရုတ်နိုင်ငံသို့ တင်ပို့နေသော်လည်း ဈေးကောင်းမရရှိသေး
- ပြည်တွင်းဖရဲသီးများ တရုတ် နိုင်ငံသို့ တင်ပို့ရာတွင် ဒီဇင်ဘာ လဆန်းပိုင်းမှစတင်ကာ တစ်စီး၊ နှစ်စီး စတင်ဝင်ရောက်တင်ပို့ နေရာ ဖရဲတစ်တန်လျှင် ယွမ်ငွေ ၂၅၀၀ ခန့်သာ ဈေးရရှိနေကြောင်း၊ ဖရဲသီးတင်ပို့မှုမှာလည်း ကားတစ် စီးစာ စိုက်ခင်းကုန်ကျငွေနှင့် တင် ပို့စရိတ်မှာ ငွေကျပ် သိန်း၂၆၀ နီးပါးကုန်ကျကြောင်း၊ လက်ရှိ တင်ပို့မှုမှာ နယ်စပ်ဒေသများတွင် စိုက်ပျိုးသည့် ရှမ်းဖရဲသီးများသာ တင်ပို့လျက်ရှိကြောင်း ခွာညိုပွဲရုံ ထံမှ သိရသည်။ - `` လက်ရှိမှာတော့ နယ်စပ်က စိုက်ပျိုးတဲ့ ရှမ်းဖရဲသီးတွေ စတင် ဝင်ရောက်နေပါတယ်။ အသီး ပေါက်ဈေးနဲ့ တင်ပို့စိုက်ပျိုးစရိတ် က တောင်သူတွေ အဆင်မပြေ သေးဘူး။ တင်ပို့စရိတ်ကလည်း ကားတစ်စီးစာကို ငွေကျပ် သိန်း ၂၆၀ နီးပါးလောက် ကုန်ကျနေ တာပါ။ လက်ရှိ တစ်တန်ပေါက် ဈေးက ၂၅၀၀ ယွမ်သာပေါက် ဈေးရှိပါတယ်။ ပြည်တွင်းက ဖရဲသီးတွေကတော့ တင်ပို့နိုင်ခြင်း မရှိသေးပါဘူး။ လက်ရှိပေါက် ဈေးကတော့ ဖရဲတောင်သူတွေ အတွက် အဆင်မပြေသေးပါဘူး´´ ဟု ၎င်းက ပြောသည်။ - လက်ရှိ ဖရဲသီးတင်ပို့မှုမှာ တရုတ်နယ်စပ်ဂိတ် မိုင်းလား- တာလော့မှတစ်ဆင့် တင်ပို့နေခြင်း ဖြစ်ရာ ကားတစ်စီးစာ စိုက်ခင်း ကုန်ကျငွေကျပ် သိန်း ၁၀၀ အပါ အဝင် တင်ပို့မှုအထွေထွေ၊ အခွန် စရိတ်များမှာ ငွေကျပ် စုစုပေါင်း သိန်း ၂၆၀ ခန့် ကုန်ကျနေပြီး လက်ရှိ ဖရဲတစ်တန်ပေါက်ဈေးမှာ တစ်တန်လျှင် ငွေကျပ် ၁၅၆၂၅၀၀ သာ ပေါက်ဈေးရှိနေပြီး ငွေဈေး တစ်ယွမ်လျှင် ၆၂၅ကျပ်ပေါက် ဈေးရှိနေသည်။ - ပြည်တွင်း ဖရဲစိုက်ပျိုးသူများ အနေဖြင့် တရုတ်နိုင်ငံနယ်စပ်သို့ ဖရဲသီးတင်ပို့မည်ဆိုပါက လက်ရှိ ကုန်ကျစရိတ်ထက် ပိုမိုကုန်ကျ နိုင်ပြီး အသီးဈေးကောင်းမရရှိ သေးခင်ဖြစ်သောကြောင့် တင်ပို့ ရန် မဖြစ်နိုင်သေးဘဲ ပြည်တွင်း ဈေးကွက်တွင်သာ ရောင်းချနေရ သည်။ - လက်ရှိ ဖရဲသီးတင်ပို့နေ သည့် မိုင်းလား-တာလော့နယ်စပ် ဂိတ်မှာ လမ်းခရီးကြာမြင့်ခြင်း ကြောင့် အသီးအရည်အသွေးကျ ဆင်းနိုင်သဖြင့် တင်ပို့သည့်တောင် သူများအနေဖြင့် ကုန်ကျစရိတ်များ ကာမိအောင် တွက်ခြေကိုက်သည့် အသီးပေါက်ဈေးမဟုတ်သဖြင့် တင်ပို့နိုင်ခြင်းမရှိသေးကြောင်း သိရသည်။ - ရွှေမန်း - မကွေးဂျာနယ်မှကူးယူဖော်ပြပါသည်။ - ---------------------------- - မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
