မကွေးတိုင်းဒေသကြီးအတွက် တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက် အနေဖြင့် ပွင့်ဖြူ၊ မင်းဘူး၊ စလင်းနဲ့ စေတုတ္တရာမြို့နယ်များတွင် ဒီဇင်ဘာလ ၁၅၊ ၁၆၊ ၁၇ ရက်နေ့များတွင် တိမ်ထူ၊ မိုးအုံ့ခြင်း ဖြစ်ပေါ်နိုင်ပါကြောင်း၊ သတင်းပါးလိုပါတယ်။ အဆိုပါရက်များမှလွဲ၍ ကျန်ရက်များတွင် ရာသီဥတု သာယာ အေးမြမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ - အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၁.၄ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၅.၂ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ - ပွင့်ဖြူမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ တစ်ပတ်တာမိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ပွင့်ဖြူမြို့နယ်တွင် ဒီဇင်ဘာလ ၁၅၊ ၁၆၊ ၁၇ ရက်နေ့များတွင် တိမ်ထူ၊ မိုးအုံ့ခြင်း ဖြစ်ပေါ်နိုင်ပါကြောင်း၊ သတင်းပါး လိုပါတယ်။ အဆိုပါရက်များမှလွဲ၍ ကျန်ရက်များတွင် ရာသီဥတု သာယာ အေးမြမည်ဖြစ်ပါကြောင်း သတင်းပါး လိုပါတယ်။ - အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၁.၄ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၈.၅ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ - မင်းဘူးမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မင်းဘူးမြို့နယ်တွင် ဒီဇင်ဘာလ ၁၅၊ ၁၆၊ ၁၇ ရက်နေ့များတွင် တိမ်ထူ၊ မိုးအုံ့ခြင်း ဖြစ်ပေါ်နိုင်ပါကြောင်း၊ သတင်းပါး လိုပါတယ်။ အဆိုပါရက်များမှလွဲ၍ ကျန်ရက်များတွင် ရာသီဥတု သာယာ အေးမြမည်ဖြစ်ပါကြောင်း သတင်းပါးလို ပါတယ်။ - အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၁.၄ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၈.၅ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ - စလင်းမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် စလင်းမြို့နယ်တွင် ဒီဇင်ဘာလ ၁၅၊ ၁၆၊ ၁၇ ရက်နေ့များတွင် တိမ်ထူ၊ မိုးအုံ့ခြင်း ဖြစ်ပေါ်နိုင်ပါကြောင်း၊ သတင်းပါး လိုပါတယ်။ အဆိုပါရက်များမှလွဲ၍ ကျန်ရက်များတွင် ရာသီဥတု သာယာ အေးမြမည်ဖြစ်ပါကြောင်း သတင်းပါးလို ပါတယ်။ - အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃ဝ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၈.၉ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ - စေတုတ္တရာမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက် အနေဖြင့် စေတုတ္တရာမြို့နယ်တွင် ဒီဇင်ဘာလ ၁၅၊ ၁၆၊ ၁၇ ရက်နေ့များတွင် တိမ်ထူ၊ မိုးအုံ့ခြင်း ဖြစ်ပေါ်နိုင်ပါကြောင်း သတင်းပါးလိုပါတယ်။ အဆိုပါရက်များမှလွဲ၍ ကျန်ရက်များတွင် ရာသီဥတု သာယာအေးမြမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ - အမြင့်ဆုံး ပျမ်းမျှအပူချိန် ၂၉.၃ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၅.၂ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ - စိုက်ပျိုးရေး အကြံပြုချက် - မကွေးတိုင်းမှာရှိတဲ့ ပဲတီစိမ်းစိုက်ပျိုးတဲ့တောင်သူတွေအတွက် ယခုတစ်ပတ်မှာ အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြုလိုပါတယ်ခင်ဗျာ- - - လက်ရှိညနေပိုင်းနှင့် ညပိုင်းမြူကျတဲ့အခြေအနေတွင် ငမြောင်တောင်ကျရောက်မှုများကို ကြားလာရပါတယ်။ - - စိုက်ခင်းတွင်း တစ်မီတာပတ်လည်တွင် ဥမြုံတစ်မြုံတွေ့ပါက ဓာတုဆေးကိုစတင် သုံးစွဲသင့်ပါပြီ။ - - လောက်ကောင်တွင် အဆင့် (၆)ဆင့်ရှိတာကြောင့် မိမိစိုက်ခင်းတွင်ကျရောက်နေသော - - ပိုးလောက်ကောင်ရဲ့အရွယ်အစားကို အဓိကကြည့်ပါ။ - - လောက်ကောင်အဆင့် (၂-၃) မှာ Emamectin benzoate+ Lufenuron (သို့မဟုတ်) Emamectin benzoate+ Lambda cyhalothrin ကို (မနက်ခင်းပိုင်းတွင် ဖျန်းပါ)။ - - လောက်ကောင်အဆင့် (၄-၆ )ရောက်ပြီဆိုပါက ဒုတိယအကြိမ်အဖြစ် Indoxacarb+ Chlorantraniliprole ကို (3:1) နှုန်းထားဖြင့် ညနေပိုင်းအလင်းရောင်ရချိန်တွင်ဖျန်းပေးပါ။ - ငါး/ပုဇွန်ကန်များအတွက် အကြံပြုချက် - ယခုတစ်ပတ်မှာတော့ တိမ်ထူ၊ မိုးအုံခြင်းဖြစ်ပေါ်နိုင်ခြင်းတဲ့အတွက် မကွေးတိုင်းဒေသကြီးရှိ ငါး/ပုဇွန်မွေး တောင်သူဦးကြီးများအနေဖြင့် အောက်ပါအရေးကြီးအချက်တွေ ဆောင်ရွက်ဖို့ အကြံပြုလိုပါတယ်- - - တိမ်ထူ၊ မိုးအုံ့ခြင်း၊ ကန်ဖော်ရန်အချိန်နီးကပ်လာခြင်းတို့ကြောင့် အစာကျွေးနှုန်းကို ၃၀ ရာခိုင် နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ လျော့ကျွေးရန်၊ - - အပူချိန်ပြောင်းလဲပြီး အောက်ဆီဂျင်ပြတ်လပ်နိုင်တဲ့အတွက် ရေလှည့်ပေးရန်၊ - - လိုအပ်ပါက ရေအသစ်ထည့်၍ ရေလှယ်ပေးရန် အထူးအကြံပြုတိုက်တွန်းလိုပါတယ်ခင်ဗျာ။ - Weather Source: CIAT - ------------------ - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
