cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (မကွေးတိုင်းဒေသကြီး)   

. Nutrient Deficiency
ဒီဇင်ဘာလ ၂၁၊ ၂၂ ရက်နေ့များတွင် မိုးရွာနိုင် ပါကြောင်းနဲ့ တဖြည်းဖြည်း အအေးဓာတ်ပိုလာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။
  • မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့မှ (၂၄)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက် အနေဖြင့် ပွင့်ဖြူ၊ မင်းဘူး၊ စလင်းနဲ့ စေတုတ္တရာမြို့နယ်များတွင် ဒီဇင်ဘာလ ၂၁၊ ၂၂ ရက်နေ့များတွင် မိုးရွာနိုင် ပါကြောင်းနဲ့ တဖြည်းဖြည်း အအေးဓာတ်ပိုလာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ 

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၂၉ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၈ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။  

    ပွင့်ဖြူမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ တစ်ပတ်တာမိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ပွင့်ဖြူမြို့နယ်တွင် ဒီဇင်ဘာလ ၂၁၊ ၂၂ ရက်နေ့များတွင် မိုးရွာနိုင် ပါကြောင်းနဲ့ တဖြည်းဖြည်း အအေးဓာတ်ပိုလာမည် ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။  

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၂၉ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၈ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။  

    မင်းဘူးမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မင်းဘူးမြို့နယ်တွင် ဒီဇင်ဘာလ ၂၁၊ ၂၂ ရက်နေ့များတွင် မိုးရွာနိုင် ပါကြောင်းနဲ့ တဖြည်းဖြည်း အအေးဓာတ်ပိုလာ မည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။  

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၂၉ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၈ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။  

    စလင်းမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် စလင်းမြို့နယ်တွင် ဒီဇင်ဘာလ ၂၁၊ ၂၂ ရက်နေ့များတွင် မိုးရွာနိုင် ပါကြောင်းနဲ့ တဖြည်းဖြည်း အအေးဓာတ်ပိုလာ မည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။  

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၂၈ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၆ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။  

    စေတုတ္တရာမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက် အနေဖြင့် စေတုတ္တရာမြို့နယ်တွင် ဒီဇင်ဘာလ ၂၁၊ ၂၂ ရက်နေ့များတွင် မိုးရွာနိုင်ပါကြောင်းနဲ့ တဖြည်းဖြည်း အအေးဓါတ်ပို လာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။  

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၂၈ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၉ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။  

    စိုက်ပျိုးရေး အကြံပြုချက်  

    မကွေးတိုင်းဒေသကြီးမှာရှိတဲ့ တောင်သူကြီးများကို အောက်ပါအချက်တွေဆောင်ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ- 

    • သီးနှံပင်သက်တမ်းတစ်လျှောက် နိုက်ထရိုဂျင် (ယူရီးယား/ ပုလဲ) ထည့်သွင်းမှုလွန်ကဲပါက သီးနှံပင်တွင် ဖျက်ပိုးကျရောက်မှုပိုများတာကို နားလည်သတိပြုသင့်ပါတယ်။ 
    • နိုက်ထရိုဂျင်(Nitrogen) ပုံမှန်လိုအပ်သောပမာဏထက်ပိုမိုထည့်သွင်းပါက ပဲပင်၏အရွက်သည် ပုံမှန်ထက်ပိုမိုစိမ်းသော (အစိမ်းရင့်ရောင်) သို့ပြောင်းသွားပြီး ဖျက်ပိုးများဖြစ်တဲ့ (ရွက်လိပ်ရွက်ကပ်၊ ငမြောင်တောင်၊ ယင်ဖြူ၊ သရစ် ၊ပျ) အကြိုက်ဖြစ်စေပါတယ်။ 
    • ဒါကြောင့် နိုက်ထရိုဂျင် (N) တစ်မျိုးကောင်းအာဟာရထက် NPK အချိုးညီမျှသော ရွက်ဖျန်းအား ဆေးမျိုး+ အနည်းလိုအာဟာရများပါဝင်သောရွက်ဖျန်းမျိုးကိုရွေးချယ်ပါ။ 
    • ဟော်မုန်းအားဆေးများကိုလည်း အလွန်အကျွံအသုံးမပြုပါနဲ့။ 

    ငါး/ပုစွန်ကန်များအတွက် အကြံပြုချက်  

    ယခုတစ်ပတ်မှာ မိုးရွာနိုင်တဲ့အတွက် မကွေးတိုင်းမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူကြီးများအနေနဲ့ အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ- 

    • ဆောင်းရာသီဖြစ်၍ အအေးဓာတ်ဝင်ချိန် မိုးရွာသွန်းမည်ဆိုပါက ကန်ရေအပူချိန်ပိုအေးနိုင်ပြီး ငါးများ စိတ်ဖိစီးမှု ဖြစ်စေပါတယ်။ အဲလိုအခြေအနေမှာ ရောဂါဝင်နိုင်လို့ ကြိုတင်ကာကွယ်နိုင်ရန်၊ 
    • အာဟာရစုံတဲ့ ငါးစာများကို ရွေးချယ်ကျွေးရန်၊ 
    • ခုခံအားကောင်းစေရန်အတွက် ငါးစာထဲတွင် ဗိုက်တာမင်စီ ထည့်ကျွေးရန်၊  
    • ဆေးဘက်ဝင် အပင်ထွက်ပစ္စည်းများ ကျွေးရန်၊ 
    • ရာသီဥတုအေးချိန် ငါးများရဲ့ ဇီဝကမ္မဖြစ်စဉ်လျော့ချနိုင်တဲ့အတွက် အစာလျော့ကျွေးရန်နဲ့ မနက်ပိုင်း နေ့သာချိန် 9:00 am နောက်ပိုင်းမှ အစာကျွေးရန်၊ 
    • ငါးရောဂါများ ကျရောက်ချိန်ဖြစ်၍ ကန်အတွင်း ငါးတွေရဲ့ အခြေအနေများကို သေချာစစ်ဆေးပေးရန်၊ 

    Weather Source: CIAT 

    ------------------ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက 

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes
6
comments
0
views
3743