cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

"သီးနှံပင်များ အရွက်ဝါခြင်းအကြောင်း"

. Plant Physiology Changes
အမြစ်များတွင် ရေ၀ပ်ခြင်း၊ အောက်ဆီဂျင်ပြတ်လပ်ခြင်း၊ ဟိုက်ထရိုဂျင်ဆာလ်ဖိုဒ်ကဲ့သို့ အဆိပ် ဓာတ်ငွေ့များ ဓာတုပစ္စည်းများဖြစ်ပေါ် ခြင်းကလည်း အရွက်များကို ဝါစေနိုင်ပါသည်။
  • အရွက်စိမ်းများတွင် ရှိနေသော အစိမ်းရောင်၊ ရောင်ချယ်မှာ ကလိုရိုဖီးလ် Chlorophyll ဖြစ်သည်။ ထိုအစိမ်းရောင် ရောင်ချယ် ရှိမှသာ အပင်များသည် လေထဲမှ ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့နှင့် အမြစ်မှ စုပ်ယူရရှိသောရေကို ဓါတ်ပြုပြီး၊ အခြေခံအစာဖြစ်သော ကာဘိုဟိုက်ဒရိတ်ဟုခေါ်သော သကြား၊ ကစီများကို ပြုလုပ်နိုင်ခြင်းဖြစ်သည်။အစိမ်းရောင် ရောင်ချယ်ကလိုရိုဖီးလ်မရှိပါက အပင်များအစာ မချက်လုပ်နိုင်တော့ပါ။ ထိုအခြေအနေမှာကြီးထွားခြင်းကိုထိခိုက်စေပြီး၊ အဆုံးတွင်သေဆုံးသည်အထိ ဖြစ်သွားနိုင်ပေသည်။အရွက်များ အစိမ်းရောင်ပျောက်ပြီးဝါလာရသည့် အကြောင်းရင်း အတော်များများ ရှိနေပါသည်။ ထို့ကြောင့် အရွက်များဝါလာခြင်းကို နည်းတစ်မျိုးတည်းဖြင့် မကုစားနိုင်ပါ။ အနာနှင့်ဆေး တိုက်ဆိုင်ရန် လိုအပ်ပါသည်။

    အစိမ်းရောင်ချယ်ကလိုရိုဖီးလ်၏ အဓိကပါ၀င်သော အစိမ်းရောင်ကို မဂ္ဂနီဆီယမ်က အဓိက တာ၀န် ရှိသည်။ လူတို့တွင် သွေးအားနည်း၍ ဖြူဖတ်ဖြူရော်ဖြစ်သောအခါ အိုင်းရွန်း (ခေါ်) သံဓာတ်ပါသော ဖဲရပ်ဆာလ်ဖိတ်ကဲ့သို့သော ဆေးတစ်မျိုးမျိုးကို စားသုံးရသည်။ လူတို့၏ သွေးနီရန် သံဓာတ် လိုအပ်ခြင်းကို ဖော်ပြခြင်းဖြစ်သည်။ ပုစွန်များတွင်ကား အချို့က သွေးမရှိဟုဆိုကြသည်။ အမှန်မှာ ပုစွန်သွေးမှာ မနီဘဲ အပြာရောင် ဖြစ်နေခြင်းသာ ဖြစ်သည်။ ပုစွန်သွေး၏ အပြာရောင်မှာ ကော့ပါး (ခေါ်) ကြေးဓာတ် ကြောင့် ဖြစ်သည်။ အလားတူပင် အပင်များ၏ အစိမ်းရောင်မှာလည်း အပင်များ၏ သွေးအဖြစ်တင်စား မှတ်ယူနိုင်သည်။ မဂ္ဂနီဆီယမ်ချို့တဲ့၍ ဝါသော အရွက်များကို မဂ္ဂနီဆီယမ်ဆာလ်ဖိတ် (ဆားခါး) ပက်ကျွေးခြင်းဖြင့် လွယ်ကူစွာ ကုစားနိုင်ပါသည်။

    အကယ်၍ နိုက်ထရိုဂျင်ချို့တဲ့လျှင်လည်း အရွက်များ ဝါနိုင်ပါသည်။ နိုက်ထရိုဂျင် ချို့တဲ့သော အရွက်များ

    မှာ ဝါရုံမက အရွက်များ အရွယ်သေးငယ်နေမည် ဖြစ်သည်။ ဖော့စဖိတ်နှင့် ပိုတက်စီယမ်တို့မှာလည်း အရွက်များ၏ မူမှန်စွာ ကြီးထွားရေးအတွက် အရေးကြီးသဖြင့် ထိုဒြပ်စင်များချို့တဲ့ခြင်းကလည်း အရွက်၏ အရောင်အသွေးကို ထိခိုက်စေနိုင်ပါသည်။ အိုင်ရွန် (ခေါ်) သံဓာတ်မှာ ကလိုရိုဖီးလ် အဖွဲ့အစည်းတွဲတွင် ပါ၀င်မှုမရှိသော်လည်း ကလိုရိုဖီးလ် ဖြစ်ပေါ်စေသည်။ ဖြစ်စဉ်တွင် အရေးပါသော ဒြပ်စင် တစ်မျိုး ဖြစ်နေပြန်သည်။ ထို့ကြောင့် သံဓါတ်ချို့တဲ့ခြင်းသည်လည်း အရွက်များကို ဝါစေနိုင်ပါသည်။ ထိုအခြေအနေ မျိုးတွင် ရေပျော်သံဓာတ်ပါသော ဓာတ်ပေါင်းတစ်မျိုးမျိုးကို ပက်ဖျန်းပေးခြင်းဖြင့် အရွက်ဝါခြင်းကို ကုစားနိုင်ပါသည်။

    အမြစ်များတွင် ရေ၀ပ်ခြင်း၊ အောက်ဆီဂျင်ပြတ်လပ်ခြင်း၊ ဟိုက်ထရိုဂျင်ဆာလ်ဖိုဒ်ကဲ့သို့ အဆိပ် ဓာတ်ငွေ့များ ဓာတုပစ္စည်းများဖြစ်ပေါ် ခြင်းကလည်း အရွက်များကို ဝါစေနိုင်ပါသည်။ ရောဂါတစ်မျိုးမျိုး ကျရောက်ခြင်း ရောဂါပိုးမွှား များကြောင့် အစာလမ်းကြောင်း၊ ရေလမ်းကြောင်းတွင် ပိတ်ဆို့မှုများ ဖြစ်ပေါ်ခြင်းကလည်း အရွက်များကို ဝါစေနိုင်သည်။ စိုက်ပျိုးသူအနေနှင့် မိမိအပင်များ အရွက်ဝါခြင်း၏ အခြေခံအကြောင်းကို မှန်ကန်စွာရရှိအောင် လေ့လာပြီးမှ နည်းမှန်၊ လမ်းမှန်ဖြင့် ကုစားရန်လိုအပ်ပါသည်။ အရွက်ဝါခြင်းအကြောင်းများစွာကို ဆေးတစ်မျိုး သို့မဟုတ် မြေသြဇာတစ်မျိုးတည်းဖြင့် အစဉ်ကုစားနိုင်မည် မဟုတ်ပါ။

    “စိုက်ပျိုးရေးမှတ်စု” မှ ကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://bit.ly/htwettoev2 ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
21
comments
2
views
1885