ကြံကြိတ်ခွဲရာသီစတင်နေပြီး ကြံတစ်တန် စက်ရုံအရောက်ဈေး ကျပ် ၂ သိန်းအထိ ပေးဝယ်နေ
ယခုနှစ် နိုဝင်ဘာလကုန်မှစကာ ကြံရာသီအသစ်သို့ ရောက်ရှိလာပြီဖြစ်၍ ပြည်တွင်းရှိ သကြားစက်ရုံများလည်း ဒီဇင်ဘာ လလယ်မှစတင်ကာ လည်ပတ်လာပြီဖြစ်တဲ့အတွက် စက်ရုံအရောက် ကြံတစ်တန်ဈေးကို ကျပ် ၁၈၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ဈေးကောင်းပေးဝယ်နေကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းထံမှ သိရပါတယ်။
ကုန်ခဲ့တဲ့ ကြံကြိတ်ခွဲရာသီမှာတော့ ကြံတစ်တန်ကို ကျပ် ၁၅၀,၀၀၀ သာဈေးရှိခဲ့သော်လည်း ယခုနှစ်မှာတော့ ပေါက်ဈေးမြင့်လာပြီး စက်ရုံအရောက်ဈေးဖြစ်တဲ့အတွက် သယ်ယူပို့ဆောင် စရိတ်ကို တောင်သူတွေဘက်က ကျခံပေးရမှာဖြစ်တယ်လို့ ၎င်းအသင်းရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြားပါတယ်။
ယခုနှစ် ကြံကြိတ်ခွဲရာသီဖြစ်တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ် ဧပြီလအထိ ကြံတစ်တန်ကို စက်ရုံအရောက် ငွေကျပ် ၁၈၀,၀၀၀ မှ ၂၀၀,၀၀၀ နှုန်းဖြင့် ဝယ်ယူသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ကြံကို စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် တောင်ပိုင်းနှင့်မြောက်ပိုင်းတို့မှာ အဓိက စိုက်ပျိုးကြကာ ရန်ကုန်တိုင်းဒေသကြီးမှာလည်း အနည်းငယ် စိုက်ပျိုးမှုရှိကြောင်းနှင့် ပြည်တွင်းမှာ သကြားစက်ပေါင်း ၂၃ ခု ရှိကာ ကြံတစ်ဧကလျှင် ပျမ်းမျှ ကြံတန်ချိန် ၃၈ တန်မှ ၄၅ တန်အထိ ထွက်လေ့ရှိကြောင်းသိရပါတယ်။
Myanmar Future News မှ ကူးယူဖော်ပြပါသည်။
----------
သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။
ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download


NewsFeed
Communities
Explore
Inbox
Me
Market Price