cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်ရှိ မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်း သုံးသပ်ချက်

. Market Analysis
ရန်ကုန်ဈေးကွက်ရှိ မတ်ပဲ၊ ပဲစဉ်းငုံဈေးနှုန်းများ ယခင်လအောက် အနည်းငယ်ကျသွားပါတယ်။
  • ရန်ကုန်ဈေးကွက်ရှိ မတ်ပဲ(အက်စ်ကျူ၊အာစီ)နဲ့ ပဲစဉ်းငုံနီ(အာစီ) တစ်တန်ဈေးနှုန်းများကို လေ့လာ သော် မတ်ပဲ(အက်စ်ကျူ၊ အာစီ)ဈေးနှုန်းမှာ ၃,၈၈၅,၀၀ဝိ/-ကျပ်၊ ပဲစဉ်းငုံနီ (အာစီ) ဈေးနှုန်းမှာ ၃,၇၇၅,၀၀ဝိ/-ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။ 

    ၂၀၂၄ ခုနှစ် လအလိုက်သုံးသပ်ခြင်း 

    ၂၀၂၄ ခုနှစ်၊ နှစ်စမှ လက်ရှိ အောက်တိုဘာလ ပထမပတ်အထိ မတ်ပဲ၊ ပဲစဉ်းငုံဈေးနှုန်းများကို လေ့လာသော် မတ်ပဲ(အက်စ်ကျူ၊ အာစီ) တစ်တန် ပျမ်းမျှဈေးနှုန်းများမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီတွင် ပျမ်းမျှ ဈေးနှုန်းမှာ ၃,၃၈၈,၆၈၈ိ/- ကျပ်၊ မတ်လတွင် ၃,၄၂၈,၅၈၀ိ/- ကျပ်၊ ဧပြီလတွင် ၃,၄၂၃,၄၀၀ိ/- ကျပ်၊ မေလ တွင် ၃,၄၉၁,၈၆၀ိ/- ကျပ်၊ ဇွန်လတွင် ၃,၇၂၂,၁၂၉ိ/- ကျပ်၊ ဇူလိုင်လတွင် ၃,၆၄၈,၄၇၀ိ/- ကျပ်၊ ဩဂုတ် လတွင် ၄,၀၀၃,၁၆၀ိ/- ကျပ်၊ စက်တင်ဘာလတွင် ၄,၃၆၆,၅၂၀ိ/- ကျပ်၊ အောက်တိုဘာလနဲ့ နိုဝင်ဘာလတွင် ၄,၂၈၂,၅ဝ၀ိ/- ကျပ်၊ ဒီဇင်ဘာလတွင် ၃,၄၈၃,၇၃၃/- ကျပ်ဖြင့် အသီးသီး ဈေးဖြစ်နေပါတယ်။ 

    ပဲစဉ်းငုံနီ(အာစီ)ဈေးနှုန်းလေ့လာသော် တစ်တန် ဈေးနှုန်းမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီတွင် ပျမ်းမျှ ဈေးနှုန်းမှာ ၃,၈၉၅,၆၆၃/- ကျပ်၊ မတ်လတွင် ၄,၁၀၄,၄၀၀/- ကျပ်၊ ဧပြီလတွင် ၄,၀၃၅,၂၂၅/- ကျပ်၊ မေလ တွင် ၄,၂၁၅,၅၇၀/- ကျပ်၊ ဇွန်လတွင် ၄,၅၄၄,၁၂၅/- ကျပ်၊ ဇူလိုင်လတွင် ၄,၄၂၉,၁၉၀/- ကျပ်၊ ဩဂုတ်လတွင် ၄,၆၄၁,၇၄၀/- ကျပ်၊ စက်တင်ဘာလတွင် ၄,၈၇၂,၁၆၀ိ/- ကျပ်၊ အောက်တိုဘာလနဲ့ နိုဝင်ဘာလများတွင် ၃,၆၃၅,၇ဝ၀ိ/- ကျပ်ဖြင့် အသီးသီး ဈေးဖြစ်နေပါတယ်။  

    ယခင်လ (နိုဝင်ဘာလ)နဲ့ ယခုလ (ဒီဇင်ဘာလ) နှိုင်းယှဉ်ချက် 

    ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနဲ့ နိုဝင်ဘာလ (ပထမပတ်အထိ)ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့် မယ်ဆိုရင် ယခုလ မတ်ပဲ (အက်စ်ကျူ၊ အာစီ) တစ်တန် ပျမ်းမျှဈေးနှုန်းများမှာ ယခင်လအောက် ၇၉၈,၇၆၇/-ကျပ်ကျ သွားတာကို တွေ့ရပါတယ်။ ထို့အတူ ပဲစဉ်းငုံနီ(အာစီ) တစ်တန် ပျမ်းမျှဈေးနှုန်းလည်း ယခင်လ အောက် ၉၃၉,၃၀၀/-ကျပ် ကျသွားပါတယ်။  

    သုံးသပ်ခန့်မှန်းချက် 

    ရန်ကုန်ဈေးကွက်ရှိ မတ်ပဲ၊ ပဲစဉ်းငုံဈေးနှုန်းများ ယခင်လအောက် အနည်းငယ်ကျသွားပါတယ်။ ခန့်မှန်းသုံးသပ်ရမယ်ဆိုရင် ပျမ်းမျှဈေးနှုန်း ဆက်လက်ကျဆင်းနိုင်လိမ့်မယ်လို့ သုံးသပ်ခန့်မှန်းပေးလိုက် ရပါတယ်ခင်ဗျာ။ 

    ဦးပြည့်ဖြိုးအောင် 

    ထွက်တိုး 

    -------- 

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။ 

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download 


  • article
  • article
likes
2
comments
0
views
1978