cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တရုတ်ကို ဖရဲသီးတင်ပို့မှု အနည်းငယ်ရှိသော်လည်း ဈေးကောင်းမရသေးဟုဆို

. Market News
လက်ရှိတွင် နယ်စပ်ဒေသများမှစိုက်ပျိုးသည့် ရှမ်းဖရဲသီးများသာ တရုတ်ဘက်သို့ တင်ပို့နေခြင်းဖြစ်ပြီး ပြည်မထဲမှာစိုက်ပျိုးထွက်ရှိတဲ့ ဖရဲသီးများကိုတင်ပို့နိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။
  • မြန်မာနိုင်ငံမှထွက်ရှိသည့် ဖရဲသီးများသို့ တရုတ်နိုင်ငံသို့ နယ်စပ်မှတဆင့် တင်ပို့မှုအနည်းငယ်ရှိသော်လည်း ဈေးကောင်းမရသေးကြောင်း နယ်စပ်ကုန်သည်များထံမှ သိရပါတယ်။

    ပြည်တွင်းမှာထွက်ရှိတဲ့ ဆောင်းဖရဲသီးများကို ဒီဇင်ဘာလဆန်းပိုင်းမှစတင်ကာ တရုတ်ဘက်သို့ ကုန်ကားတစ်စီး၊ နှစ်စီး စတင်တင်ပို့နေရာ ဖရဲတစ်တန်လျှင် ယွမ်ငွေ ၂၅၀၀ ဝန်းကျင်သာ ဈေးရရှိနေသေးတယ်လို့ ဆိုပါတယ်။

    ထိုကဲ့သို့ တရုတ်ဘက်သို့ တင်ပို့ရာတွင် ကားတစ်စီးစာရရှိသည့် ဈေးနှုန်းမှာ စိုက်ခင်းအတွက် ကုန်ကျငွေ ၊ တင်ပို့မှုကုန်ကျစရိတ်များနှင့် နှိုင်းယှဉ်ပါက တောင်သူတွေအတွက် အဆင်မပြေသေးဘူးလို့ နယ်စပ်ကုန်သည်တစ်ဦးက ပြောပါတယ်။

    ထို့ကြောင့် လက်ရှိတွင် နယ်စပ်ဒေသများမှစိုက်ပျိုးသည့် ရှမ်းဖရဲသီးများသာ တရုတ်ဘက်သို့ တင်ပို့နေခြင်းဖြစ်ပြီး ပြည်မထဲမှာစိုက်ပျိုးထွက်ရှိတဲ့ ဖရဲသီးများကိုတင်ပို့နိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။

    လတ်တလော ဖရဲသီးတင်ပို့ရာတွင် တရုတ်နယ်စပ်ဂိတ် မိုင်းလား- တာလော့မှတစ်ဆင့် တင်ပို့နေခြင်းဖြစ်ပြီး ကားတစ်စီးစာ စိုက်ခင်းကုန်ကျငွေကျပ် သိန်း ၁၀၀ အပါအဝင် တင်ပို့မှုအထွေ ထွေစရိတ်များမှာ ငွေကျပ်စုစုပေါင်း သိန်း ၂၆၀ ခန့် ကုန်ကျနေကြောင်း သိရပါတယ်။

    တရုတ်ဘက်သို့ လက်ရှိ ဖရဲသီးတင်ပို့နေသည့် မိုင်းလား-တာလော့နယ်စပ်ဂိတ်မှာလမ်းခရီးကြာမြင့်ခြင်းကြောင့် အသီးအရည်အသွေးကျဆင်းနိုင်သဖြင့် တင်ပို့သည့်တောင်သူများအတွက် တွက်ခြေကိုက်သည့်ပေါက်ဈေးမဟုတ်၍ တင်ပို့နိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။

    ထို့အတူ ပြည်မအတွင်းရှိ ဖရဲစိုက်ပျိုးသူများအနေဖြင့် ကုန်ကျစရိတ်ပိုများနိုင်ပြီး ဆုံးရှုံးမှုလည်းပိုများနိုင်ခြင်းကြောင့် တရုတ်ဈေးကွက်ထက် ပြည်တွင်းဈေးကွက်ကိုသာ အားထားနေရ ကြောင်း ဖရဲစိုက်တောင်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

    အောင်အောင်

    Opinion Leaders မှ ကူးယူဖော်ပြပါသည်။

    ---------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download


  • article
likes
5
comments
0
views
2114