cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပို့ကုန်ပြောင်းကုန်သည်များအနေဖြင့် ပြောင်း ဈေးကောင်းပေးဝယ်ယူတင်ပို့နေ

. Market News
လက်ရှိပြောင်းဈေးကွက်တွင် ရန်ကုန်အရောက်ဈေး တစ်ပိဿာလျှင် ငွေကျပ် ၁၆၀၀ ကျော်နှင့် မန္တလေးအရောက်ဈေး ၅၄ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၉၀၀၀၀ ပေါက်ဈေးရှိနေပြီး နယ်ဈေးများမှာ သယ်ယူပို့ဆောင်စရိတ်လျှော့ ပြီး ဝယ်ယူလျက်ရှိသည်။
  • ပြည်တွင်းပြောင်းစိုက်တောင် သူများအနေဖြင့် ပြောင်းသစ်များ ပေါ်လာချိန်တွင် ပြောင်းဈေးကောင်း လာရာ ပြောင်းတစ်ပိဿာလျှင် ငွေကျပ် ၁၆၀၀ ခန့် ရရှိလာ ကြောင်း တောင်သူများထံက သိ ရသည်။

    ပြည်ပသို့ ပြောင်းတင်ပို့မှုမှ ရရှိလာသည့် ပို့ကုန်ရငွေ ရရှိမှုပေါ် မူတည်ပြီး ပြည်တွင်းပြောင်းဈေး မှာ အတက်အကျ အနည်းငယ် ဖြင့် အရောင်းအဝယ်ဖြစ်လာ ကြောင်း၊ လက်ရှိ FOB ပေါက် ဈေးအတိုင်းတွက်ချက်ကာ ယခင်လို အမြတ်မချန်ဘဲ အရင်းမရှုံးဈေး ဖြင့် ပို့ကုန်သမားများ ဈေးကောင်း ပေးဝယ်လာခြင်းဖြစ်ကြောင်း ပို့ကုန်သမားတစ်ဦးထံက သိရ သည်။

    ``ယခု လက်ရှိ ပြောင်းဈေး မြင့်တက်နေခြင်းက ပို့ကုန်သမား တွေ အရင်းအတိုင်း အမြတ်မယူ ဘဲ တင်ပို့နေပါတယ်။ ရန်ကုန် အရောက်ဈေး၊ မန္တလေးအရောက် ဈေးကို သယ်ယူပို့ဆောင်စရိတ် ပေါင်းပြီး အရင်းမရှုံးတဲ့ဈေးနဲ့ တောင်သူတွေဆီက ဈေးကောင်း ပေးဝယ်နေတာပါ။ အရင်ကဆိုရင် အနည်းဆုံး တစ်ပိဿာကို ငွေ ကျပ် ၅၀ ခန့် ဈေးခွာပြီး ဝယ်ယူ တာပါ။ ပို့ကုန်သမားတွေအနေနဲ့ ပို့ကုန်ရငွေ ရှိမှသာ နိုင်ငံခြားငွေ ဖြင့် ပြန်လည်တင်သွင်းမှုများ ပြု လုပ်နိုင်တဲ့ မူဝါဒကြောင့် ပို့ကုန် ပေါ်မှာ အမြတ်မယူတော့ဘဲ တင် ပို့နေကြတာပါ။ ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှု ပိတ်ထားချိန် ဖြစ် ပေမယ့် လက်ရှိမှာ ပြောင်း ဝယ် လိုအား ကောင်းနေခြင်း ဖြစ်ပါ တယ်´´ ဟု ၎င်းက ပြောသည်။

    လက်ရှိပြောင်းဈေးကွက်တွင် ရန်ကုန်အရောက်ဈေး တစ်ပိဿာလျှင် ငွေကျပ် ၁၆၀၀ ကျော်နှင့် မန္တလေးအရောက်ဈေး ၅၄ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၉၀၀၀၀ ပေါက်ဈေးရှိနေပြီး နယ်ဈေးများမှာ သယ်ယူပို့ဆောင်စရိတ်လျှော့ ပြီး ဝယ်ယူလျက်ရှိသည်။

    ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တွင် ပြောင်းတင်ပို့မှု မက်ထရစ် တန် ၂ သန်းကျော် တင်ပို့ထား ပြီး စုစုပေါင်း တန်ချိန် သုံးသန်း ကျော် တင်ပို့ရန် မျှော်မှန်းထားပြီး ပို့ကုန် အမယ်များတွင် တတိယ အများဆုံး နိုင်ငံခြားဝင်ငွေရရှိ သည့် လယ်ယာထွက်ကုန်သီးနှံ ဖြစ်သည်။ ပြောင်းကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဖိလစ်ပိုင် နိုင်ငံ၊ ဗီယက်နမ်နိုင်ငံသို့ ပင်လယ် ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် မှုများမှ အများဆုံး တင်ပို့လျက် ရှိသည်။

    မြန်မာနိုင်ငံတွင် ပြောင်းစိုက် ပျိုးမှုအနေဖြင့် ရှမ်းပြည်နယ်၊ ဧရာ ၀တီတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီးတို့ တွင် အစေ့ထုတ်ပြောင်းနှင့် ဖူးစား ပြောင်းများကို ဒေသအလိုက် စိုက်ပျိုးလျက်ရှိကြောင်း သိရ သည်။

    ရွှေမန်း

    မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။

    ----------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download


  • article
likes
4
comments
0
views
1380