cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးမွေးကန်များတွင်ကြုံတွေ့ရသော ကန်ရေ အရည်အသွေးပြောင်းလဲခြင်း

. Fish Articles
ငါးမွေးကန်အတွင်း ကန်ရေ၏ချဉ်ဖန်နှုန်း မြင့်မားလာပါက ငါး၏ခန္ဓာကိုယ်မှ ချွဲများထွက်ခြင်း၊ ပါးဟက် များ ရောင်ရမ်းလာခြင်း၊ ကန်ရေတွင် သဘာဝအစာပေါက်ဖွားမှု နည်းပါးလာခြင်း(ရေဩဇာတက်ခြင်းနည်းပါးမှု) ငါးများအစာစားခြင်းလျော့နည်းလာခြင်း၊ ငါး၏ခန္ဓာကိုယ် ကြမ်းတမ်းလာခြင်းများ ဖြစ်ပေါ်လာပါသည်။
  • ငါးမွေးတောင်သူများသည် ရာသီအပြောင်းအလဲကာလများတွင် ကန်ရေအရည်အသွေးပြောင်းလဲခြင်း ကြောင့် ငါးများသေဆုံးခြင်း ၊ ငါးများအစာစားနှုန်း ကျဆင်းခြင်း နှင့် ငါးများကျန်းမာရေးချို့တဲ့လာပြီး ရောဂါ ကျ ရောက်ခြင်းများ ရှိလာတတ်ပါသည်။ ငါးမြန်မာစီမံကိန်းတွင် Villagelink ကုမ္ပဏီသည် တွံတေးမြို့နယ်၊ ညောင်တုန်း မြို့နယ် ၊ မအူပင်မြို့နယ် များနှင့် ပန်းတနော်မြို့နယ်များရှိ ငါးမွေးတောင်သူ (၃၀၀)နီးပါးကို ကန်ရေအရည်အ သွေးနှင့်ပတ်သက်ပြီး သင်တန်းများ ပေးခြင်းနှင့် ကန်ရေ အရည်အသွေးတိုင်းတာသော ပစ္စည်းများကို တောင်သူ အားလုံးသို့ ထောက်ပံ့ကူညီပေးခဲ့ပြီးဖြစ်ပါသည်။

    ကန်ရေအရည်အသွေးတိုင်းတာစစ်ဆေးရာတွင် ကန်ရေ၏ချဉ်ဖန်နှုန်းသည် အရေးကြီးကြောင်းနှင့် ကန် ရေချဉ်ဖန်နှုန်း မှန်ကန်ကောင်းမွန်ပါက မွေးမြူးထားသော ငါးများအတွက် ဖိစီးမှုနည်းပါးပြီး ငါးကျန်းမာရေး ကောင်းမွန်ပြီး အစားနှုန်းလည်း ကောင်းမွန်ပါသည်။ ငါးမွေးမြူရေးလုပ်ငန်းတွင် ပုံမှန်အားဖြင့် ချဉ်ဖန်နှုန်း ၆ မှ ၉ အကြားရှိသင့်သော်လည်း အကောင်းဆုံးအနေအထားမှာ (၇.၅)မှ (၈.၅)အတွင် ရှိရမည်ဟု သင်တန်းများတွင် တင်ပြဆွေးနွေးထားပါသည်။ ကန်ရေ၏ ချဉ်ဖန်နှုန်းသည် ပတ်ဝန်းကျင် ရာသီဥတုအခြေအနေအရ တစ်နေ့တာ အတွင်း အပြောင်းအလဲရှိနိုင်သဖြင့် ကန်ရေ၏ ချဉ်ဖန်နှုန်းကို နေ့စဉ်တိုင်းတာရန်နှင့် မနက်ပိုင်း၊ နေ့လည်ပိုင်းနှင့် ညနေပိုင်းတို့တွင် တိုင်းတာစစ်ဆေးရန် အကြံပြုခဲ့ပါသည်။

    ငါးမွေးကန်အတွင်း ကန်ရေ၏ချဉ်ဖန်နှုန်း မြင့်မားလာပါက ငါး၏ခန္ဓာကိုယ်မှ ချွဲများထွက်ခြင်း၊ ပါးဟက် များ ရောင်ရမ်းလာခြင်း၊ ကန်ရေတွင် သဘာဝအစာပေါက်ဖွားမှု နည်းပါးလာခြင်း(ရေဩဇာတက်ခြင်းနည်းပါးမှု) ငါးများအစာစားခြင်းလျော့နည်းလာခြင်း၊ ငါး၏ခန္ဓာကိုယ် ကြမ်းတမ်းလာခြင်းများ ဖြစ်ပေါ်လာပါသည်။ ငါးများ သည် အင်းအားဆုတ်ယုတ်လာပြီး ရောဂါ ဝင်ရောက်ရန်လည်း လွယ်ကူနိုင်ပါသည်။ အဆိုပါအခြေအနေတွင် ကန်ရေ၏ချဉ်ဖန်နှုန်း ကျဆင်းလာစေရန် တစ်ဧကလျှင် တီစူပါ ၆ပိဿာမှ ၁၀ပိဿာအထိ ထည့်ပေးနိုင်ပါသည်။

    ကန်အောက်ခြေတွင် သစ်ရွက်ဆွေးများ၊ အညစ်အကြေးများနှင့်အတူ နွံများထူ ထပ်များပြားနေပါက၊ ကန်အောက်ခြေတွင် ဇီဝဒြပ်ပေါင်းများပြိုကွဲခြင်းကြောင့် ဆိုးကျိုးပေးသော ဓာတ်ငွေ့များ ဖြစ်သည့် ဟိုက်ဒြိုဂျင် ဆာလဖိတ်၊ ကာဘွန်ဒိုင်အောက်ဆိုဒ်၊ အမိုးနီးယား နှင့် မီသိန်းစသော ဓာတ်ငွေ့များ ထွက် ပေါ်လာနိုင်ပြီး ငါးများတွင် အရေပြားရောင်သော ရောဂါများဖြစ်ပေါ်လာနိုင်ပါသည်။ ထို့အပြင် ကန်အတွင်းတွင် ပျော်ဝင်အောက်စီဂျင်လည်း ကျဆင်းလာနိုင်ပါသည်။ ထိုအခြေအနေမျိုးတွင် ငါးမွေးကန် ရေပြင်တစ်ဧကလျှင် ထုံးမှုန့်ပိဿာ (၃၀) (သို့မဟုတ်) ဂျစ်ဆန် (သို့မဟုတ်) ဒိုလိုမိုက် ပိဿာ (၆၀)ထည့်ပေးနိုင်ပါသည်။

    ဦးဆန်းအောင်

    ထွက်တိုး

    ---------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
  • article
likes
0
comments
0
views
2093