cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးကန်ဖော်ရင် ဘယ်ချိန်ဖော်သင့်လဲ?

. Fish Articles
ပိုက်နဲ့ ငါးဖမ်းနဲ့စနစ်ဟာ ထိရောက်တဲ့စနစ်ဖြစ်ပြီး ငါးကန်လျှောစောက်ဖြစ်တဲ့နေရာတွေမှာ အသုံး များပါတယ်။
  • ငါးကန်ဖော်တာကို ဆောင်းတွင်းမှာ လုပ်သင့်ပါတယ်။ ရေအပူချိန် ၆၀ ဒီဂရီဖာရင်ဟိုက်ကနေ ၆၅ ဒီဂရီဖာရင်ဟိုက်အထိ ဆိုရင် ပိုကောင်းပါတယ်။ တကယ်လို့ ရေအပူချိန်ဟာ ၈ဝ ဒီဂရီဖာရင်ဟိုက်အထက် ဖြစ်နေရင်တော့ နေအေးတဲ့ မနက်ပိုင်းမှာ လုပ်သင့်ပါတယ်။

    ကန်ဖော်တော့မယ်ဆိုရင် ပထမဦးစွာ လုပ်သင့်တာကတော့ ကန်ရေရဲ့ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းကို အရင်ထုတ်ပေးသင့်ပါတယ်။ ပြီးနောက် ပိုက်တန်းတာ လုပ်သင့်ပါတယ်။ အဲလို ရေထုတ်လိုက် ပိုက်တန်း လိုက်နဲ့ ထပ်ခါထပ်ခါလုပ်နိုင်ရင်တော့ ပိုကောင်းပါတယ်။ အဲ့လိုလုပ်ရင်းနဲ့ နောက်ဆုံးအသုတ် ရေထုတ်အပြီးမှာ ကန်ထဲက ငါးအကုန်ကို ဖမ်းပြီးသား ဖြစ်သွားပါလိမ့်မယ်။ ဒီနေရာမှာ ရေကို ခြွေတာချင်ရင်တော့ တစ်ဝက်တစ်ပြတ် ကန်ဖော်နည်းကို သုံးလို့ရပါတယ်။

    ပိုက်နဲ့ ငါးဖမ်းနဲ့စနစ်ဟာ ထိရောက်တဲ့စနစ်ဖြစ်ပြီး ငါးကန်လျှောစောက်ဖြစ်တဲ့နေရာတွေမှာ အသုံး များပါတယ်။ ပြီးတော့ ငါးကန်တိမ်နဲ့နေရတွေမှာ သုံးတာပိုကောင်းပါတယ်။ ဒါပေမယ့် ကန်အောက် ခြေမှာ အပင်ငုတ်တွေနဲ့ အခြားအမှိုက်သရိုက်တွေရှိနေရင်တော့ သိပ်အဆင်မပြေနိုင်ပါဘူး။ တစ်ဆက်တည်းမှာဘဲ ရေလျော့ပြီးကန်ရေအနက်ထက် ငါးဖမ်းပိုက်အမြင့်ဟာ ၂ ဆဖြစ်နေရင်ပိုကောင်းပါတယ်။ ဥပမာ ကန်ရေ ၂ ပေလောက်ချန်ထားရင် ပိုက်က ၄ ပေလောက်ရှိနေရင်ပိုကောင်းပါတယ်။

    နောက်တစ်ခုကတော့ ကန်ဖော်ပြီးငါးတွေကို သယ်ယူရာမှာ ဂရုစိုက်ဖို့လိုပါတယ်။ ဖြစ်နိုင်ရင်တော့ အသက်ရှင်လျှက်ထားပြီး သယ်လို့ရမယ့် ထည့်စရာ သို့မဟုတ် ကားတွေနဲ့ဆိုပိုအဆင်ပြေပါတယ်။ အဲဒီမှာ ရေအပူအချိန် ၆၀ ဒီဂရီဖာရင်ဟိုက်ကနေ ၆၅ ဒီဂရီဖာရင်အတွင်း ထားနိုင်ရင်ပိုကောင်းပါတယ်။ အဲ့လိုလုပ် ပေးနိုင်ရင်တော့ အချိန်အကြာကြီးနဲ့ ခရီးအဝေးကြီးထိသယ်လို့ရပါတယ်။ ဥပမာပြောရရင် တစ်ကျုဗစ်ပေမှာ ၇ ပေါင်ကနေ ၁၂အထိထည့်လို့ရပြီး ၂၄ နာရီမှ ၄၈ နာရီအထိထားနိုင်ပါတယ်ခင်ဗျာ။ ဒီထက်အပိုချိန်မြင့် နေရင်တော့ အကောင်အရေအတွက်လျော့ထည့်နိုင်ပါတယ်။ အဲလိုနည်းနဲ့ လိုရာခရီးကို အဆင်ပြေစွာရောက် အောင်ပို့ဆောင်နိုင်ပါကြောင်း နည်းပညာမျှဝေခြင်း ငါးမွေးတောင်သူကြီးများ အဆင်ပြေကြပါစေကြောင်း ထွက်တိုးမှ ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။

    Source: www.ca.uky.edu/wkrec/Wurtspage.htm

    ------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
2
comments
0
views
1820