စားဖိုဆောင်သီးနှံ စျေးကွက်သုံးသပ်ချက်💹💹
- ကြက်သွန်ဖြူ - ကြက်သွန်ဖြူက ခုတစ်ပတ်မှာ ကြူကုတ်က စျေးပြန်ကျပြီး ရှမ်းကြက်သွန်တွေက တက်ရိပ်ပြ ပါတယ်။ ကြူကုတ်က တစ်ပိဿာကို ၂၀၀၀လောက်ပြန်ကျပြီး ရှမ်းကြက်သွန်က တစ်ပိဿာကို ၅၀၀ လောက်တက်လာတာ ဖြစ်ပါတယ်။ - ဘုရင့်နောင်ကုန်စည်ဒိုင်စျေးကွက်မှာ ကြူကုတ် တစ်ပိဿာကို အရင်တစ်ပတ်က ၁၉၀၀၀ နဲ့ ၂၀၀၀၀ ကျပ်ကြားရှိရာကနေ ခုတပတ်မှာ ၁၈၀၀၀ ကျပ်ဝန်းကျင်ရှိလာတာဖြစ် ပါတယ်။ - ရှမ်းကြက်သွန်ဖြူတွေဖြစ်တဲ့ ထူး၂က ၁၂၅၀၀၊ ထူး၃က ၁၄၀၀၀၊ ထူး ၄က ၁၅၀၀၀၊ ထူး၅က ၁၆၀၀၀ ကျပ်ရှိပါတယ်။ - ရှမ်းပြည်နယ်အောင်ပန်းကုန်စည်စျေးကွက်မှာတော့ စျေးငြိမ်နေပါတယ်။ အောင်ပန်း ထူး၂ တစ်ပိဿာကို ၁၂၅၀၀ ကျပ်၊ အောင်ပန်းထူး ၃ က ၁၃၅၀၀ ကျပ်၊ အောင်ပန်းထူး ၄က ၁၄၅၀၀ ကျပ်ရှိပြီး အောင်ပန်းထူး ၅ တစ်ပိဿာကို ၁၅၅၀၀ ကျပ်၊ ကြူကုတ်က ၂၁၀၀၀ ကျပ်ရှိပါတယ်။ - ခရမ်းချဥ် - ခရမ်းချဥ်သီးကတော့ နယ်အစုံကနေ ခူးဆွတ်နေပြီး စျေးကွက်ထဲ ဝင်ရောက်နေပြီဖြစ်လို့ စျေးတန်းကျလာနေ ပါတယ်။ - ရှမ်းပြည်နယ်အောင်ပန်းကုန်စိမ်းစျေးကွက်မှာဆိုရင် ခရမ်းချဥ်သီး ဂွတ်သီးတစ်ပိဿာကို ၃၅၀၀ ကျပ်၊ ခရမ်းချဥ်သီး ရှယ်သီးက တစ်ပိဿာကို ၃၀၀၀ ကျပ်နဲ့ ခရမ်းချဥ်သီးတစ်ပိဿာ ၂၇၀၀ ကျပ်အထိ သာရှိပါတယ်။ တစ်ပိဿာကို ၄၀၀၀ ကျပ် လောက်အထိစျေးတွေကျသွားတာ ဖြစ်ပါတယ်။ - အာလူး - အာလူးက ခုတစ်ပတ် ဘုရင့်နောင်မှာ စျေးတန်းကျဆင်းသွားပါတယ်။ တရုတ်အာလူးက ပစ္စည်းအဝင်နည်းပေမယ့်လည်း ရှမ်းအာလူးတွေ အဝင်ရှိနေတာကြောင့် စျေးတန်းကျလာတာဖြစ်ပါတယ်။ ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာလည်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ပိတ်နေလို့ အာလူးစျေးကျနေပါတယ်။ - ရန်ကုန် ဘုရင့်နောင်စျေးကွက်မှာ တရုတ်အာလူးတစ်ပိဿာကို ၉၂၀၀ ကျပ်ရှိနေရာက ခုတစ်ပတ်မှာတော့ ၇၃၀၀ ကျပ်သာရှိတော့လို့ တစ်ပိဿာကို ၁၉၀၀ လောက်ပြန်ကျလာတာဖြစ်ပါတယ်။ - အောင်ပန်းစျေးကွက်မှာတော့ မျက်နီ S1/ OK က ၆၀၀၀ ကျပ်၊၊မျက်နီ OK က ၅၅၀၀ ကျပ်၊ မျက်နီ A1 က ၄၅၀၀ ကျပ်၊ A1ဆွဲမျက်နီက ၃၅၀၀ ကျပ် ရှိလာပြီး လုပ်ငန်းသုံး အကြော်သီးတွေဖြစ်တဲ့ မားကစ် S2/ S-1 နဲ့ မျက်နီ S-2 /S1 က ၆၅၀၀ မှ ၇၀၀၀ ကျပ်စျေးပေါက်နေပါတယ်။ တစ်ပိဿာကို ၁၀၀၀မှ ၂၀၀၀ကျပ်နီးပါးအထိ ပြန်ကျလာနေတာဖြစ်ပါတယ်။ - မန်းကျည်းသီး - ခုနှစ် ပြည်တွင်း မန်းကျည်းသီး စျေးကွက်မှာ မန်ကျည်းသီးမှည့် ဝင်ရောက်မှု နည်းပြီး ဝယ်လိုအားကောင်းတာကြောင့် မန်ကျည်းသီးစျေးနူန်းက ဆက်တိုက်မြင့်တက်လာနေပါတယ်။ - လက်ရှိရန်ကုန် ဘုရင်နောင်စျေးကွက်မှာ မန်ကျည်းသီး (ပွင့်ကပ်) အစေ့ပါ တစ်ပိဿာကို ၃၃၀၀ ကျပ်မှ ၃၅၀၀ ကျပ်ရှိပြီး အစေ့ထုတ်ပြီး မန်ကျည်းသီး အသား တစ်ပိဿာကိုတော့ ၉၅၀၀ မှ ၁၃၀၀၀ ကျပ်အတွင်း စျေးတန်းရှိလာတယ်လို့သိရပါတယ်။ - AMIA 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
