cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပြည်တွင်း ဝါစျေး ဆက်တိုက်တက်လာ

. Market News
တရုတ်ဘက်မှာလည်း အဝယ်ဆွဲနေခြင်းကြောင့်လည်း ဖြစ်ကြောင်း ဝါလုပ်ငန်းရှင်အချို့ထံမှ သိရသည်။
  • ပြည်တွင်းဝါစျေး ဆက်တိုက် ဆိုသလို မြင့်တက်လာကြောင်း ဝါလုပ်ငန်းရှင်အချို့ထံမှ သိရသည်။

    ယခုနှစ် ရာသီဥတု ဖောက်ပြန်မှုကြောင့် ဝါ အထွက်နှုန်း လျော့ကျနေကြောင်းနှင့် ဇန်နဝါရီလမှ လှိုင်လှိုင်ပေါ်မည် ဖြစ်၍ စျေးကွက်တွင် လက်ကျန်နည်းကာ စျေးမြင့်တက်နေခြင်း ဖြစ်ကြောင်း သိရပါသည်။

    “ကုန်ပစ္စည်းက စစထွက်ချင်းဆို စျေးတက်တယ်။ အခုက လက်ကျန်နည်းနေပြီ၊ အခုချိန်က စျေးတက်တဲ့ အချိန်ပါ။ ပြီးခဲ့တဲ့ နှစ်နဲ့ ယှဉ်ရင် ၁၀၀၀ကျော်‌လောက် တက်တယ် “ဟု မန္တလေး တိုင်းမှ ဝါလုပ်ငန်းရှင် ကိုဦးက ပြောသည်။

    ပြီးခဲ့သည့်လ စတုတ္ထအပတ်က ဝါ တစ်ပိဿာလျှင် ၃၀၀၀ကျပ်သာ ရှိခဲ့ရာမှ ဆက်တိုက် မြင့်တက်ခဲ့ပြီး လက်ရှိတွင် တစ်ပိဿာ ၄၀၀၀ ကျော် အထိ မြင့်တက်လျက်ရှိကြောင်း သိရပါသည်။

    ထို့အပြင် တရုတ်ဘက်မှာလည်း အဝယ်ဆွဲနေခြင်းကြောင့်လည်း ဖြစ်ကြောင်း ဝါလုပ်ငန်းရှင်အချို့ထံမှ သိရသည်။

    မြန်မာနိုင်ငံက ဝါကို တရုတ်နိုင်ငံသို့ အဓိက ထား တင်ပို့နေခြင်းဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာနယ်စပ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်နယ်စပ်မှ တဆင့် ကြံ၊ ရာဘာ၊ ဝါဂွမ်းနှင့် လျှော်ဖြူတို့ အား ပြန်လည်တင်သွင်းခွင့် ပြုထားကြောင်းလည်း သိရသည်။

    ဝါကို ဂွမ်းထုပ်အဖြစ် စက်များဖြင့် ဖိပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တင်ပို့ရောင်းချလျက်ရှိပြီး အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

    ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ ဝါဂွမ်း တင်ပို့မှုမှာ ၉၁၇၂ ဒသမ ၂၀ တန်ထိ တင်ပို့ နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ သိရသည်။

    လက်ကျန် ဝါများစျေးကွက်ရရှိရေးအတွက် Aအဆင့် နှင့် C အဆင့် ဝါများအား တင်ဒါစနစ်ဖြင့် ဝယ်ယူပေးလျက်ရှိကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

    ထိုကဲ့သို့ ဝယ်ယူရာတွင် အမှတ်၃ အကြီးအစားစက်မှုလုပ်ငန်းများ အတွက် ချည်မျှင်ရှည် ဝါဂွမ်း A အဆင့်ဝါ ပိဿာချိန် ရှစ်သိန်း နှင့် C အဆင့်ဝါ ပိဿာချိန် တစ်သိန်း ခြောက် သောင်းအား အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ခေါ်ယူ ထားကြောင်း သိရပါသည်။

    ပြည်တွင်း၌ ဝါသည် ဒီဇင်ဘာ လလယ်မှ စတင်ထွက် ပေါ်ကာ ဧပြီလလယ်အထိ ထွက်ပေါ် လျက်ရှိကြောင်း ဝါ စိုက်တောင်သူထံမှ သိရသည်။

    အချို့ တောင်သူများအနေဖြင့် ဝါကို မိုးနှမ်းနှင့်အတူ ၅လပိုင်းကျော် ၆လပိုင်း ခန့်တွင် တွဲစိုက်ကြကြောင်းလည်း သိရသည်။

    ပြည်တွင်း၌ ဝါကို မကွေးတိုင်း၊ မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်းတို့ရှိ မြို့ နယ်များတွင် အများဆုံး စိုက်ပျိုးကြပြီး အစိုးရအနေဖြင့်လည်း ဝါကို အရေးကြီးကုန်အဖြစ် သတ်မှတ်ထားကြောင်းလည်း သိရသည်။

    ဖိုးချဲ(AMIA)

    ---------------

    မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
1
comments
0
views
2498