စပါး-ငါး အလှည့်ကျ စိုက်ပျိုး/မွေးမြူခြင်းအကြောင်း
စပါး-ငါး အလှည့်ကျ စိုက်ပျိုး/မွေးမြူခြင်းအကြောင်း (Alternate or sequential farming or paddy-fish rotation)
တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူကြတဲ့ တောင်သူဦးကြီးတို့အနေနဲ့ စပါး-ငါး စိုက်ပျိုးမွေးမြူးရေး ပတ်သက်လို့ အမျိုးအစား (၃) မျိုးရှိပါတယ်-
၁။ စပါး-ငါး တွဲဖက်စိုက်ပျိုး မွေးမြူခြင်း (Simultaneous or combined or synchronous farming)
၂။ စပါး-ငါး အလှည့်ကျ စိုက်ပျိုး မွေးမြူခြင်း (Alternate or sequential farming or paddy-fish rotation
၃။ စပါး-ငါး ပြောင်းထည့်ပြီး စိုက်ပျိုးမွေးမြူခြင်း (Relay farming)
ဖော်ပြပါ အမျိုးအစားတွေထဲက ယနေ့ သုံးလာကြတဲ့ စပါး-ငါး အလှည့်ကျ စိုက်ပျိုးမွေးမြူခြင်း စနစ်အကြောင်းနဲ့ ယင်းစနစ်ရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီစနစ်ဟာ အင်မတန်မှ ရိုးရှင်းပါတယ်။ ရေလွှမ်းလေ့ရှိတဲ့ စပါးခင်းတွေမှာ မွေးလို့ရသလို ကန်ဖော် ပြီး ငါးကန်တွေထဲမှာလည်း စပါးစိုက်လို့ရပါတယ်။ ဒီစနစ်မှာဆိုရင် စပါးခင်းတွေမှာ စပါးရိတ်ပြီးချိန် ပတ်ပတ် လည် ကန်သင်းတွေကို မြင့်ပေးလိုက်ပါမယ်။ တစ်ဆက်တည်းမှာဘဲ ရိတ်ပြီးကျန်ခဲ့တဲ့ ရိုးပြတ် တွေကို ဒီအတိုင်းထားပါမယ်။ ဘာလို့လည်းဆိုတော့ ဒီရိုးပြတ်တွေဟာ ဆွေးမြေ့ပြီး ငါးတွေရဲ့ အစာအတွက် အရေး ကြီးတဲ့ အပင်မျှောလေးတွေ၊ အကောင်မျှောလေးတွေ ဖွံ့ဖြိုးလာဖို့ အထောက်အကူပြုလို့ပါ။ ဆွေးမြေ့ ကန်ရေကို ရေဩဇာတက်စေပြီး ငါးအထွက်နှုန်းတိုးစေပါတယ်။ တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင် စပါး-ငါး အလှည့်ကျ စိုက်ပျိုး-မွေးမြူတဲ့စနစ်မှာ ကန်ဖော်ပြီး ကျန်ခဲ့တဲ့ အနည်အနစ်တွေဟာ စပါးစိုက်ပျိုးဖို့အတွက် မြေဩဇာကောင်းမွန်စေပါတယ်။
(က) ကောင်းကျိုးများ
စပါး-ငါးအလှည့်ကျ စိုက်ပျိုး-မွေးမြူတဲ့စနစ်မှာ အောက်ပါကောင်းကျိုးတွေရှိပါတယ်-
(၁) ရေအနက်ကန့်သတ်ချက်မရှိခြင်း၊ စပါးစိုက်ချိန် ရေတိမ်တိမ်ထားပြီး အဲဒီနောက် ငါးမွေးချိန် ရေနက်နက်ထား၍ ရခြင်း၊
(၂) ရေအပူချိန်နဲ့ ပျော်ဝင်အောက်ဆီဂျင်ပမာဏကို ထိန်းသိမ်းနိုင်ခြင်း၊
(၃) စပါးစိုက်ပျိုးကျန်ခဲ့တဲ့ ရိုးပြတ်ငုတ်တွေက ငါးတွေအတွက် အပင်မျှော၊ အကောင်မျှော လေးတွေ ပွားများစေခြင်း၊
(၄) ငါးမွေးချိန်နဲ့ စပါးစိုက်မယ့်ချိန် ကြားကာလအတွင်း ပိုးသတ်ဆေးကြွင်းကျန်တွေကို နည်းစေခြင်း၊
(၅) ဖျက်ပိုးကျရောက်မှုနည်းခြင်း
(၆) သီးသန့် သို့မဟုတ် ရောမွေးစနစ်ဆောင်ရွက်နိုင်ခြင်း၊
၂။ ဆိုးကျိုးများ
ငှက်ကျရောက်မှု များလာနိုင်တဲ့အတွက် ငါးအထွက်နှုန်းလျော့ကျနိုင်ပါတယ်။
Source: https://www.notesonzoology.com/india/fishery/integrated-fish-farming-principles-advantages-and-disadvantages/787


NewsFeed
Communities
Explore
Inbox
Me
Market Price