cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရန်ကုန်၊ သီရီမင်္ဂလာဈေးရှိ ခရမ်းချဉ်ဈေးနှုန်း သုံးသပ်ခန့်မှန်းချက်

. Market Analysis
ခရမ်းချဉ်ဈေးနှုန်းများ ယခုလအတွင်း ဈေးငြိမ်နိုင်ပြီး ဒီဇင်ဘာလကုန်ခါနီးတွင် မြေပြန့်ခရမ်းချဉ်များ ဝင်လာတဲ့အတွက် ဈေးကျနိုင်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။
  • ရန်ကုန်၊ သီရီမင်္ဂလာဈေးရှိ ခရမ်းချဉ်သီးနှံ၏ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ဈေးနှုန်းကို လေ့လာသော် တစ်သေတ္တာလျှင် ၄၇,၀၀ဝိ/-ကျပ်မှ ၇ဝ,၀၀ဝိ/-ကျပ်၊ အသီးသီးဈေးဖြစ်နေပါတယ်။

    ယခင်လ (နိုဝင်ဘာလ)နှင့် ယခုလ (ဒီဇင်ဘာလ)နှိုင်းယှဉ်ခြင်း

    ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ပျမ်းမျှဈေးနှုန်းအား ယခင် နိုဝင်ဘာလ ပျမ်းမျှဈေးနှုန်းဖြင့် နှိုင်းယှဉ်သော် ရန်ကုန်၊ သီရီမင်္ဂလာဈေးရှိ ခရမ်းချဉ်ဈေးနှုန်းမှာ ယခင် နိုဝင်ဘာလထက် တစ်သေတ္တာလျှင် ၁ဝ,၂၃၂/-ကျပ် ဈေးမြင့်နေတာကို တွေ့ရပါတယ်။ ယခင် နိုဝင်ဘာလတွင် ၄၇,၅၃၅/-ကျပ်ရှိရာမှ ဒီဇင်ဘာလတွင် ၅၇,၇၆၆/-ကျပ်အထိ မြင့်တက်နေပါတယ်။

    ၂၀၂၄ ခုနှစ် လအလိုက်သုံးသပ်ခြင်း

    ၂၀၂၄ ခုနှစ် နှစ်စမှ လက်ရှိ နိုဝင်ဘာလ ပထမပတ်အထိ ခရမ်းချဉ် တစ်သေတ္တာ ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁၆,၆၆၉ ကျပ်၊ မတ်လတွင် ၂၂,၄၂၀ ကျပ်၊ ဧပြီလတွင် ၂၅,၃၂၅ ကျပ်၊ မေလတွင် ၃၆,၈၅၀ ကျပ်၊ ဇွန်လတွင် ၄၀,၆၁၃ ကျပ်၊ ဇူလိုင်လတွင် ၃၉,၃၂၀ိ/- ကျပ်၊ ဩဂုတ်လတွင် ၃၉,၇၆၀ိ/- ကျပ်၊ စက်တင်ဘာလတွင် ၅၅,၅ဝ၀ိ/- ကျပ်၊ အောက်တိုဘာလတွင် ၃၈,၁၄၀ိ/- ကျပ်၊ နိုဝင်ဘာလတွင် ၄၇,၅၃၅/- ကျပ်၊ ဒီဇင်ဘာလတွင် ၅၇,၇၆၆/- ကျပ်ဖြင့် အသီးသီး ဈေးပေါက်နေပါတယ်။

    သုံးသပ် ခန့်မှန်းချက်

    သုံးသပ်ချက်အနေဖြင့် ယခုလ ဒုတိယပတ်အထိ ဈေးမြင့်နေတာတွေ့ရပါတယ်။ အကြောင်းကတော့ ဒေသစုံမှ ခရမ်းချဉ်ဝင်ရောက်မှုနည်းနေသေးခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသဖြင့် ဈေးကွက်သို့ အဝင်နည်းနေခြင်းတို့ကြောင့် ဖြစ်ပါတယ်။

    ခန့်မှန်းချက်အနေဖြင့် ခရမ်းချဉ်ဈေးနှုန်းများ ယခုလအတွင်း ဈေးငြိမ်နိုင်ပြီး ဒီဇင်ဘာလကုန်ခါနီးတွင် မြေပြန့်ခရမ်းချဉ်များ ဝင်လာတဲ့အတွက် ဈေးကျနိုင်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    ထွက်တိုး

    -------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download


  • article
likes
4
comments
0
views
1317