တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (ရန်ကုန်တိုင်းဒေသကြီး)
- ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့မှ (၂၂)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေး၊ သန်လျင်၊ ကျောက်တန်းမြို့နယ်များတွင် ၂၀၊ ၂၁၊ ၂၂ ရက်တွေမှာ တိမ်ထူခြင်း၊ မိုးအုံ့ခြင်းနဲ့ နေ့ရာကွက်ကြား မိုးအနည်းငယ်ရွာခြင်းတို့ဖြစ်နိုင်ပြီး အအေးဓာတ်ပိုလာနိုင်ပါတယ် ခင်ဗျာ။ - ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၁.၆ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်န်မှာ ၂၁.၉ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။ - တွံတေးမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့မှ (၂၂)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်တွင် ၂၀၊ ၂၁၊ ၂၂ ရက်တွေမှာ တိမ်ထူခြင်း၊ မိုးအုံ့ခြင်းနဲ့ နေ့ရာကွက်ကြား မိုးအနည်းငယ်ရွာခြင်းတို့ဖြစ်နိုင်ပြီး အအေးဓာတ်ပိုလာနိုင်ပါတယ် ခင်ဗျာ။ - ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၁.၆ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်မှာ ၂ ၂၂ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။ - သန်လျင်မြို့နယ် - ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့မှ (၂၂)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်မြို့နယ်တွင် ၂၀၊ ၂၁၊ ၂၂ ရက်တွေမှာ တိမ်ထူခြင်း၊ မိုးအုံ့ခြင်းနဲ့ နေ့ရာကွက်ကြား မိုးအနည်းငယ်ရွာခြင်းတို့ဖြစ်နိုင်ပြီး အအေးဓာတ်ပိုလာနိုင်ပါတယ် ခင်ဗျာ။ - ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၃၂.၁ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်မှာ ၂ ၂၁.၉ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။ - ကျောက်တန်းမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့မှ (၂၂)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တန်းမြို့နယ်တွင် ၂၀၊ ၂၁၊ ၂၂ ရက်တွေမှာ တိမ်ထူခြင်း၊ မိုးအုံ့ခြင်းနဲ့ နေ့ရာကွက် ကြား မိုးအနည်းငယ်ရွာခြင်းတို့ဖြစ်နိုင်ပြီး အအေးဓါတ်ပိုလာနိုင်ပါတယ် ခင်ဗျာ။ - ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၃၁.၅ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်မှာ ၂ ၂၂.၈ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။ - စိုက်ပျိုးရေး အကြံပြုချက် - -ယခုတစ်ပတ်မှာတော့ မိုးလေးအုံ့ပြီး အအေးဓာတ်ပိုလာနိုင်တာမို့ မတ်ပဲ၊ ပဲတီစိမ်းတောင်သူတွေအနေနဲ့ အောက်ပါအချက်တွေကို ဆောင်ရွက်ဖို့ အကြံပြုလိုက်ရပါတယ်ခင်ဗျာ- - -မတ်ပဲ၊ ပဲတီစိမ်း အဖူးအပွင့်ဝင်ချိန်တွင် ပိုတက်စီယမ်(K) အဓိကပါဝင်သော ရွက်ဖျန်းအားဆေးကို အဓိကဖျန်းပေးပါ။ - -ရှေ့ရက်တွင် မိုးအနည်းငယ်ရွာသွားပြီး နောက်ရက်နေပြန်ပွင့်လာပါက စိုက်ခင်းအစိုဓာတ်နှင့် ယင်ဖြူကြိုက်နှစ်သက်သောအခြေအနေဖြစ်သောကြောင့် ယင်ဖြူကိုသေချာကွင်းဆင်းစစ်ဆေးကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ - -ယင်ဖြူခိုအောင်းရာပေါင်းမြက်များကိုလည်း သေချာရှင်းလင်းပေးပါ။ - -နိုက်ထရိုဂျင် (N) ရွက်ဖျန်းအလွန်အကျွံဖျန်းခြင်းကို ရှောင်ပါ။ - -ယင်ဖြူအတွက် အသုံးပြုနိုင်သောဓာတုဆေးများ- ပထမတစ်ကြိမ်ကို Spirotetramat + Pyriproxyfen၊ ဒုတိယအနေနဲ့ Fipronil+ Bifenthrin ၊ တတိယအကြိမ်မှာ Thiamethoxam + Chlorfenapyr အသုံးပြုနိုင်ပါတယ်။ - -ဖားဥမှိုရောဂါအတွက်ကတော့ Sulphur ကိုတစ်ကြိမ်ကြိုတင်အသုံးပြုနိုင်ပါတယ်။ - ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက် - ယခုတစ်ပတ်အတွင်း ရာသီဥတုအေးလာတဲ့အတွက် ကန်ရေအတွင်း အောက်ဆီဂျင်ပြတ်တာတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့်မို့ ငါး/ပုဇွန်မွေးတောင်သူကြီးတွေအနေနဲ့ အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ် ခင်ဗျာ- - -ရေဒလတ်ကို နံနက် ၂:ဝဝ နာရီမှ နံနက် ၄:ဝဝ အတွင်း လည်ပတ်ပေးရန်၊ - -ည ၁၂:၀၀နာရီ နောက်ပိုင်း အောက်ဆီဂျင်ရရှိရေး ဆောင်ရွက်ပေးရန်၊ - -ရေဒလတ် တပ်ဆင်ထားခြင်းမရှိပါက အပေါ်ရေ၊ အောက်ရေလှယ်ခြင်းကို ဆောင်ရွက်ပေးရန်၊ - -ရေဩဇာလွန်ကဲနေပါက လျော့ချပေးရန်၊ - -နံနက်ပိုင်းတွင် ကန်ရေပေါ် ကူးခတ်သွားလာနေခြင်း ရှိ/မရှိ စစ်ဆေးပေးရန်၊ - -ကန်အတွင်း ပြွတ်သိပ်မနေစေရန် ဈေးကွက်တန်းဝင်အရွယ်ရောက် ငါးများကို ဖမ်းယူရောင်းချနိုင်ရန်၊ - Weather Source: CIAT - ------------------ - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
